အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးပဲတီစိမ်းရဲ့ ငမြှောင်တောင်ပြဿနာ (တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ)

မိုးပဲတီစိမ်းရဲ့ ငမြှောင်တောင်ပြဿနာ (တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ)

Thar Po
Thar Po • 30/05/2024

ဒီနှစ် နွေနှောင်းရာသီ (သို့မဟုတ်)မိုးဦးရာသီဟာ မြန်မာ့အပူဆုံးရာသီဥတု နှစ်တစ်နှစ်ဖြစ်ပါတယ်။

အညာဒေသတွေမှာ ၄၆/၄၇ ဒီဂရီ ဆဲစိယပ် အထိ ပူပြင်းခဲ့ပြီးတော့ မြေလတ်ဒေသမှာတောင် ၄၂ဒီဂရီတဲ့စိယပ် ရှိခဲ့ပါတယ်။

အပူချိန်မြင့်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့

  • စုပ်စားပိုးမွှားများ ပေါက်ပွားမှုများခြင်း
  • အပင်ဖြစ်ထွန်းမှု နှောင့်နေးခြင်း
  • ပန်းပွင့်နှုန်းနည်းပါးပြီး အသီးမတင်ခြင်း
  • သီးနှံအထွက်နှုန်းလျော့နည်းခြင်း
  • ပိုးသတ်ဆေးသုံးစွဲမှု မြင့်တက်လာခြင်းစတဲ့ ဆိုးကျိုးတွေ တသီတတန်းဝင်ရောက်လာပါတယ်။

အခုတပတ်မှာ တောင်သူပညာပေးဆွေးနွေးပွဲ ခရီးစဥ်အဖြစ် တပ်ကုန်းမြို့နယ်၊ မိုးပဲတီစိမ်းစိုက် ရွာတစ်ရွာကို ရောက်ရှိခဲ့ပါတယ်။

ဟောပြောပွဲမစတင်မီ အလာပ၊ သလာပပြောကြရင်းနဲ့  ပဲတီစိမ်းအပင်ငယ်လေးတွေကို ငမြှောင်တောင်တွေ ကိုက်ဖြတ်ကြကြောင်း၊ ဆေးတွေဖျန်းပေမယ့် ပိုးတွေမသေတဲ့အပြင် နေ့ခင်းမှာတောင် အပင်အရွက်တွေစားနေကြကြောင်း၊ ဆေးဖိုးတွေသာကုန်တယ် ပိုးမနိုင်လို့ ဘာဆေးတွေဖျန်းရမလဲ..ဆရာဆိုပြီး..အစချီမေးလာပါတယ်။

အဲဒီအချိန်မှာ..

နောက်နားက တောင်သူအမကြီးတယောက်(ဒွေးလေးအေး)ကဝင်ပြောပါတယ်.

"အမြှောက် ဆေးနဲ့ဆိုရင် သေပါတယ်အေ့..ငါတော့

အဲဒီဆေးဖျန်းသာပဲ"လို့ပြောတော့..

စာရေးသူ..ရုတ်တရက်..ကြောင်သွားပါတယ်။

ဒေသခံ ကုမ္ပဏီဝန်ထမ်းကို သူမ ဘာပြောတာလဲမေးကြည့်မှ တရားမဝင်ဖြန့်ဖြူးတဲ့ အောက်လိုင်းဆေး၊ မီသိုမိုင်းကို ဆိုလိုမှန်းသိရပါတယ်။

စာရေးသူ ရင်မောမိပါတယ်။

  • တောင်သူတွေ သိစရာ၊ မှတ်စရာ၊ သတိပြုဖွယ်ရာပိုးတွေအကြောင်း
  • ပိုးသတ်ဆေး နဲ့တကွ ဓာတုအဆိပ်တွေအကြောင်း
  • ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေမှုများ
  • သတိထား ကိုင်တွယ်အသုံးပြုရမည့် စိုက်ပျိုးရေးဆေး သုံးစွဲနည်းများ
  • I.P.M, G.A.P နဲ့တကွ သဘာဝ.နည်းများဖြင့် ပိုးမွှားရောဂါ ကာကွယ်နည်းများအကြောင်းများကို

