မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၂၅)
အလားအလာကောင်းသည့် အေအမ်မှိုမျိုးကွဲများသည် ပြောင်း၊ ကော်ဖီ၊ စပျစ်ပင်များ၏ အပင်ခြောက်အလေးချိန်၊ ဖော့စပရပ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယံ၊ မင်းဂနိစ် စုပ်ယူမှုကို တိုးစေခြင်း၊ ရေအသုံးချမှုမြင့်စေခြင်း၊ ခြောက်သွေ့ဒဏ် ခံနိုင်သော အရည်အချင်းကို တိုးစေခြင်း စသော ဂုဏ်သတ္တိများ ရှိနေသည်။
မြန်မာနိုင်ငံတွင် သဘာဝအလျောက်တွေ့ရှိရသောဒေသခံမိုက်ကိုရိုက်ဇာမှိုမျိုးများသည် သက်ဆိုင်ရာ လက်ခံပင်အတွက် ခြောက်သွေ့ဒဏ်ခံနိုင်အောင် အကျိုးပြုသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်သည်။

အသုံးပြုပြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ အကျိုးပြုစွမ်းအားပြဇယား

မြန်မာနိုင်ငံသုတေသနများတွင်အသုံးပြုပြီးသော ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်ဖ်မှို၏ အကျိုးပြု စွမ်းအားပြဇယား (မြ ၂၀၁၆)

*MIE = Mycorrhizal inoculation effect
*Mixture of Glomus spp = အေအမ်အက်ဖ်မှိုအရော (S. 49) + (S.139) +(S.510)
မြန်မာနိုင်ငံသုတေသနများတွင် အသုံးပြုပြီးသော ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှို၏ အကျိုးပြုစွမ်းအား တွေ့ရှိချက်အပေါ် သုံးသပ်ချက်
အသုံးပြုပြီးသော အေအမ်အက်ဖ်မှို ၅ မျိုး၏ လက်ခံပင်အပေါ် အကျိုးပြုစွမ်းအားပြဇယားအရ ၁၉၉၇–၂၀ဝ၅ ခုနှစ်အတွင်း အသုံးပြုခဲ့သော မိုက်ကိုရိုက်ဇာမှိုမျိုးများအနက်Glomus manihot (၁)နှင့်(၂) သည် အခြားသော မိုက်ကိုရိုက်ဇာမှိုမျိုးကွဲတို့ထက် ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်သည်၊ ခြောက်သွေ့ဒဏ် ခံနိုင်အောင် အကျိုးပြုသည်။ ယင်းကဲ့သို့ အကျိုးပြုစွမ်းအား ကောင်းမွန်သဖြင့် Glomus manihot ကိုစနစ်တကျ ထိန်းသိမ်းထားပြီး မိုက်ကိုရိုက်ဇာ မှိုမျိုးစများကို စနစ်တကျ ပွားများအသုံးပြုသင့်ပါသည် (မြ ၂၀၁၆)။
ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်မှိုသည် စပျစ်သီးနှံအတွက်လည်း ရာသီပြောင်းလဲမှုဒဏ်ကို ကျော်လွှားရန် လက်နက်တခုဖြစ်သည်။
(က) အေအမ်အက်ဖ်မှိုမျိုးစများထိုးသွင်းပါက စပျစ်အထွက်၊ မက်တာဘောလစ်အဆင့် ၊ ရေကိုအကျိုးရှိစွာ အသုံးချမှုများကို တိုးလာစေသည်။ အပင်အမြစ်နှင့်မှိုမျှင်များ ကြီးထွားသောရိုက်ဇိုစဖီးယားဇုန်၏ တည်ငြိမ်မှု၊ဂေဟစနစ် လည်ပတ်မှုများလည်း ကောင်းလာသည်။
အေအမ်အက်မှို ထိုးသွင်းပြီး ခြောက်သွေ့ဒဏ်ကာလ ၄ ပတ်အကြာ ပြောင်းရွှေ့စိုက်စပျစ်ပျိုးပင်များကို စိစစ်ရာတွင်..
- ၁။ ဒြပ်ထုအလေးချိန် တိုးလာသည်၊
- ၂။ ပရိုလိုင်းပြင်းအား မြင့်လာသည်၊
- ၃။ နေရောင်ဖြင့် အစာချက်နှုန်း မြင့်လာသည်၊
- ၄။ အီလက်ထရွန် သယ်ပို့မှုနှုန်း မြင့်လာသည်၊
- ၅။ ခြောက်သွေ့ဒဏ် ခံနိုင်သည်။
သဘာဝအေအမ်အက်မှိုသည် စပျစ်သီးနှံအတွက် ပရိုလိုင်းပြင်းအားမြင့်စေပြီး ရာသီပြောင်းလဲမှုဒဏ်ကို ကျော်လွှားခြင်း

စပျစ်သီးနှံအတွက် အေအမ်အက်မှို၏ အကျိုးပြုမှုအပေါ် သုံးသပ်ချက်
- လက်ခံပင်၏ တုန့်ပြန်မှုသည် မြေဆီလွှာကောင်းမွန်မှု (မြေအမျိုးအစားနှင့် ပီအိပ်ချ် ၆.၅ - ၈.၅) အ ဆင့်ဆင့်ပေါ်တွင် မူတည်သည်၊
- စပျစ်လက်ခံပင်နှင့် အေအမ်အက်မှိုအလိုက် ဒြပ်ထုအလေးချိန် တိုးလာခြင်း ကွဲပြားသည်၊
- မှို၏ထိရောက်သောအစွမ်းရှိမှုကြောင့် ပရိုလိုင်းပြင်းအားမြင့်လာခြင်း၊ အီလက်ထရွန်သယ်ပို့မှုနှုန်း မြင့်လာခြင်းတို့က အပင်၏ခြောက်သွေ့ဒဏ်ခံနိုင်မှုကို တိုးစေသည်။
- မြန်မာနိုင်ငံတွင် သဘာဝအလျောက်တွေ့ရှိရသော ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်မှိုမျိုးများသည် သက်ဆိုင်ရာ လက်ခံပင်တွင်ထိုးသွင်းပါက အပင်များက ခြောက်သွေ့ဒဏ်ခံနိုင်ကြောင်းကိုလည်း တွေ့ရှိရသည်။ ဇီဝမြေသြဇာ မှိုမျိုးစအဖြစ်အသုံးပြုရန် သင့်တော်သည်။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
၂။ Begum N, Qin C, Ahanger MA, Raza S, Khan MI, Ashraf M, Ahmed N and Zhang L (2019) Role of Arbuscular Mycorrhizal Fungi in Plant Growth Regulation: Implications in Abiotic Stress Tolerance. Front. Plant Sci. 10:1068. doi: 10.3389/fpls.2019.01068..
၃။ Torres, N., Antolín, M. C., and Goicoechea, N. (2018a). Arbuscular mycorrhizal symbiosis as a promising resource for improving berry quality in grapevines under changing environments. Front. Plant Sci. 9:897. doi: 10.3389/fpls.2018. 00897.
၄။ Valentine, A., Mortimer, P., Lintnaar, M., and Borge, R. (2006). Drought responses of arbuscular mycorrhizal grapevines. Symbiosis 41, 127–133. doi: 10.3390/ jof7090686.
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024