အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Pythium ရောဂါ အကြောင်းလေးပါ

Pythium ရောဂါ အကြောင်းလေးပါ

ayethandasoe
ayethandasoe • 11/01/2018

Pythium သည် အပင်များတွင် မှိုရောဂါဖြစ်စေသောသက်ရှိ (Pathogen) တစ်မျိုးဖြစ်ပါသည်။ နေ့အပူချိန် ၂၉o ဒီဂရီ ဆဲစီးယပ် နှင့် ညအပူချိန် ၂၀၀ ဒီဂရီ ဆဲစီးယပ် တို့အထက် မြင့်သောအခါနှင့် စိုထိုင်းဆ မြင့်မားသော အချိန်၊ ဇွန်လနှင့် စက်တင်ဘာလ များကြားတွင် မှိုရောဂါကိုတွေ့ရပါသည်။

Pythium ကြောင့်ဖြစ်သော မှိုရောဂါများ

၁။ အပင်ညှိုးသေရောဂါ (Damping –off seedlings)

၂။ အရွက်ခြောက်ရောဂါ (Pythium blight of foliage)

၃။ Pythium root rot, dysfunction တို့ ဖြစ်ပါသည်။

(က) အပင်ညိုးသေ ရောဂါ Damping – off seedlings

ရောဂါ ဖြစ်စေသော သက်ရှိမှာ Pythium spp ဖြစ်ပါသည်။

၁။ ရောဂါဖြစ်သောနေရာ တွေ့ရှိရမှု

မျိုးစေ့များ အညှောင့်ဖောက်ချိန်၊ အပင်ငယ်များပြောင်းရွေ့ စိုက်ပျိုးပြီးချိန်၊ စိုထိုင်းဆ များလွန်းသောအခါ၊ မြေနှင့်နီးသော ပင်စည်များ တို့တွင် မိုးများပြီး အပူချိန်မြင့်သော အချိန်တို့တွင် ရောဂါ ဖြစ်ပေါ်တတ်သည်။

၂။ ေရာဂါလကၡဏာ

မျိုးစေ့များ အညှောင့်မပေါက်ဘဲ ညိုပုပ်ပြီးပျက်စီးခြင်း။ အပင်ငယ်များပြောင်းရွေ့စိုက်ပျိုးပြီးချိန်မြေကြီးနှင့် ထိစပ်နေသောနေရာများတွင် ရေစိုနာကွက် များမှ အညိုရောင်ပြောင်းကာ ညှိုးကျသေဆုံးခြင်း။ အပင်များပုသွားခြင်း၊ ကြီးထွားမှုများ ရပ်တန့်သွားခြင်း၊ စသည်တို့သည် ရောဂါ၏ လက္ခဏာများ ဖြစ်ပါသည်။

၃။ ကာကွယ်နှိမ်နင်းခြင်း

ရောဂါကင်းသော မျိုးစေ့ကို စိုက်ပျိုးးပါ။ မစိုက်ပျိုးမှီ မျိုးစေ့လူးနယ်ဆေးကိုအသုံးပြုပါ။ ပြောင်းရွေ့စိုက်ပျိုးပြီးအပင်ငယ်ချိန် ယူရီးယားမြေသြဇာ အလွန်အကျွံကျွေးခြင်း မပြုလုပ်ရပါ။ ရေမဝပ်စေရန ်ဂရုပြုဆောင်ရွက်ပါ။ မှိုသတ်ဆေးသုံးစွဲပါက အစွမ်းရှိပစ္စည်း မက်တယ်လဆီး ပါဝင်သော ဓာတုဗေဒ ဆေးကို သုံးပါ။

(ခ) အရွက်ခြောက်ရောဂါ Pythium Blight

၁။ ရောဂါဖြစ်စေသော သက်ရှိ

Pythium aphanidermatum and other Pythium species such as P. myriotylumm P. graminicola, P. arrhenomanes, and P. ultimum

