အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

(၁) ပဲမျိုးစုံ သီးနှံများအတွက် အစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များမှ ရွက်ကြွေခြင်းများ ကာကွယ်ရန် ပန်းပွင့် ချိန်မှ နိုက်ထရိုဂျင်ဓာတ် (ပုလဲ) နှင့် ဘိုရွန် (လက်ချား) လိုအပ်ပါတယ်။
 
(၂) မြေတစ်ဧကအတွင်း အစေ့ (၁.၆) တင်း ထုတ်ပေးနိင်လျှင် တစ်ရက်လျှင် နိုက်ထရိုဂျင် ၁.၅ ပြည် ရှိရန် လိုအပ် သည်။
 
(၃) မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် များစွာ ရှိနေသော်လည်း မြေတစ်ဧကမှ ပဲပင်ဆီသို့ နိုက်ထရိုဂျင်ဓာတ် ၀.၆ ပြည် အမြင့်ဆုံး ပံ့ပိုးပေးနိုင်သည်။
 
(၄) ဘိုရွန်ဓာတ်(လက်ချား) သည် ပဲမျိုးစုံ သီးနှံပင်များအတွက် အရေးကြီးသော အနည်းလိုအာဟာရ ဖြစ်သည် ။ မြေဆီလွှာ အတွင်း ပါဝင်မှု နည်းနေတတ်သည်။
 
(၅) လက်ချား(ဘိုရွန်) ဓာတ်သည် မြေချဉ်တွင် စီးဆင်းလျှင် အလွယ်ကူဆုံးရှုံးတတ်ပြီး မြေငန်တွင် မြေကြီး၌ တွယ်ကပ်နေ၍ အပင်မှ ကောင်းစွာ မရရှိနိုင်ပါ။
 
(၆) ထို့ကြောင့် ပန်းပွင့်ချိန်မှစ၍ ပဲမျိုးစုံသီးနှံပင်များကို ပုလဲ နှင့် လက်ချား ရောစပ်ပက်ဖျန်းပေးရန် လိုအပ် ပါ သည်။ ကုန်ကျစာရိတ်နည်းပြီး အာဟာရဓာတ်ပါဝင်မှုသေချာခြင်း၊ ပန်းပွင့်ကာလ ရှည်ခြင်း၊ သီးတောင့်များ၏ အစေ့အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည် ရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
 
(၇) ပဲမျိုးစုံ သီးနှံများတွင် ပန်းပွင့်ချိန်မှ စ၍ သီးကင်းစတင်ဝင်ချိန်ထိ ပုလဲနှင့် လက်ချားကို ပန်းဖြိုင်ဖြိုင် ပွင့်ချိန် တွင် တစ်ကြိမ် ဖျန်ပက်ပေးခြင်းဖြင့် အထွက်နှုန်း ၂၀ မှ ၄၀ ရာခိုင်နှုန်းထိ တိုးလာနိုင်ပါသည်။
 
(၈) ဖျော်စပ်နည်းမှ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း ၄ ဇွန်း နှင့် လက်ချားမှုန့် ဟင်းစားဇွန်း(၁)  ဇွန်းကို ပျော်အောင်ဖျော်ပါ။
 
 
(မှတ်ချက်-ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ် အသုံးပြုပါ။ သို့မဟုတ် လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။)
(မှတ်ချက်-ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ် အသုံးပြုပါ။ သို့မဟုတ် လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။)
 
(၉) တစ်ဧကတွင် တစ်ကြိမ်လျှင် ဖျော်စပ်ပြီးသား အာဟာရရည် ဂါလံ ၂၀ ကို နံနက်စောစော၊ ညနေစောင်းနှင့်၊ နေအေးသော အချိန်တွင်ပက်ဖျန်းပါ။
 
(၁၀) တစ်ဧက အတွက် လက်ချားမှုန့် ၂၀ ကျပ်သားနှင့် ပုလဲ တစ်ပြည်လိုအပ်ပါသည်။
 
 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

htet myat ag

htet myat ag

လွန်ခဲ့သော ၉ လ က

အရည်ပျော်အောင်ဘလိုလုပ်ရလဲ

zay

zay

လွန်ခဲ့သော ၁ နှစ် က

ယူရီးယားကို စံပယ်ပန်းပွင့်နေချိန်မှာဖျန်းလိုယလာဗျပန်းပွင့်နေတယ်ကလ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

စပါးကိုဖြန်းလို့ရလား

ko myo

ko myo

လွန်ခဲ့သော ၄ နှစ် က

လက်ချားမှုန့်ကိုအပူပေးရသေးလား

ဦးဝင်းစိုး

ဦးဝင်းစိုး

လွန်ခဲ့သော ၄ နှစ် က

ပဲဒီစိမ်း အပင် ၁၅ ရက်သားမှစ အသုံးပြုလို့ရပါသလား

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။