တောင်သူတွေ တကယ်သိ/တကယ်တတ်/တကယ်လုပ်ဖို့ လိုလာပါပြီ။

ငါ့ဆေးရောင်းရပြီးရော၊ ငါ့စီးပွားဖြစ်ရင်ပြီးရော၊ တောင်သူတွေဘယ်လိုနေနေဆိုပြီး နောင်ခါလာ/နောင်ခါစျေး မလုပ်သင့်တော့ဘူး.ဆိုတာ သဘောပေါက်ပြီး၊ ထိထိရောက်ရောက် ပညာပေးနိုင်ကြဖို့ လိုလာပြီဆိုတာလည်း သဘောပေါက်ခဲ့ပါတယ်။

"ငမြှောင်တောင်"(Army worm)အကြောင်းဆက်ရရင်  ဆိတ်တို့ကောင်/စိတ်တိုကောင်ဆိုတဲ့ အခြားနာမည်နဲ့ မြန်မာတောင်သူတွေအကြား နပန်းလုံးလာတာ အနှစ် ၂၀ ကျော်ပြီ။ မာလာသီယွန်၊ အင်ဒရင်း၊ ဒီစစ်မှသည် အီမာမက်တင်၊ Group-28၊ Bt..စသဖြင့် ဆေး ai တွေစုံနေပေမဲ့ ခုချိန်ထိ ငမြောင်တောင်တွေ ပွဲကြမ်းနေဆဲ။

(ဦးနှောက်ရှိတဲ့ လူသားနဲ့၊ဦးနှောက်မရှိတဲ့ ဖျက်ပိုးတိူ့

စီးချင်းထိုးပွဲမှာ ဘယ်သူတွေနိုင်နေကြသလဲ? စဥ်းစားစရာ။)

ပိုးကောင်ရဲ့ဘဝအဆင့် ၆ဆင့် ရှိတယ်၊အဆင့် ၁၊၂ အရွယ်မှာ၊ေဆးထိမိအောင်ဖျန်းနိုင်မှသာ အဆင်ပြေပါမယ်။

၅ရက်ကြာတိုင်း အရေခွံလဲပြီးရင် အရေခွံက ဖယောင်းလွှာထူလာလို့ အကောင်ကြီးရင် ဆေးထိဖို့ခက်ပါတယ်။

အရင် ဆွေးနွေးပွဲမှာ ငမြှောင်တောင်က သိုင်း ၄ ကွက်တတ်တယ်လို့ပြောတယ်နော်။

ဆေးဖျန်းရင်အောက်ကို လှိမ့်ချတယ်(ဆေးရှောင်တတ်တယ်)

အရေခွံ ၁ကြိမ်လဲပြီးရင် အေရခွံ ၁ ဆထူလာလို့ ဆေးရည်ကို  အသားထဲမဝင်အောင်ကာကွယ်နိုင်ပါတယ်။

ဆေးဖျန်းပြီးသားအရွက်စားမိတဲ့ အကောင်ကြီးဟာ အစာအိမ်ထဲမှာ အယ်လ်ကာလီ အရည်ထုတ်နိုင်လို့ အငံဓာတ်က အဆိပ်ကိုပြေစေနိုင်တယ်။

ပိုးကောင်တွေဟာ သူ့ကိုယ်ပေါ်က ဆေးရည်စက်တွေကို အထဲမဝင်နိုင်အောင်အရေခွံကို တွန့်လိုက် ရှုံ့လိုက်လုပ်ပြီး ညှစ်ထုတ်နိုင်တယ်။

(ဒါတွေကြောင့် ပိုးကောင်ကို ဆေးရည်ထဲမှာစိမ်ရင် ရေကူးနေတာပါ)

ဗီဇသဘောအရ ပိုးသတ်ဆေးအဆိပ်ခံနိုင်ရည်ရှိတဲ့ မျိုးစိတ်အသစ်တွေ များလာတာလည်း ဖြစ်နိုင်ပါတယ်။

(ပိုးကျရင် ဆေးဖျန်းရုံ တမျိုးတည်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့မရပါဘူး)

ဘက်ပေါင်းစုံ ပိုးမွှားကာကွယ်နည်းစနစ်(IPM)တွေကို သိရှိနားလည် လိုက်နာဖို့ လိုအပ်လာပါပြီ။

(ငမြှောင်တောင်ရဲ့ ဘဝစက်ဝန်း(Life cycle)ကို တောင်သူတွေလက်တွေ့မြင်နိုင်အောင် ပရိုဂျက်တာနဲ့ ဗွီဒီယို ဖိုင်ပြပြီး ရှင်းပြရတာမျိုးတော့ကွင်းထဲမှာပြုလုပ်ပါတယ်။)

