အုန်းပင် မြေဩဇာကျွေးနည်း
မြန်မာနိုင်ငံတွင် အုန်းပင်အား မြေဩဇာကျွေးခြင်း ဆိုသည်မှာ အတော်လေးစိမ်း၍ ပြုမူဆောင်ရွက်မှု နည်းနေသော ကိစ္စ ဖြစ်ပါလိမ့်မည်။ မြန်မာ့ရေမြေ သဘာဝပေး အခြေအနေကိုက အုန်းပင်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ရန် အခြေအနေပေးနေတာလည်း ပါပါလိမ့်မည်။ တနည်းအားဖြင့် စီးပွားဖြစ် အုန်းစိုက်ခင်းကြီးများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ တပိုင်တနိုင် စိုက်ပျိုးကြသူအများစုသည်လည်း အုန်းပင်အား အုန်းတက်သမားတို့ဖြင့် အကိုင်းအခက် ရှင်းလင်း ပြင်ဆင်ခြင်းမျိုးသာ ပြုလုပ်လေ့ရှိပြီးမြေဩဇာကျွေးခြင်းအမှုကို များသောအားဖြင့် မပြုလုပ်ကြပေ။
အုန်းပင်သည် အခြားနှစ်ရှည် သစ်သီးပင်များ ကဲ့သို့မြေဩဇာ စနစ်တကျ ထည့်သွင်းပေးမှု လိုသော နှစ်ရှည်သီးပင် တစ်မျိုး ဖြစ်ပါသည်။ မြန်မာပြည်တွင် အုန်းပင်အား မြေဩဇာကျွေးမှုနှင့် မြန်မာ့ရေမြေ အနေအထား အတွက် သင့်တော်ထောက်ခံထားသော မြေဩဇာ နှုန်းထားများ မတွေ့ရသေးပေ။ ထို့ကြောင့် ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီး ဦးလှအောင် (ပါမောက္ခ (အငြိမ်းစား)၊ ဥယျာဉ်ခြံ သီးနှံ ပညာဌာန၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်) သီရိလင်္ကာနိုင်ငံသို့ အုန်းစိုက်ပျိုးရေးသွားရောက်လေ့လာခဲ့စဉ်က ရရှိခဲ့သော အုန်းပင်မြေဩဇာကျွေးနည်းနှင့် နှုန်းထားများကို စိတ်ဝင်စားသူများလေ့လာသိရှိနိုင်ရန် ရေးသား ဖော်ပြအပ်ပါသည်။
လိုအပ်သော မြေဩဇာများ
အုန်းပင်အား မြေဩဇာကျွေး၍ ယူရီးယား(Urea)၊ တီစူပါ (Triple Superphosphate)၊ ပိုတက်ရှ် (Potash) နှင့် ဆားခါး (Epson salt: Magnesium Sulphate) တို့ လိုအပ်ပါသည်။ ၎င်းတို့ (၄) မျိုးအစား ကွန်ပေါင်းမြေဩဇာများအသုံးပြုလျှင်လည်း ကောင်းမွန်ပါသည်။
ကျွေးရန် အချိန်နှင့် အကြိမ်
အုန်းပင်အား မြေဩဇာကျွေးရာတွင် နှုန်းထား နည်းနည်းဖြင့် အကြိမ် အရေအတွက် များများ ကျွေးခြင်းသည် အပင်မှ စုပ်ယူစားသုံးနိုင်မှု ပိုများပြီး မြေဩဇာကျွေးပြီးနောက် မိုးရွာမှုနှင့် တိုက်ဆိုင်လျှင် ပို၍ ကောင်းပါသည်။ သွင်းရေရရှိမည်ဆိုလျှင် တစ်နှစ်သုံးကြိမ်ခန့်ကျွေးသင့်ပါသည်။
- ပထမဆုံးအကြိမ်ကို မိုးဦးကျတွင် ကျွေးပါ။
- ဒုတိယအကြိမ်ကို မိုးနှောင်းတွင် ကျွေးပါ။
- တတိယ အကြိမ်ကို နွေရာသီလို ပူပြင်းခြောက်သွေ့သော ကာလများတွင် ကျွေးပြီးရေသွင်းပါ။
အပင်၏ သက်တမ်းအလိုက် မြေဩဇာနှုန်းထားများ
ယူရီးယား၊ တီစူပါနှင့် ပိုတက်တို့ကို ၁း၂း၃ အချိုးတိုင်း ရောစပ်ပါ။ အပင်၏ သက်တမ်းအလိုက် သုံးမျိုးရောစပ်ပြီးသား မြေဩဇာနှင့်ဆားခါး (အပင်ငယ်စဉ်တွင် ၁၀ဝ ဂရမ် သို့ ၆ ကျပ်သား/အပင်ကြီးတွင် ၂၀ဝ ဂရမ် သို့ ၁၂ကျပ်သား နှုန်းဖြင့်) တို့ကို ရောစပ်၍ တစ်ပင်အတွက် ဖော်ပြပါနှုန်းထား အတိုင်းကျွေးပါ။
အပင်သက်တမ်း (တစ်ပင်အတွက်နှုန်းထား)၂ နှစ်သား (၁.၅ ပေါင် သို့ ၄၃ ကျပ်သား)
- ၃ နှစ်သား (၂.ဝ ပေါင် သို့ ၅၆ ကျပ်သား)
- ၄ နှင့် ၅ နှစ်သား (၂.၅ ပေါင် သို့ ၇၁ ကျပ်သား)
- ၆-၇ နှစ်သားမှ ပန်းပွင့်ချိန်အထိ (၃.ဝပေါင် သို့ ၈၇ ကျပ်သား)
- အသီးသီးနေသောအပင် (ယူရီးယား ဝ.၃၇ ကီလိုဂရမ် (သို့) ၂၃ ကျပ်သား ၊တီစူပါ ဝ.၁၁ ကီလိုဂရမ် (သို့) ၇ကျပ်သား၊ ပိုတက် ဝ.၄၅ ကီလိုဂရမ် (သို့) ၂၈ ကျပ်သား)
မြေဩဇာကျွေးနည်းစနစ်များ
