ပိုးနှိမ်ဆေးအဖြစ် အသုံးဝင်သော ငရုတ်သီး
ငရုပ်ပင်သည် အပူပိုင်းဇုံနှင့် သမပိုင်းဇုံတွင် အနှံ့အပြားပေါက်ပြီး မူရင်းဒေသမှာ တောင်အမေရိကဖြစ်သည်။ ငရုပ် သီးမှည့်တွင် ပိုးမွှားနှိမ်နင်းနိုင်သော အာနိသင်များပါရှိပြီး အထူးသဖြင့် အခွံနှင့် အစေ့တွင် အာနိသင် ပိုမိုမြင့်မား သည်။
ပိုးသတ်သည့် အစိတ်အပိုင်း - အသီး
အာနိသင် - စားသေ၊ ပိုးသေဆေး၊ ပိုးဟန့်တားဆေး၊ ထိသေ၊ အဆိပ်ငွေ့ဆေး၊ ဗိုင်းရပ်နှိမ်ဆေး။
နှိမ်နင်းနိုင်သည့် ပိုးမွှားအင်းဆက်များ - ပရွက်ဆိတ်၊ ပျ၊ ပဲသီးတောင့် ထွင်းပိုး၊ ဘလစ္စတာကျိုင်း၊ လောင်မီး ကျိုင်း၊ ခူကောင်များ၊ စိန်ကွက်ဖလံ၊ ပိုးနဂါး၊ ငမြှောင်တောင်၊ ရွက်ဖြတ်ပိုးများ၊ အကြေးပိုး၊ ယင်ဖြူ၊ ခရုပက်ကျိများ။
ကာကွယ်နိုင်သည့် အပင်ရောဂါများ - သခွားဗိုင်းရပ်(စ်)ရောဂါ၊ ဆေးရွက်ကြီးပင်ဗိုင်းရပ်(စ်)ရောဂါများ။
ငရုပ်ပိုးနှိမ်ဆေးသည် ဟင်းသီးဟင်းရွက်များတွင် ကျရောက်တတ်သော ပျပိုးများအတွက် အထူး အသုံးဝင် ကြောင်း တွေ့ရသည်။
ငရုပ်သီးဖျော်ရည်ပြုလုပ်ပုံ
ငရုပ်သီးမှည့် - ၃၀ ကျပ်သား
ရေ - ၈ ပုလင်း
ဆပ်ပြာ - ၂ ကျပ်သား
၁) ငရုပ်သီးမှည့် ၃၀ ကျပ်သားကို ပါးပါးလှီး၊ ရေ ၄ ပုလင်းဖြင့် ၁၅ - ၂၀ မိနစ်ကြာပြုတ်ပါ။
၂) ဆပ်ပြာ ၂ ကျပ်သားကို ပါးပါးလှီးထည့်ပါ။
၃) ပြုတ်ရည်ထဲသို့ ရေ ၄ ပုလင်းထည့်ပါ။
၄) အေအးခံၿပီး အရည္စစ္ပါ။
၅) အရည်ကို မိုးမရွာလျှင် တစ်ကြိမ်၊ မိုးရွာသောအချိန်တွင် တစ်ပတ် ၂ -၃ ကြိမ် ပက်ဖျန်းအသုံးပြုပါ။
ငရုပ်သီးနှင့် အရက်ဖျော်စပ်ပုံ
ငရုပ်သီး - ၃.၅ ကျပ်သား
ကြံအရက် - ၄ ပုလင်း
ရေ - ၅ ဂါလံ
ငရုပ်သီး ၃.၅ ကျပ်သားကို ကြံအရက် ၄ ပုလင်းနှင့်ရော၍ (၁၄) ရက်ကြာထားပါ။ အရည်စစ်ချပါ။ စစ်ရေ ၁၃ ဇွန်းကို ၅ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးစာအတွက် ရေနှင့် ဖျော်စပ်အသုံးချနိုင်သည်။ ခူကောင်၊ ဗောက်ဖတ်များကို ၃ ရက်ခန့်အကြာတွင်သေစေနိုင်သည်။
အထူးသတိပြုရန်
ငရုပ်သည် လူတို့၏အရေပြား၊ မျက်စိနှင့် အသက်ရှူလမ်းကြောင်း ထိခိုက်ယားယံစေသောကြောင့် ငရုပ်ဆေးဖော် စပ်ရာတွင် သတိပြုရန်လိုအပ်သည်။
အာနိသင်ပြင်းလွန်းပါက အပင်ကို အဆိပ်သင့်စေနိုင်သဖြင့် စိုက်ကွက်ငယ်တွင် ဦးစွာစမ်းသပ်ပြီးမှ သင့်လျော် သော ဆေးနှုန်းရယူရန်ဖြစ်သည်။
Source - ဘက်စုံသီးနှံကာကွယ်နှိမ်နင်းနည်း သင်တန်းမှတ်စု (FSWG)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
Yamin Theingi Phyo
လွန်ခဲ့သော ၁ နှစ် ကငရုတ်သီးပိုးသတ်ဆေးကိုဘယ်လိုအပင်တွေမှာဖျန်းလဲ
ဦးအောင်ငွေ
လွန်ခဲ့သော ၂ နှစ် ကဘော်ဒိုဆေရည်ဖော်စပ်နည်းသုံးစွဲနည်ညွန်ပြပေးပါအုံးဆရာ
thet ko
လွန်ခဲ့သော ၄ နှစ် ကငရုတ်သီး၃၀သားရေ၈ပုလင်းဆပ်ပြာ၂ကျပ်သားက ဆေးဖြန်းပုံး ၁ပုံးစာလားဖြေပေးပါဗျာ လုပ်ချင်လို့ပါ
တင်ထွန်းအောင်
လွန်ခဲ့သော ၅ နှစ် ကမင်္ဂလာပါ
Hlaing
လွန်ခဲ့သော ၅ နှစ် ကကန်စွန်းကြီးရရွက်ပင်ပိုးကျတာဘာဆေးဖျန်းရမလဲ
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့
ဦးစိုး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026