ကြက်သွန်ဒေါင်းနီးမှိုရောဂါ(Downy Mildew of Onion) နှင့် ကာကွယ် နှိမ်နင်းနည်း
ရောဂါဖြစ်စေသော သက်ရှိ- Peronospora destructor
ရောဂါ ကျရောက်သည့် အချိန်- ဆောင်းရာသီ၊ မိုးရာသီ
ရောဂါ လက္ခဏာ
ဒေါင်းနီးမှို ရောဂါသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် ကြက်သွန်မျိုးရင်းဝင် အပင်များတွင် ကျရောက်နိုင်ပါသည်။ အရွက်ပေါ်တွင် ရွက်ပြောက်ဖြစ်ခြင်း၊ အရွက်တစ်ခုလုံး ခြောက်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။ အရွက်ထိပ်ဖျားမှ စတင်၍ အောက်ဖက်သို့ ဘဲဥပုံရှိ စိမ်းဝါဖျော့ရောင်(သို့မဟုတ်) မီးခိုးရောင် အကွက်ကြီးများ ဖြစ်လာသည်။ အရွက်ထိပ်ဖျားမှာ အရောင်ဖြူ၍ လိမ်ကောက် လာပြီး အောက်သို့ ငိုက်ကျလာသည် ၎င်းလက္ခဏာမှာ အရွက်ရင့်များတွင် စတင် ဖြစ်သည်။ အကွက်ရှည်များထဲတွင် မီးခိုးပြာ (သို့မဟုတ်) ခရမ်းမှိုင်းရောင် မှိုအစုအဝေးကို တွေ့နိုင်သည်။ နောက်ပိုင်းတွင် ၎င်းနေရာများဖြူ၍ ခြောက်သွားသည်။ သိုလှောင်ထားသော ကြက်သွန်များတွင် ရောဂါကျပါက ပုပ်၍ ရှုံ့တွလာသည်။ အပြင်ဘက် ရွက်ဖတ်များမှာ အရောင်ပြယ်ပြီး အရွယ်မရောက်မီ အညှောင့်ပေါက်လာနိုင်သည်။
ရောဂါ သံသရာ
ရောဂါ ဖြစ်စေသော မှိုသည် ရောဂါ ကျရောက်တတ်သော ပင်ကြွင်း ပင်ကျန်များတွင် ခိုအောင်းနိုင်ပါသည်။ ရာသီဥတု အခြေအနေပေးပါက လွန်စွာ ဖျက်ဆီးနိုင်သည်။ စိုထိုင်းဆ များသော ရာသီဥတုတွင် ရောဂါရ အစိတ်အပိုင်းများမှ မှိုစပိုး အစုအဝေးကို ထုတ်လုပ်ပြီး အခြား အပင်များသို့ လေအားဖြင့် ပျံ့နှံ့စေပါသည်။ ခြောက်သွေ့သော ရာသီဥတု အပူချိန်(၂၅ ဒီဂရီ စင်တီဂရိတ်) အထက်တွင် ရောဂါ ဖြစ်စေသော မှိုစပိုးများသည် ရှင်သန်နိုင်ခြင်း မရှိပါ။ နားနေ စပိုးများသည် မြေကြီးထဲတွင် (၄-၅) နှစ်အထိ အသက် ရှင်သန်နိုင်ပါသည်။
ကာကွယ် နှိမ်နင်းနည်း
- ရောဂါ ကင်းစင်သော မျိုးစေ့၊ ပျိုးပင်တို့ကိုသာ စိုက်ခင်းတွင် စိုက်ပျိုးပါ။
- ရေသွင်း ရေထုတ်ညံ့သော မြေတွင် စိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ပါ။
- ကြက်သွန်မျိုးရင်းဝင် မဟုတ်သော အခြား သီးနှံများနှင့်သာ အလှည့်ကျ စိုက်ပျိုးပါ။
- ပေါင်းမြက်ရှင်းလင်းခြင်းသည် လေဝင် လေထွက် ကောင်းမွန်စေပြီး ရောဂါ ကျရောက်မှုကို လျော့နည်းစေသဖြင့် စိုက်ခင်းတွင် ပေါင်းမြက် မရှိစေရန် ဆောင်ရွက်ပါ။
- ရေပန်း စနစ်(Sprinkler Irrigation) ဖြင့် ရေပေးသွင်းခြင်းသည် ကြက်သွန်ဒေါင်းနီးရောဂါ ကျရောက်မှုကို ပိုမို ဖြစ်ပေါ်စေတတ်သဖြင့် ရေပန်းစနစ်ဖြင့် ရေပေးသွင်းခြင်းကို ရှောင်ကြဉ်ပါ။
- ရောဂါ ကျရောက်ပါက မှိုသတ်ဆေးများဖြစ်သည့် ရီမိုမေး (လ်) (Ridomin) PHI (၇) ရက်၊ ဖော်တာဇက် (Fortazeb) PHI (၇) ရက် (၂၅၀ ဂရမ်/ဧက) နှုန်း၊ လာဘီလိုက် (Labilite) PHI (၁၄) ရက် (၁၂၅-၁၇၀ ဂရမ်/ဧက) နှုန်းနှင့် ကိုဆိုက်ဒ် (Kocide) PHI (၁၄) ရက် (၁ကီလို/ဧက) နှုန်း ကဲ့သို့သော ကော့ပါးပါသော ဆေးများဖြင့် (၁၀-၁၄) ရက်ခြား အလှည့်ကျ ပက်ဖြန်းပါ။
မှတ်ချက်။ PHI (Pre Harvest Interval)ဆိုသည်မှာ ပိုးသတ်ဆေးဖြန်း အသုံးပြုပြီးနောက် သီးနှံများ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလ။
ပိုးသတ်ဆေး တစ်မျိုးချင်း သီးနှံအမျိုးအစားပေါ် မူတည်၍ ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့် အချိန်ကာလသည် ကွာခြားမှု ရှိပါသည်။

ဓာတ်ပုံ-ကြက်သွန်ရွက်ခြောက် ရောဂါကြောင့် အရွက်ထိပ်ဖျားများဖြူ၍ အောက်သို့ ငိုက်ကျသွားပုံ
အစိမ်းရောင်လမ်း
မှတ်ချက်- စိုက်ပျိုး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန (www.doa.gov.mm)မှ စိုက်ပျိုးရေး နည်းပညာများ ပြန်လည် မျှဝေ ပေးခြင်း ဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်သွန်နီဒေါင်းနီးမှိုရောဂါ
အောင်နိုင်လင်း
လွန်ခဲ့သော ၃ နှစ် ကဘာဆေးဖျန်းရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026