နည်းစနစ် (၁) အုန်းပင် ပတ်ပတ်လည်တွင် အချင်း၃ ပေခန့်ရှိသော စက်ဝိုင်းပုံ သဏ္ဍာန် အဝန်းအဝိုင်းအား နေရာ သတ်မှတ်ပါ။ ၎င်းသတ်မှတ်ပြီး အဝန်းအဝိုင်းအား၃ လက်မ အကျယ် နှင့် ၆ လက်မအနက်ရှိသော မြောင်းကလေးဖြစ်အောင် တူးပါ။ ထို့နောက် ၎င်းမြောင်းကလေးထဲသို့ ရောစပ်ပြီးသား မြေဩဇာများကို ညီညာစွာ ထည့်သွင်းပါ။ ပြီးလျှင် ထိုမြောင်း ကလေးအား မြေဆွေး/ နွားချေးဆွေးတို့ဖြင့် ပြန်၍ ဖုံးပါ။
နည်းစနစ်(၂) အုန်းပင်၏ အရိပ်အဝန်းအဝိုင်း(Canopy) အတွင်း သံတူရွင်းဖြင့် ၁ ပေ/၁ ပေခွဲခန့် ရှိသော အပေါက်ကလေးများအဖြစ် အုန်းပင်ပတ်လည် လိုက်လံ တူးပါ။ ထို့နောက် ၎င်းကျင်း ကလေးများအတွင်းသို့ ရောစပ်ပြီးသား မြေဩဇာများ ထည့်ပါ။ ပြီးလျှင် ၎င်းကျင်းကလေးများအား မြေဆွေး/နွားချေးဆွေးတို့ဖြင့် ပြန်၍ ဖြည့်ပါ။ ဤနည်းစနစ်သည် မြက်ခင်းများကြားတွင် အလှစိုက်ထားသော အုန်းမျိုးနွယ်ဝင် အပင်များအတွက် အသုံးပြုရန် သင့်တော်သော နည်းစနစ် ဖြစ်ပါသည်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(ဒို့ကျေးရွာဂျာနယ် (အတွဲ (၄)၊ အမှတ်(၁)၊ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်) တွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါးဖြစ်ပါတယ်။ သရုပ်ဖော်ပုံများရေးဆွဲပေးခဲ့သောသူငယ်ချင်း ဦးရာဇာဟိန်း (လ/ထ ကထိက၊ စိုက်ပျိုးစီးပွားပညာဌာန) အား ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါတယ်။)
မှီငြမ်း။ ။Fertilizer Application to Coconut Palm (3rd Year Practical Guide, Dept. ofHorticulture, YAU)
zaw min oo
လွန်ခဲ့သော ၂ နှစ် ကအပင်သက်တမ်း (တစ်ပင်အတွက်နှုန်းထား)၂ နှစ်သား (၁.၅ ပေါင် သို့ ၄၃ ကျပ်သား) - ၃ နှစ်သား (၂.ဝ ပေါင် သို့ ၅၆ ကျပ်သား) - ၄ နှင့် ၅ နှစ်သား (၂.၅ ပေါင် သို့ ၇၁ ကျပ်သား) - ၆-၇ နှစ်သားမှ ပန်းပွင့်ချိန်အထိ (၃.ဝပေါင် သို့ ၈၇ ကျပ်သား) - အသီးသီးနေသောအပင် (ယူရီးယား ဝ.၃၇ ကီလိုဂရမ် (သို့) ၂၃ ကျပ်သား ၊တီစူပါ ဝ.၁၁ ကီလိုဂရမ် (သို့) ၇ကျပ်သား၊ ပိုတက် ဝ.၄၅ ကီလိုဂရမ် (သို့) ၂၈ ကျပ်သား) source 08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသားသည်
zaw min oo
လွန်ခဲ့သော ၂ နှစ် ကယူရီးယား၊ တီစူပါနှင့် ပိုတက်တို့ကို ၁း၂း၃ အချိုးတိုင်း ရောစပ်ပါ။ အပင်၏ သက်တမ်းအလိုက် သုံးမျိုးရောစပ်ပြီးသား မြေဩဇာနှင့်ဆားခါး (အပင်ငယ်စဉ်တွင် ၁၀ဝ ဂရမ် သို့ ၆ ကျပ်သား/အပင်ကြီးတွင် ၂၀ဝ ဂရမ် သို့ ၁၂ကျပ်သား နှုန်းဖြင့်) တို့ကို ရောစပ်၍ တစ်ပင်အတွက် ဖော်ပြပါနှုန်းထား အတိုင်းကျွေးပါ။ source 08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသားသည်
phone gyi
လွန်ခဲ့သော ၃ နှစ် ကကျွန်တော် စိုက်ထားတာ ၃ လရှိပြီ တခါမှ မြေသြဇာမကျွေးရသေးဘူး ဘယ်လိုကျွေးသင့်ပါသလဲ အကြံပေးပါခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ
ကိုချမ်း • ဖြေကြားချက် 2 ခု
မိုးရွာနေတာ ၄ရက်မြောက်ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ
sithuaung • ဖြေကြားချက် 1 ခု
မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။
ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု
စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။
U Win Zaw • ဖြေကြားချက် 1 ခု
မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from HanPhyoAung
အားလုံး