ဒိုင်ဂျက်စတိတ်နွားချေးဇီဝမြေသြဇာအစွမ်းနှင့် ထုတ်လုပ်သုံးစွဲနည်း
သီးနှံအရည်အသွေးတိုးစေတဲ့ ဒိုင်ဂျက်စတိတ်နွားချေးဇီဝမြေသြဇာများ အသုံးချခြင်း
ဒိုင်ဂျက်စတိတ်ဆိုသည်မှာ - တိရစ္ဆာန်ချေးအမျိုးမျိုး (ဥပမာ- နွားချေး)၊ သီးနှံအလေအလွင့်များနှင့် စားကြွင်းစားကျန်များကို လေမဲ့အခြေအနေတွင် ဇီဝဓာတ်ငွေ့ထုတ်ပြီး ကျန်သောနွားချေးအလွှာ ဖြစ်သည်။ အာဟာရဓာတ်ပြည့်ဝသော အရည် သို့မဟုတ် အခဲ ပစ္စည်းဖြစ်သည်။

ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်းမှထွက်သော ဒိုင်ဂျက်စတိတ်အခြေခံ မြေဆွေးပြုလုပ်နည်း (မြမြ ၂ဝ၂ဝ)

ကောက်ရိုးဖြင့်မြေဆွေးပြုလုပ်ခြင်း

အသုံးပြုပုံ

အသုံးပြုပုံ
ဒိုင်ဂျက်စတိတ်သည် အာဟာရဓာတ်ပြည့်ဝသော အရည် သို့မဟုတ် အခဲပစ္စည်းဖြစ်သည်။ အာဟာရ ဓာတ်ပါဝင်မှုသည် ဒိုင်ဂျက်စတာထဲသို့ထည့်သော အော်ဂဲနစ်ပစ္စည်းများအပေါ် မူတည်သည်။ အင်အော်ဂဲနစ် ဓာတ်မြေသြဇာဝယ်ယူသုံးစွဲမှု လျှော့ချသုံးနိုင်ရန် အရည်ဒိုင်ဂျက်စတိတ်ကို စိုက်ခင်းတွင် ဇီဝမြေသြဇာ အဖြစ်သုံးသည်။ အခဲဒိုင်ဂျက်စတိတ်ကို အပင်အကြွင်းအကျန်များဆွေးမြည့်စေရန် သုံးသည်။ အပင်များ ကြီးထွားမှုအားပေးသည်။ မြေကျန်းမာစေသည်။ အခဲအခြောက်များကို မွေးမြူရေးတွင်သုံးသည်။
ဒိုင်ဂျက်စတိတ်အခြေခံဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့ အကျိုးပြုမှုနှင့် အသုံးချနိုင်မှုဆက်စပ်သုံးသပ်ချက်
၁။ ဘာကြောင့်ဒိုင်ဂျက်စတိတ်ကို မြေဆွေးပြုလုပ်သုံးရသလဲဆိုလျှင် ဒိုင်ဂျက်စတိတ်တွင် မြေဆွေးမြန်မြန် ရရန် အာဟာရဓာတ်နှင့် ရေအရင်းအမြစ်များပါဝင်သည်။ မြေဆွေးနှုန်းလည်း တိုးစေသည်။
၂။ ဒိုင်ဂျက်စတိတ်မြေဆွေး၏အရည်အသွေးများ

လေမဲ့ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာသည် ဟူးမစ်အက်ဆစ် ၄.၇% ပါသော နိုက်ထရိုဂျင်ကြွယ်ဝသည့် မြေဆွေး (ဇီဝဓာတ်ငွေ့ ဒိုင်ဂျက်စတိတ်ကောက်ရိုးမြေဆွေး) ဖြစ်သည်။ အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု လျှော့ချနိုင်သည်။ မြေဆီသြဇာတိုးတက်သည်၊၊ အပင်ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကို တိုးစေသည်။
ဒိုင်ဂျက်စတိတ်မြေဆွေးနှင့် ဒိုင်ဂျက်စတိတ် နှိုင်းယှဥ်လေ့လာရာတွင် ဒိုင်ဂျက်စတိတ်မြေဆွေးတွင်ပါသော ဖော့စပရပ် နှင့် ပိုတက်စီယမ်သည် အာဟာရတန်ဖိုးမြင့်လာသည်။ အကျိုးပြုသက်ရှိများ ပိုပါဝင်သည်။ အပင်ကြီးထွားစေသော ကွန်ပေါင်းများ၊ အပင်ရောဂါကိုကျဆင်းစေသော ကွန်ပေါင်းများပါဝင်သည်။ မူလဒိုင်ဂျက်စတိတ်တွင် ပါဝင်သော အာဟာရဓာတ်များ အရည်အသွေးများသည် မြေဆွေးတွင် ပိုမိုခိုင်မာကြာရှည်ခံသည်။ ပြင်းအားမြင့်သော မြေသြဇာ အရည်အခဲများ ထုတ်သည်။ ခရမ်းချဥ်နှင့် ပြောင်းသီးနှံတွင် သုံးကြသည်။ (Zang 2017)
ကိုးကား
မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံတည်ထောင်ခြင်း နည်းပညာ လက်စွဲ
Afriyie E. et al., Comparative study of composted and uncomposted digestates, chicken manure and cow dung as fertilizers and their effects on soil properties. G.J. E.D.T., Vol. 2(4):12-22 (July-August, 2013)
Mathotra M. et al., Biorefinery of anaerobic digestate in a circular bioeconomy: Opportunities, challenges and perspectives. Renewable and Sustainable Energy Reviews
Volume 166, September 2022, 112642
Tanigawa S. Fact Sheet | Biogas: Converting Waste to Energy October 3, 2017 https://www.eesi.org/papers/view/fact-sheet-biogasconverting-waste-to-energy
Zhang R. Digestate Alone and With Compost - Designing for Specific End Uses. California Bioresources Alliance 2017 Symposium November 2, 2017
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အေးအေးမိုး
လွန်ခဲ့သော ၃ နှစ် ကစာက ကောင်းလာ မကောင်းလား ပြောပြဖို့တောင် အင်္ဂလိပ်စာတွေများနေတော့ ဘယ်လို ပြောရမယ်မှန်း မသိဘူး
ဆက်စပ်မေးခွန်းများ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024