အစွမ်းထက်တဲ့ သင်္ဘောရွက်ရဲ့အသုံးဝင်ပုံ
သင်္ဘောပင်ကိုအပူပိုင်းဒေသမှာ အဓိကစိုက်ပျိုးကြပါတယ်။ သင်္ဘောသီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအသီးလည်းဖြစ်ပါတယ်။ သင်္ဘောသီးဟာ အစာချေစနစ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။ ဗိုက်တာမင် အီး ၊ စီ နှင့် ဘီတာကယ်လိုတင်း တို့လည်းပါဝင်ပါတယ်။ အစေ့များစွာပါဝင်ပြီး ၎င်းအစေ့ထဲတွင် ဖက်တီးအက်ဆစ်ဓာတ်များစွာပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင်္ဘောရွက်ရဲ့အသုံးဝင်ပုံကိုတင်ပြပေးချင်ပါတယ်။
သင်္ဘောရွက်မှာ ထူးခြားတဲ့ဒြပ်ပေါင်းတွေများစွာ ပါဝင်ပါတယ်။ သင်္ဘောရွက်ကို လက်ဖက်ခြောက်၊ ဆေးပြား နှင့် ဖျော်ရည်တို့အဖြစ်အသုံးပြုနိုင်ပြီး ဖျားနာခြင်းနှင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ သင်္ဘောရွက်ထဲတွင် ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကေ နှင့် ဘီတို့ပါဝင်ပြီး ကယ်လ်စီယမ်၊ မက္ကနီဆီယမ်၊ ဆိုဒီယမ် နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်များစွာလည်း ပါဝင်ပါသေးတယ်။
သင်္ဘောရွက်ရဲ့အသုံးပြုပုံနှင့် အကျိုးကျေးဇူး ( ၆ ) ခုကိုတင်ပြပေးချင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကို ကုသနိုင်ခြင်း
သင်္ဘောရွက်ဟာထင်ရှားတဲ့ သဘာဝဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပြီး acetogenin ဓာတ်ပေါင်း ပါဝင်တာကြောင့် သွေးလွန်တုတ်ကွေးရောဂါနှင့် ဆက်စပ်သောရောဂါများကို ကုသနိုင်ပါတယ်။
အသည်းကိုကျန်းမာစေခြင်း
သင်္ဘောရွက်ဟာ ကိုလက်ထရောကို နိမ့်ကျစေပြီး သွေးကိုသန့်စင်ပေးနိုင်ပါတယ်။ ကိုလက်ထရောနိမ့်ကျခြင်းကြောင့် ခန္ဓာကိုယ်တွင်း အဆီကိုလျော့နည်းစေပြီး အသည်းရောဂါဖြစ်မူကိုကာကွယ်ပေးနိုင်ပါတယ်။
အစာချေစနစ်ကိုကောင်းမွန်စေခြင်း
အမျှင်ဓာတ်များစွာပါဝင်တာကြောင့် အစာချေစနစ်ကိုကောင်းမွန်စေရန် ထောက်ပံ့ပေးနိုင်ပါတယ်။ Papain၊ protease နဲ့ amylase အင်ဇိုင်းတွေပါဝင်တာကြောင့် ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ကိုအလွယ်တကူ ချေဖျက်ပေးနိုင်ပါတယ်။ အစာအိမ်နာကျင် ရောင်ရမ်းမူကိုလည်း သက်သာစေနိုင်ပါတယ်။
သွေးတွင်းသကြားပါဝင်မူကိုလျော့နည်းစေခြင်း
ဆီးချိုဝေဒနာသည်များအတွက် သင်္ဘောရွက်ကိုပုံမှန်စားသုံးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
အရေပြားရောဂါများကိုကုသနိုင်ခြင်း
သင်္ဘောရွက်မှာ ဗိုက်တာမင် စီ နဲ့ အေ ကြွယ်ဝစွာပါဝင်တာကြောင့်အရေပြားကို ကျန်းမာစေပါတယ်။ Karpain ဓာတ်ပါဝင်တာကြောင့် အရေပြားမှာရှိတဲ့အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး ဝက်ခြံ၊ တင်းတိပ် ဖြစ်မူကိုကာကွယ်နိုင်ပါတယ်။
ကင်ဆာဖြစ်မူကို လျော့နည်းစေခြင်း
သင်္ဘောရွက်မှာပါဝင်တဲ့ acetogenin အင်ဇိုင်းဟာ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယပ်ကင်ဆာ နဲ့ သွေးကြောကင်ဆာတို့ကို ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။ သင်္ဘောရွက်ဟာ ရောင်ရမ်းခြင်းနှင့် ဓာတုဆေးကြောင့် ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် ကူညီပေးနိုင်ပါတယ်။
တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း သင့်တင့်မျှတစွာစားသုံးရန်လိုအပ်ပါတယ်။ Covid 19 ကာလမှာ အိမ်မှာနေရင်းကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်များကိုစားသုံးနေထိုင်ရန်တိုက်တွန်းလိုက်ရပါတယ်။
လင်းလင်းထွန်း
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
ကိုနိုင်
လွန်ခဲ့သော ၅ နှစ် ကသဘ်ောရွက်ကိုအရည်ညှစ်သောက်ရမှာလားဘယ်လိုလဲခင်ဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့
ဦးစိုး • ဖြေကြားချက် 1 ခု
profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့
myantthirikhet • ဖြေကြားချက် 1 ခု
ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ
Aung Myo Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from လင်းလင်းထွန်း
အားလုံး