အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စပါးပင်တွင်နိုက်ထရိုဂျင် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

စပါးပင်တွင်နိုက်ထရိုဂျင် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

Green Way
Green Way • 23/07/2024

စပါးပင်တွင် နိုက်ထရိုဂျင်ချို့တဲ့မှုမှာ အာရှနိုင်ငံများတွင် အဖြစ်များဆုံးပြဿနာဖြစ်သည်။ အထူးသဖြင့် အထွက်တိုးစပါးမျိုးသစ်များကို အာဟာရဓာတ်များလုံလောက်စွာမထည့်သွင်းဘဲစိုက်ပျိုးခြင်းကြောင့်ဖြစ်သည်။

နိုက်ထရိုဂျင်ဓာတ်ကို အထူးလိုအပ်သော အပင်ကြီးထွားမှုအဆင့်ဖြစ်သည့် ပင်ပွားထွက်ချိန်နှင့် အနှံစတင်ဖြစ်ထွန်းချိန် တို့တွင်ဖြစ်လေ့ရှိသည်။

လက္ခဏာ

  • စပါးပင်များ မကြီးထွားတော့ပါ။ ပင်ပွား အရေအတွက်နည်းသည်။ အရွက်ဟောင်းများ (သို့) တပင်လုံးစိမ်းဝါရောင်ဖြစ်နေပြီး အရွက်ထိပ်ဖျားများတွင် အစိမ်းရောင်ပျက်ခြင်းများ ဖြစ်ပေါ်သည်။ အရွက်ငယ်များစိမ်းနေသော်လည်း၊ အရွက်ဟောင်းများ ကျဥ်း၊ တို၊ ထောင်မတ်၍ စိမ်းဝါရောင် ဖြစ်ပေါ်သည်။ စိုက်ကွက်တခုလုံး အဝါရောင်ပြောင်းသွားနိုင်သည်။
  •  နိုက်ထရိုဂျင် အလွန်ချို့တဲ့ပါက အရွက်ဟောင်းများ ကောက်ရိုးရောင်ပြောင်း၍ သေဆုံးသွားစေသည်။ 

ပြုပြင်ရန်နည်းလမ်း

  • နိုက်ထရိုဂျင် မြေသြဇာကို လုံလောက်အောင် ကျွေးပါ
  • နိုက်ထရိုဂျင်ကို တုံ့ပြန်မှုနည်းသော မျိုးများတွင် ပမာဏများများ မကျွေးရပါ။ စပ်မျိုးစပါးများသည် ဒေသမျိုးများထက် နိုက်ထရိုဂျင်ပိုမိုလိုအပ်သည်။
  • မျိုးအလိုက်သင့်တော်သော ပင်ခြား တန်းခြားထားပေးပါ။
  • အပင်ကြီးထွားမှု အဆင့်အလိုက် လိုအပ်ချိန်မှသာ N ကို သင့်တော်သည့် ပမာဏကျွေးပါ။
  • ရေသွင်းရေထုတ် စံနစ်တကျလုပ်ခြင်းဖြင့် ထည့်သွင်းထားသော နိုက်ထရိုဂျင်မြေသြဇာများ ရေနှင့် အတူပါသွားပြီး ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက်ပါ၊
  • ပေါင်းပင်များသည် စပါးပင်အတွက် N ကို လုယူစားသုံးသဖြင့် ပေါင်းနှိမ်နင်းခြင်းကို သေချာအောင်လုပ်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။