အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ?

ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ?

ပင်စိမ်းဆိုတာ ကျန်းမာရေးအကျိုးများတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ ပင်စိမ်းဟာ ၎င်းရဲ့ မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ အရွက်တွေကြောင့် ချက်ပြုတ်ရာမှာ ဘက်စုံအသုံးပြုနိုင်ပြီး လူသိများတာ ဖြစ်ပါတယ်။ ထို့အပြင် စိုက်ပျိုးရေးမှာဆိုရင်လည်း သဘာဝ ပိုးနှင်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ 

ဥယျာဥ်စိုက်ခင်းတွေမှာ ဓာတုဆေးဝါးတွေအသုံးပြုပြီး အဖျက်ပိုးမွှားကာကွယ်ခြင်းဟာ ထိရောက်တာမှန်ပေမဲ့ ၎င်းတို့မှာ အနှုတ်လက္ခဏာဆောင်တဲ့ ဘေးထွက်ဆိုးကျိုးများစွာ ရှိတာဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေဟာ အဖျက်ပိုးမွှားတွေသာမက ပျားကဲ့သို့ အကျိုးပြု အင်းဆက်တွေကိုပါ သေစေနိုင်တာဖြစ်ပါတယ်။ ထို့အပြင် အိမ်မွေးတိရစ္ဆာန်များ၊ ကလေးများနဲ့ အစားအစာတွေရဲ့အနီးအနားမှာ ထားရှိ အသုံးပြုခဲ့ရင်လည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် တနိုင်တပိုင်စိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းလေးတွေမှာ သဘာဝပစ္စည်းတွေကို အသုံးပြုဖို့ ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ပင်စိမ်းကိုအသုံးပြုပြီး အင်းဆက်ပိုးမွှားတွေကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ကြီးထွားမှု မြန်ဆန်ခြင်း 

ပင်စိမ်းမျိုးစေ့ဟာ အပင်ပေါက်ရရှိဖို့အတွက် အပူချိန် ၂၃ မှ ၂၉ ဒီဂရီစင်တီဂရိတ်အတွင်း လိုအပ်ပြီး ပုံမှန်အားဖြင့် ၁၀ ရက်မှ ၁၄ ရက်အတွင်း အညှောက်ပေါက်နိုင်တာ ဖြစ်ပါတယ်။ သို့မဟုတ် ပျိုးပင်ကိုစိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာအပူချိန် အသင့်တင့်ရှိနေပါက အလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ ပျိုးပင်အဆင့်ကနေ စိုက်ပျိုးတဲ့အခါ ၂၈ ရက်မှ ၄၈ ရက်အတွင်း ခူးဆွတ်ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ အပင်မှာ အရွက် ၆ - ၈ ရွက်ရတဲ့အခါ အရွက်တွေကို စတင်ခူးဆွတ်နိုင်ပြီ ဖြစ်ပါတယ်။ ခူးဆွတ်ပြီးတဲ့နောက် အရွက်သစ်တွေ ထွက်လာစေဖို့အတွက် အပင်ပေါ်မှာ အရွက် ၂ - ၄ ရွက်သာထားရှိပြီး ပင်စည်ကို ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ 

