အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဂန္ဓမာ ကျောက်ရောဂါ

ဂန္ဓမာ ကျောက်ရောဂါ

Green Way
Green Way • Greenovator • 26/07/2018

ကျောက်ရောဂါလို့ဆိုရာမှာ ကျောက်အသေး၊ ကျောက်အကြီးဆိုပြီးရှိပါတယ်။ ပူအိုက်စိုစွတ်ချိန်မှာ အကျများတယ်။ ပန်းစစိုက်ပြီဆိုတာနဲ့ စိုက်ပျိုးသူက မိမိပန်းခင်းရဲ့ အခြေအနေကို အမြဲမပြတ်သတိထားပြီး စောင့်ကြည့်နေရပါမယ်။ မှိုဆေး၊ ပိုးသတ်ဆေးကို ပုံမှန်ဖျန်းပေးနေရပါမယ်။ အဲ့လိုနဲ့မှ ကျောက်ရောဂါစဝင်တာကို တွေ့ရချိန်မှာ ကျောက်ဆေးကို အမြန်ဆုံး ဖျန်းပေးရပါမယ်။ ရောဂါနုစဉ်ကတည်းက ဖျန်းလျှင်တော့ ဆေးအကုန်အကျသက်သာပြီး ပျောက်ကင်းနိုင်ပေ မယ့် ရောဂါရင့်သွားပီဆိုလျှင်တော့ ဆေးအကုန်အကျများသလို ရောဂါပျောက်ဖို့ထက် တခြားမကျသေးတဲ့ အပင်တွေကို မကူးစက်အောင်ထိန်းဖို့ လုပ်ဆောင်ရပါမယ်။ 

ဆေးဖျန်းတဲ့အခါ....

- ပန်းပင်ရဲ့ အရွက်ကို အထက်အောက်နှံ့စပ်အောင်ဖျန်းပေးပါ။

- ဆေးမဖျန်းခင် ပျမ်းမျှ ၁ နာရီဝန်းကျင်စောပြီး ရေကိုအဝလောင်းပါ။

- ဆေးကို နံနက်ပိုင်းသာဖျန်းပါ။ (ဒေသအလိုက် နံနက် ၉ - ၁၀ နာရီ)

- ပန်းပွင့်နေတဲ့အခင်းဆိုလျှင် ပန်းပွင့်ကိုမထိအောင် သတိထားဖျန်းပါ။

- ဆေးဖျန်းပြီးချိန်မှစပြီး ၂ ရက်ခန့် ရေဖြတ်ပါ။ ၂ ရက်မြောက်နေ့မှာ ရေအဝပြန်လောင်းပါ။

- ၂ - ၃ ရက်ခန့် ရောဂါအခြေအနေစောင့်ကြည့်ပြီး ကြားထဲတွင် ပုံမှန် မှိုသတ်ဆေး၊ ရောဂါသတ်ဆေးဖျန်းပါ။

ကျောက်ဆေးဖျန်းပြီးနောက် ကျောက်ရောဂါသည် အဖြူကနေ အဝါ၊ အဝါကနေ အမည်းစက်အဖြစ် တဖြည်းဖြည်း ပျောက်တတ်ပါတယ်။ ကျောက်သေးဆို အရွက်အပျက်အစီးမရှိ ပျောက်ကင်းတတ်ပေမယ့် ကျောက်ကြီးဆိုလျှင် ပန်းရွက်တွေမှာ အပေါက်တွေဖြစ်ပြီး ကျန်ခဲ့တတ်ပါတယ်။  

ကျောက်ရောဂါအခြေအနေမှာ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ  ဆေးဖျန်းပြီး ၃ ရက်လောက်ပြည့်တာနဲ့  ကျောက်ဆေးကို အရင်ဖျန်းတဲ့စနစ်အတိုင်း နောက်တစ်ခေါက်ဖျန်းပေးပါ။ ကျောက်ရောဂါကျနေချိန်တွင် အစာလုံးဝ မကျွေးရပါ။ ရောဂါပျောက်ကင်းမှ အစာကျွေးပါ။

သူရိန်မင်း (ဂန္ဓမာပန်းမျိုးရောင်းဝယ်ရေး၊ ပြင်ဦးလွင်)

ဦးခင်မောင်မြင့်

ဦးခင်မောင်မြင့်

လွန်ခဲ့သော ၃ နှစ် က

ဆေးAI ဆေးနာမည်ပြောပေးပါဆရာ

ဥယျာဉ်မူး

ဥယျာဉ်မူး

လွန်ခဲ့သော ၆ နှစ် က

ဆေးအမည်ပြောပေးပါ

kyawsanoi

kyawsanoi

လွန်ခဲ့သော ၆ နှစ် က

ေဆးကို ဘယ္မွာဝယ္ရမလဲခင္ဗ်ာ။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။