ပိုးသတ်ဆေးရွေးချယ်ဖျန်းခြင်း (Insecticide  application)

အီမာမက်တင်၊ ကလိုရမ်ထရာနိလီပရိုးစတဲ့ ငမြှောင်အတွက် ဆေးအုပ်စုတွေ စျေးကွက်ထဲမှာရှိပြီးသားပါ။ ဆေးဖျန်းတဲ့အခါမှာလည်း မှန် (၄) မှန်ကို လိုက်နာရပါမယ်။ အဲ့ဒါတွေက

  • ဆေးအုပ်စု မှန်ကန်ရမယ်
  • ဆေးနှုန်းထားမှန်ကန်ရမယ်
  • ဆေးဖျန်းချိန်မှန်ကန်ရမယ်
  • ဆေးဖျန်းနည်းစနစ် မှန်ကန်ရမယ်

(ပိုးအခြေအနေ အရမ်းဆိုးရင် ဓာတုဆေးအုပ်စု ၂ခု အကြား သဘာဝပိုးသတ်ဆေး(တမာ+ဆေးရွက်ကြီး) ၁ကြိမ် ကြားညှပ်ဖျန်းပေးပါ။)

ပိုးကောင်ကြီးရင် စိမ့်ဝင်စွဲကပ်ဆေးပါထည့်သုံးပါ။

ဒီလောက်ဆိုရင် ဒီဖျက်ပိုးကို  အတော်အတန် ထိန်းနိုင်ပါပြီ။ အလွယ်လမ်းလိုက်ပြီး မီသိုမိုင်းတွေ မညွှန်းကြပါနဲ့။ မဖျန်းကြပါနဲ့။

(လူနဲ့ တိရစ္ဆာန်အပါအဝင် ရေနေသတ္တဝါတွေပါ အဆိပ်ပြင်းထန်စေပါတယ်)

ရွှေဘိုဖက်မှာတော့ မီသိုမိုင်းဖျန်းလို့ ကိုးတန်းကျောင်းသူမလေးတယောက်  ပဲခင်းထဲ မူးလဲတာကြုံဖူးတယ်။

အောက်လိုင်းဆေးတွေမှာပါဝင်တဲ့ဆေးအေအိုင်တွေဟာ အမှန်လို့ယူဆဖို့လည်းခက်ပါတယ်။

တောင်သူဒေါ်ကြီးများ(ဒွေးလေးများ)ကို မှာချင်တာကတော့ 

 

စိုက်ပျိုးရေး ကမ္ဘာကြီး ရေရှည်ရပ်တည်နိုင်ဖို့ အန္တရာယ်ရှိတဲ့ ဆေးအုပ်စုတွေကို နိုင်ငံတော်မှ ပိတ်ပင်ထားပါတယ်။

ဒါကို တောင်သူဦးကြီးတွေအနေနဲ့ သိရှိကြသလို တောင်သူအမျိုးသမီးထုကြီးပါ သိရှိလိုက်နာဖို့လိုပါတယ်။ များသောအားဖြင့် ဆွေးနွေးပွဲတွေကို အမျိုးသမီးတွေ တက်ရောက်ကြတာ များလာပါတယ်။ ဆေးဆိုင်မှာ ဆေးဝယ်တာလည်း အမျိုးသမီးတွေပါ။ စိုက်ခင်းတွေ ဆေးဖျန်းတာလည်း အမျိုးသမီးတွေပါ။ ဒါကြောင့် ပုခက်လွှဲသော လက်ပိုင်ရှင်များကို အနာဂတ် အဆိပ်သင့်မခံနိုင်ပါဘူး။

အခုဆွေးနွေးပွဲမှာလည်း တောင်သူ ဒွေးလေးတွေများပါတယ်။ အမြှောက် နဲ့ ငမြှောင်တောင်ကို ပစ်ချင်တဲ့ ဒွေးလေး

အေးရေ .. ဒွေးလေးကို တွံတေးသိန်းတန် သီချင်းဆိုပြလိုက်မယ်။

တယောက်အမိုက်××အမြှောက်ကြိုက်ရာမှ××

အမြှောက်နဲ့××ပိုးကိုပစ်သော×××ဒီဇာတ်သဘောမှာကွယ်×××

ဒီမှာ..ဒွေးလေး..

သီးနှံနဲ့ ဖျက်ပိုး လွန်ဆွဲပွဲမှာ

ဘဝမမျှသူက..ဒွေးလေးတို့ တောင်သူတွေပါ..လို့။

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။