၂။ ရောဂါဖြစ်သောနေရာ တွေ့ရှိရမှု

အလှစိုက် မြက်ခင်းများတွင် အများဆုံးဖြစ်သည်။ (All turfgrasses creeping bentgrass / annual bluegrass / Kentucky bluegrass )

၃။ အရွက်တွင်တွေ့ရသော ရောဂါလက္ခဏာ

ရေစိုနာကွက်လေးများသို့ လက်နှင့် ကိုင်လိုက်လထိလိုက်တဲ့အခါ စိုနေခြင်း၊ အဖြူရောင်မှိုမျှင်များကို စိုထိုင်းဆ မြင့်မားသော အချိန်မှာ တွေ့ရခြင်း၊ ရေစီးမှုညံ့ဖျင်းသောနေရာများတွင် အကွက်လိုက် အပင်များသေခြင်း တို့ကို တွေ့မြင်နိုင်ပါသည်။

၄။ ရောဂါဖြစ်စေသောအကြောင်းအရာ

မြေသဲဆန်လွန်းခြင်း (high soil salinity )၊ မြေသြဇာ အလွန်အကျွံသုံးစွဲခြင်း (high fertility )၊ မိုးများလွန်းပြီး အပူချိန်မြင့်လွန်းခြင်း (low soil moisture )

၅။ Pythium Blight ကာကွယ်နှိမ်နင်းနည်း

မြေကြီးအစိုဓာတ်ကို များလွန်းခြင်း(သို့) နည်းလွန်းခြင်းမဖြစ်ရအောင်ထိန်းသိမ်းပါ။ မျိုးစေ့နှုန်းကိုလျော့ချပါ။ မြေသြဇာနှုန်း ညီမျှအောင်ကျွေးပါ။ အရွက်ရေစိုမှု နည်းအောင်လျော့ချပါ။ ရောဂါကျရောက်မှု ပြင်းထန်ပါက ထိသေမှိုသတ်ဆေး ( ai metalaxyl ) သုံးစွဲပါ။

(ဂ) အမြစ်နှင့်ပင်စည်ပုပ်ရောဂါ (Pythium root rot , stem rot )

၁။ ရောဂါဖြစ်စေသောသက်ရှိ

-Pythium species ကြောင့် ဖြစ်ပေါ်ပါသည်။

၂။ တွေ့ရှိရသောနေရာ

ရေစီးဆင်းမှုညံ့ဖျင်းပြီး စိုစွတ်သော အခြေအနေတွင် တစ်နှစ်ပတ်လုံးဖြစ်နိုင်သည်။ အပင်များ ၁၂ နာရီကျော်ကြာသည်အထိ ရေမြုပ်သည့်အခါ အမြစ်ပုပ်သေသည့် မှိုရောဂါဖြစ်တတ်သည်။

၃။ ေရာဂါလကၡဏာ

ပုံမမှန်သော အစက် သို့ အကွက် များ အညိုရောင်ကို တွေ့ရမည်။ အမြစ်များတွင်ဘေး ဆံခြည်မျှင် အမြစ်လေးများ သေဆုံးနေသည်ကိုတွေ့ရမည်။

၄။ ကာကွယ်နှိမ်နင်းခြင်း

နေရောင် အပြည့်အဝရရှိရန် နှင့် ရေစီးဆင်းမှုကောင်းမွန်အောင်ပြုလုပ်ပါ။ မြေကြီးရေမဝပ်စေရန် ပြုလုပ်ပါ။ ထိသေမှိုသတ်ဆေး ( ai metalaxyl ) သုံးစွဲပါ။

အေးသန္တာစိုး

(Ref; Pythium – Wikipedia, Pythium –Plant diseases-Penn state extension,Pythium disease-Backed by Bayer, Pythium spp.)

စိုင်း​

စိုင်း​

လွန်ခဲ့သော ၄ နှစ် က

ကာကွယ်နိမ်နင်းခြင်း

စိုင်း​

စိုင်း​

လွန်ခဲ့သော ၄ နှစ် က

အပင်ပုပ်ရောဂါ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။