မြေပဲပင်တွင် ကျရောက်ဖျက်စီးသော ရွက်ထွင်းပိုး၊ ခြနှင့် ပျ
ရွက်ထွင်းပိုး (Leaf Miner)
သက်ရှိအမည်နှင့် ဖျက်ဆီးသည့် အဆင့် - Aproaerema modicella၊ အရွယ်မရောက်သေးသော ပိုးလောင်းများ
ရာသီဥတု အခြေအနေ - ပူနွေးပြီး ခြောက်သွေ့ချိန်သည် ပိုးများ ပိုမိုထကြွတတ်ပါသည်။
ဖျက်ဆီးမှု လက္ခဏာများ - ငယ်ရွယ်သော ပိုးလောင်းကောင်သည် အရွက်များအတွင်း ထွင်းဖောက်လှိုက်စားပြီး အညိုရောင်လမ်းကြောင်းများ ကျန်ခဲ့ပါသည်။ အရွယ်ရောက်ခါနီး ပိုးလောင်းများသည်အရွက်ငယ်များကို ပင့်ကူအိမ်ဆောက်သကဲ့သို့ လိပ်ပြီး ထွင်းဖောက်စားတတ်ပါသည်။ ထို့ကြောင့် အဝေးမှကြည့်ပါက အခင်းသည် မီးလောင်ထားသကဲ့သို့ မြင်တွေ့ရတတ်ပါသည်။ -
ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ
- အလင်းရောင်ထောင်ခြောက်ဖြင့် အကောင်ကြီးများကို ဖမ်းယူခြင်း၊ ရွက်ထွင်းပိုးများကို စားသောက်သည့် နကျယ်ကောင်များဖြစ်သည့် Trichogramma wasps များ ကွင်းထဲတွင် လွှတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။
- ဓာတုနည်းအားဖြင့် အပင်တစ်ပင်တွင် ရွက်ထွင်းပိုး ပိုးလောင်းကောင် (၅) ကောင်နှင့် အထက် တွေ့ပါက Quinalphos သို့မဟုတ် Chlorantraniliprole ကို သုံးနိုင်ပါသည်။

ခြ (Termites)
ရောဂါဖြစ်စေနိုင်သော သက်ရှိအမည် - Odontotermes spp.
ရာသီဥတု အခြေအနေ - သဲဆန်သောမြေတွင် နေထိုင်ပြီး ခြောက်သွေ့သော ရာသီဥတု သို့မဟုတ် မြေပဲရာသီ ပြီးခါနီးအချိန်
ဖျက်ဆီးမှု လက္ခဏာများ - အမြစ်နှင့် ပင်စည်ကို အခေါင်းပေါက်ဖြစ်သည့်အထိ ဖျက်ဆီးစားသောက်ပြီး အပင်ကိုညိုးစေပါသည်။ မြေပဲသီးတောင့်ကိုလည်း ထိုးဖောက်ပြီး အာဖလာတောက်ဆင်မှိုများကို ဖြစ်စေနိုင်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
- ပိုးကျရောက်ပြီးသော အပင်အကြွင်းအကျန်များကို ပြန်လည် အသုံးမပြုရန်နှင့် ရှင်းလင်းရန် လိုအပ်ပါသည်။ တမာကြိတ်ဖတ်များကို မြေကြီးတွင် ရောထည့်ပြီး ကာကွယ်နိုင်ပါသည်။
- Chlorpyrifos ကို မြေပြင်စဉ်တွင် မြေကြီးထဲသို့ ထည့်ပေးခြင်းအားဖြင့်သော်လည်းကောင်း မျိုးစေ့ဖြင့် လူးနယ်၍သော်လည်းကောင်း အသုံးပြု ကာကွယ်နိုင်ပါသည်။

မြေပဲ နှင်းဆီပွင့် ဗိုင်းရပ်စ်ရောဂါ(Groundnut Rosette Disease) သို့မဟုတ် ပျ (Aphids)
ရောဂါဖြစ်စေနိုင်သော သက်ရှိအမည်နှင့် အမျိုးအစား - Aphid (Aphis craccivora) ဟုခေါ်သော စုပ်စားအင်းဆက်ပိုးမျိုး ကြောင့် ဗိုင်းရပ်ရောဂါ ဝင်ခြင်းဖြစ်ပါသည်။
ရာသီဥတု အခြေအနေ - ခြောက်သွေ့ကာလပြီးနောက် စိုထိုင်းထိုင်းဖြစ်လာပါက ပျ တို့ ပိုမို ပွားများလာနိုင်ပါသည်။
ရောဂါ လက္ခဏာများ - ပျများသည် ပင်ရည်ကိုစုပ်စားပြီး အပင်တွင်ပင် နေထိုင်သောကြောင့် ပျကျရောက်မှုသည် ထင်သာမြင်သာရှိပြီး ဗိုင်းရပ်ရောဂါ ဝင်ရောက်လာပါက အပင်ကြီးထွားမှု ရပ်တန့်ခြင်း၊ အဝါရောင်ပြောင်းလာခြင်း (အဝါရောင် နှင်းဆီ ဗိုင်းရပ်စ်) သို့မဟုတ် အစိမ်းရောင်ခြုံပုတ်ကဲ့သို ပုံစံမျိုးဖြစ်လာခြင်း (အစိမ်းရောင် နှင်းဆီဗိုင်းရပစ်)၊ အရွက်များ ပုံစံပျက်ပြီး သေးငယ်သွားသည်။

ကြိုတင်ကာကွယ်ခြင်း
- ပျကျရောက်မှုများသော နေရာများတွင် သီးနှံတစ်ခုတည်းကို ဆက်တိုက် စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ရပါမည်။ အဝါရောင် စေးကပ် ထောင်ခြောက်ကို အသုံးပြုပြီး နှိမ်နင်းနိုင်ပါသည်။
- ဓာတုနည်းအားဖြင့် Imidacloprid သို့မဟုတ် Thiamethoxam ကို ပျများ တွေ့တွေ့ချင်းအချိန်တွင် အသုံးပြုနိင်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပဲပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
အကြောင်းအရာ 2
မြေပဲရွက်ထွင်းပိုး
အကြောင်းအရာ 3
မြေပဲပျပိုး
အကြောင်းအရာ 4
မြေပဲခြ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026