အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၂)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၂)

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို၏ ဂေဟစနစ်ဆိုင်ရာအခန်းကဏ္ဍများ အပိုင်း - ၂

အေအမ်မှိုမျိုးကွဲများစွာသည် အပေါ်မြေလွှာတွင် ပွားများကြောင်းသာမက အမြစ်မွှေးရှည်လျား မြေနက်ဆင်း (deep rooting) အပင်များ မှီခိုအကျိုးပြုသည့် အောက်မြေလွှာအေအမ်မှိုမျိုးများ၏ ဆောင်ရွက်ချက်များကိုလည်း ၂၁ ရာစုအတွင်း လေ့လာနေကြပြီ ဖြစ်သည်။

မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျစိုက်ပျိုးရေးတွင် ထည်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာမှိုမျိုးကွဲများ တိုးလာပါမည်။

ဒါကလည်း အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို၏ သဟဇီဝနပြောင်းလဲမှုဖြစ်စဉ်တခုဖြစ်ပြီး အာဘာစကူလာမိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို ပညာပေးလုပ်ငန်းတွင်အသုံးဝင်ပါသည်။ ယင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်လည်းနားလည်စေရန် ဖေါ်ပြလိုက်ပါသည်။

၂.၁ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို

၂.၂ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို

အောက်မြေလွှာဆိုသည်မှာ -

  • ထွန်ယက်စိုက်ပျိုးပြီးမြေလွှာအောက်တွင်ရှိသောမြေသည် အောက်မြေလွှာဖြစ်သည်။ စိုက်ပျိုးရန်ထွန်ယက်မြေသည် အနက် ၂၀-၃၀ စင်တီမီတာထိ ရှိသည်။
  • အောက်မြေလွှာသည် အာဟာရဓာတ် ၁၀ - ၈၀ % ထိ ဖြန့်ဝေပေးနိုင်သည်၊ အပေါ်မြေလွှာတွင် ခြောက်သွေ့ခြင်း၊ အာဟာရဓာတ်ကုန်ခမ်းခြင်းဖြစ်ပါက အောက်မြေလွှာက အာဟာရဓာတ်ကို ပို၍ ပံ့ပိုးပေးနိုင်သည်။
  • အောက်မြေလွှာသည် ဇီဝသက်ရှိမျိုးကွဲများကို လက်ခံထားသော မြေလွှာဖြစ်သည်၊  သို့ဖြစ်၍ ပတ်ဝန်းကျင်ပြောင်းလဲမှု မတည်ငြိမ်သောအနေအထားတွင် အောက်မြေလွှာ၏ ဂေဟစနစ် လုပ်ငန်းများတည် တည်ငြိမ်သည်၊ ဇီဝသက်ရှိမျိုးကွဲများက ဂေဟစနစ်၏ ထုတ်လုပ်စွမ်းအား ခိုင်မာမှုကို ထောက်ကူပေးခြင်းကြောင့် ဖြစ်သည်။ 
  • အပေါ်မြေလွှာမှ မြေအနက်တိုးလာသည်နှင့်အမျှ အဏုဇီဝသက်ရှိများ လျော့ကျလာမည်ဖြစ်သော်လည်း အေအမ်အက်ဖ်မှို ဘိုင်အိုမတ်စ်တွင်မူ ၅၀% ကို မြေဆီလွှာအနက် ၃၀ စင်တီမီတာအောက်တွင်တွေ့ရပြီး အေအမ်အက်ဖ်မှိုစွဲကပ်အမြစ်နှင့်အတူ မှိုမျှင်များသည် မြေအနက် ၈ မီတာအထိ ဆင်းနိုင်ပါသည်။ 

အောက်မြေလွှာ ၃၀ စင်တီမီတာအောက်ရှိ အေအမ်အက်ဖ်မှိုကွန်မြူနတီများကို စပိုး၏ရုပ်သွင်ပြင်လက္ခဏာ အခြေခံလေ့လာမှုနှင့် အချို့ပက်သိုတိုက်များ၏  sequencing studies အရ လေ့လာမှုတွင် အပေါ်မြေလွှာ အေအမ်အက်ဖ်မှိုနှင့် ကွဲပြားသည်၊ ထယ်ထိုးလွှာ၏ အောက်မြေလွှာတွင်ရှိသော အေအမ်အက်ဖ်မှို ကွန်မြူနတီများ၏ အမြစ်စွဲကပ်မှုသည် အောက်မြေလွှာ (၁၅ - ၄၅ စင်တီမီတာ)တိုင်အောင် ဆင်းသဖြင့်  စိုက်ပျိုးရေးဂေဟစနစ်တွင် အကျိုးရှိသော လမ်းကြောင်းကွဲ အစိတ်အပိုင်းတခုအဖြစ် အံဝင်ဂွင်ကျ ဖြစ်လာသည်။ စိုက်ပျိုးရေး အလေ့အကျင့် ကောင်းများဖြင် ၎င်းမှိုကို ထိရောက်စွာ ထိန်းထားနိုင်သည်။

အောက်မြေလွှာတွင် အဏုဇီဝသက်ရှိများ စုစည်းလာသဖြင့် အဏုဇီဝသက်ရှိမျိုးကွဲများသိုလှောင်ကန်လိုလည်း ဖြစ်နေနိုင်ပါသည်။ 

အောက်မြေလွှာက အဏုဇီဝသက်ရှိမျိုးကွဲများ သိုလှောင်ကန်အနေဖြင့် အဏုဇီဝသက်ရှိများကြွယ်ဝကြောင်း ခိုင်မာစေသော တွေ့ရှိချက်

မြက်ခင်းများနှင့်ပြောင်းခင်းများ၏အောက်မြေလွှာတွင် အေအမ်အက်ဖ်မှိုကြွယ်ဝမှု တွေ့ရှိချက်

မြက်ခင်းများနှင့် ပြောင်းခင်းများ၏ အောက်မြေလွှာ (၃၅ - ၅၀ စင်တီမီတာ) အနက်တွင် အေအမ်အက်ဖ်မှိုမျိုးစိတ် ကြွယ်ဝသည်။

ပြောင်းခင်းများတွင် ထယ်ထိုးလွှာအောက် (၃၀-၄၅ စင်တီမီတာ)တွင် အေအမ်အက်ဖ်မှို မျိုးစိတ်/မျိုးကွဲကြွယ်ဝမှု ကောင်းသည်။

ပုံ ၂.၃ မြက်ခင်းများနှင့် ပြောင်းခင်းများ၏ မြေအနက်အမျိုးမျိုးတွင် အေအမ်အက်ဖ်မှို မျိုးစိတ်ကြွယ်ဝမှု (Oehl  et al 2019)

ကိုးကား 

Oehl F. et al.Community structure of arbuscular mycorrhizal fungi at different soil depths in extensively and intensively managed agroecosystems. 09 December 2004

https://doi.org/10.1111/j.1469-8137.2004.01235.x                                                                                       Sosa-Hernández MA, Leifheit EF, Ingraffia R and Rillig MC Subsoil Arbuscular Mycorrhizal Fungi for Sustainability and Climate-Smart Agriculture: A Solution Right Under Our Feet? Front. Microbiol. 10:744 (2019). doi: 10.3389/fmicb.2019.00744

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

Arbuscular Mycorrhizal Fungi

Arbuscular Mycorrhizal Fungi

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။