အဖော်ပင်အနေနဲ့ တွဲဖက်စိုက်ပျိုးခြင်း

ပင်စိမ်းကဲ့သို့ အနံ့ပြင်းတဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေဟာ အဖျက်ပိုးမွှားတွေကို ဟန့်တားနိုင်တာကြောင့် သဘာဝပိုးသတ်ဆေး မပြုလုပ်နိုင်ရင်တောင် အဖော်ပင်အဖြစ် သီးနှံပင်တွေနဲ့ အတူတကွ တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် အကျိုးရှိစေမှာ အမှန်ပါပဲ။ ပင်စိမ်းနဲ့ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အဖော်ပင်တွေကတော့ ခရမ်းချဥ်၊ ငရုတ်၊ ကညွတ်၊ နံနံပင်၊ ထပ်တရာပန်း၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ စပျစ်၊ အာလူး စတဲ့အပင်တွေဖြစ်ကြပါတယ်။ အထူးသဖြင့် ပင်စိမ်းဟာ ခြင်၊ ယင်၊ ပုရွက်ဆိတ်၊ ယင်ဖြူ၊ လှေးကျိုင်း၊ ပျပိုးနဲ့ မွှားပင့်ကူ ကဲ့သို့ အင်းဆက်ပိုးမွှားတွေ သီးနှံပင်တွေဆီ မလာရောက်နိုင်အောင် ဟန့်တားနိုင်တာ ဖြစ်ပါတယ်။ ပင်စိမ်းကဲ့သို့ပင် ပူဒီနာ၊ စမုန်ဖြူ၊ စမုန်စပါး၊ တောရှုံးပင်၊ ကလျာဏီ စတဲ့ ဆေးဖက်ဝင် ဟင်းခတ်အပင်တွေကိုလည်း သီးနှံစိုက်ခင်းတွေထဲမှာ တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် အဖျက်ပိုးတွေကို ဟန့်တားနိုင်ရုံသာမက အကျိုးပြုအင်းဆက်တွေ လာရောက်အောင်လည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

ပင်စိမ်းဟာ ဥယျာဉ်စိုက်ခင်းထဲမှာရှိတဲ့ အဖျက်ပိုးမွှား အမျိုးအစားအားလုံးကို မကာကွယ်နိုင်ပေမဲ့လည်း ၎င်းမှာ အဖျက်ပိုးမွှားကင်းဝေးစေဖို့ အပင်ကနေ ထုတ်လုပ်ပေးတဲ့ citronellal၊ nerolidol၊ eucalyptol နဲ့ limonene ကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေပါဝင်နေတာကြောင့် အမှန်တကယ် ထိရောက်မှုရှိစေတာ ဖြစ်ပါတယ်။

ပိုးနှင်ဆေးပြုလုပ်နည်း

ပင်စိမ်းရွက် အနေတော် ပန်းကန်လုံး ၁ လုံးစာ လိုအပ်ပါတယ်။ ထို့နောက် ရေ ၁ လီတာကို ပွက်ပွက်ဆူအောင် တည်ပါ။ ပင်စိမ်းရွက်ထည့်ထားတဲ့ ပန်းကန်လုံးထဲသို့ ပွက်ပွက်ဆူနေတဲ့ ရေရည်ကို လောင်းချလိုက်ပါ။ ထို့နောက် အရွက်များကို မိနစ် ၃၀ မှ ၁ နာရီကြာတဲ့အထိ နှပ်ထားပါ။ နှပ်ထားတဲ့အရည် အေးသွားပါက အရွက်များကို စစ်ထုတ်ပြီး ဖျန်းဆေးအနေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ချက်ချင်းအသုံးမပြုသေးဘဲ ၅ နာရီထက်ပိုပြီး သိမ်းဆည်းထားမယ်ဆိုပါက အရွက်များကို ဖယ်ရှားပြီးမှ သိမ်းဆည်းသင့်ပါတယ်။ မိမိအသုံးပြုမဲ့ စိုက်ခင်းအကျယ်အဝန်းပေါ်မူတည်ပြီး ပင်စိမ်းရွက်နဲ့ ရေပမာဏ ထပ်တိုးအသုံးပြုရမှာ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
mg kaung mayt thu

mg kaung mayt thu

လွန်ခဲ့သော ၁ နှစ် က

ပန်ကန် အလုံး20တာ30 သို့မဟုတ် 25လီတာဆန့်အိုးထဲကိုနှပ်ထားပီးသုံး စွဲလို့ရပါတယ်ဗျ

kk

kk

လွန်ခဲ့သော ၁ နှစ် က

လှေးအတွက် ဘာအပင်တွေနဲ့ တားနိုင်သလဲဆရာ

ဦးစိုးထူးအောင်

ဦးစိုးထူးအောင်

လွန်ခဲ့သော ၁ နှစ် က

၂၀ လီတာဆေးပုံးမှာဘယ်လောက်ထဲ့ရမလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။