အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးစေ့ဆောင်ရောဂါဆိုသည်မှာ

မျိုးစေ့ဆောင်ရောဂါဆိုသည်မှာ

 စားသုံးသီးနှံ၏ ၉၀ ရာခိုင်နှုန်းခန့်ကို မျိုးစေ့မှ စိုက်ပျိုးကြပါသည်။ "မျိူးစေ့မမှန် အပင်မသန်" ဆိုသည့် စကားအတိုင်း အပင်တစ်ပင်ကြီးထွားဖွံဖြိုးဖို့အတွက် မျိုးစေ့သည် အလွန်အရေးကြီးပါသည်။ ထိုကြောင့်မျိုးစေ့ကို ရွေးချယ်စိုက်ပျိူးသောအခါ ရောဂါကင်းဖို့ လိုပါသည်။

မိခင်အပင်မှာ ရောဂါရှိနေလျှင် မျိုးစေ့တွင် ရောဂါပါလာနိုင်ပါတယ်။ မျိုးစေ့ဆောင်ရောဂါဖြစ်စေသော သက်ရှိများသည် မှုိ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် နီမတုတ် တို့ဖြစ်ပါသည်။ ၎င်းရောဂါများသည် မျိုးစေ့၏ အပြင်ဘက် မျိုးစေ့ခွံပေါ် သို့မဟုတ် မျိုးစေ့၏ အတွင်းဘက်တွင် ကပ်၍ တည်ရှိနေပြီး တစ်ခါတစ်ရံ မျိုးစေ့နှင့်တစ်သားတည်း ရှိနေတတ်ပါသည်။

မျိုးစေ့ဆောင်ရောဂါများသည် မည်သည့်အချိန်၌ ကျရောလေ့ရှိပါသနည်း။

အပင်သက်တမ်းတစ်လျှောက်လုံးမှာ ကျရောက်တတ်ပါသည်။ မျိုးညှောင့်မပေါက်ခြင်း နှင့် မျိုးညှောင့်ပေါက်ပြီး အပင်ဆက်လက်မကြီးထွားခြင်းတို့သည် မျိူးစေ့ဆောင်ရောဂါ၏ ထင်ရှားသောလက္ခဏာ ဖြစ်ပါသည်။ ပင်ညှုိး၊ မြစ်ပုတ်၊ ပင်စည်ပုတ်၊ သီးပုတ်၊ ရွက်ပြောက် နှင့် ရွက်ခြောက် အစရှိသော ရောဂါများသည် မျိူးစေ့ဆောင်ရောဂါ၏ ထင်ရှားသောလက္ခဏာများ ဖြစ်ပါသည်။

ဝယ်ယူ၍ စိုက်ပျိုးရသော မျိုးစေ့ထုပ်များတွင် မျိုးစေ့လူးနယ်ဆေးများကို အသုံးပြုထားသောကြောင့် မျိုးစေ့ဆောင်ရောဂါ မဖြစ်ပွားနိုင်သော်လည်း နောက်နှစ်အတွက် မျိုးချန်ထားပြီး စိုက်ပျိုးရန် ရည်ရွယ်ထားသော မျိူးစေ့များနှင့် တောင်သူအချင်းချင်းလက်ဆင့်ကမ်းသော မျိူးစေ့များမှာ မျိုးစေ့ဆောင်ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။

ကာကွယ်နိုင်နင်းနည်း

မျိုးစေ့ဆောင်ရောဂါကို ကာကွယ်နှိမ်နင်းရန် မျိုးအတွက် ရည်ရွယ်၍ စိုက်ပျိုးထားသော စိုက်ခင်းကို စနစ်တကျပြုစုရန် လိုအပ်ပါတယ်။ မျိုးစေ့၏ အပြင်ဘက် မျိုးစေ့ခွံအပေါ်နှင့် မျိုးစေ့၏ အတွင်းဘက်တွင် ကပ်၍ တည်ရှိနေသော မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နိုင်နင်းနိုင်သော်လည်း မျိုးစေ့နှင့် တစ်သားတည်းရှိနေသော မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နိုင်နင်းရန် ခက်ခဲပါသည်။

မျိုးစေ့၏ အပြင်ဘက် မျိုးစေ့ခွံပေါ်နှင့် မျိုးစေ့၏ အတွင်းဘက်တွင် ကပ်၍ တည်ရှိနေသော မျိုးစေ့ဆောင်ရောဂါများကို မျိုးစေ့ဆားရည်စိမ်နည်း၊ ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် (အစွန်းချွတ်ဆေး) ကို အသုံးပြု၍ ကာကွယ်နိုင်နင်းနိုင်ပြီး မျိုးစေ့လူးနယ်ဆေး(ဓာတုဆေး)များကို အသုံးပြု၍လည်း နှိမ်နင်းနိုင်ပါတယ်။ ထို့အပြင် အပူချိန်ကို အသုံးပြု၍လည်း နှိမ်နင်းနှိင်ပါသည်။ ထို့အပြင် ရောဂါကင်းသော မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ စိုက်ချိန်ထက်စော၍ သီးနံ စိုက်ပျိုးခြင်းကို ရှောင်ကြဥ်ခြင်း တို့ကိုလည်း လုပ်ဆောင်သင့်ပါသည်။

မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နိင်သော မျိုးစေ့ဆားရည်စိမ်နည်း အကြောင်းကို အစိမ်းရောင်လမ်းတွင် ဖတ်ရှုနိုင်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

https://www.google.com/search?client=ubuntu&channel=fs&q=seed+born+disease&ie=utf-8&oe=utf-8

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။