ငရုတ်ပင်၏ အာဟာရချို့တဲ့မှု လက္ခဏာများ
ဦးကြီးတို့စိုက်ထားတဲ့ ငရုတ်ပင်တွေမှာ ရောဂါကျတာလား၊ ပိုးကျတာလား၊ အာဟာရဓာတ် ချို့တဲ့တာလား ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ဒါမှလည်း ကုသရာမှာ အနာနဲ့ဆေး ကွက်တိကျတော့မှာပေါ့။ အဲ့ဒါကြောင့် ငရုတ်ပင်မှာ အာဟာရဓာတ်ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာ လေ့လာကြည့်ရအောင်လားဗျာ။
နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့မှု လက္ခဏာ

- နိုက်ဒရိုဂျင်ဓာတ်ချို့တဲ့နေလျှင် အောက်ဘက်ရှိအရွက်များ အဝါရောင်ပြောင်းလာမယ်။
- ပြင်းထန်လာလျှင်တော့ အပင်ကြီးထွားမှု ရပ်တန့်သွားပါမယ်။
ဖော့စဖရပ် ချို့တဲ့မှုလက္ခဏာ

- အရွက်တွေရဲ့ အဖျားပိုင်းမှာ အနီဖျော့ရောင်သန်းလာပါမယ်။
- ချို့တဲ့မှုပြင်းထန်လျှင် အမြစ်ကြီးထွားမှု အားနည်းလာမယ်။
ပိုတက်စီယမ် ချို့တဲ့မှုလက္ခဏာ

- အောက်ဘက်ရွက်တွေ အစိမ်းရင့်ရောင်ပြောင်းလာပြီး ရွက်ကြောတွေက မီးလောင်နာဖြစ်လာမယ်။
- ချို့တဲ့မှုပြင်းထန်လာလျှင် အသီးကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုထိခိုက်စေနိုင်ပါတယ်ဗျ။
ကယ်စီယမ်ချို့တဲ့မှုလက္ခဏာ

- အရွက်တွေအပေါ်ကို ကွေးလာပါမယ်။
- ကယ်ဆီယမ်ဓာတ်ချို့တဲ့မှု ပြင်းထန်လာလျှင် အဖူးထွက်နည်းပြီး ရွက်နုတွေကလည်း ပုံသဏ္ဍန်မမှန်တာတွေဖြစ်လာပါမယ်။
မဂ္ဂနီဆီယမ်ချို့တဲ့မှုလက္ခဏာ

- ရွက်ကြောတွေကြားမှာ အဝါရောင်ကွက်ကြားတွေ ဖြစ်လာပါမယ်ဗျ။
ဆာလ်ဖာချို့တဲ့မှုလက္ခဏာ

- အရွက်နုတွေက အဝါဖျော့ရောင်ပြောင်းလာမယ်။
ဘိုရွန်ချို့တဲ့မှုလက္ခဏာ

-အရွက်တွေ ပုံစံတူစွာပဲ အောက်ဘက်ကိုကွေးသွားပါမယ်။
သံဓာတ်ချို့တဲ့မှုလက္ခဏာ

- အရွက်များ အဖြူဖျော့ရောင်ပြောင်းလာပါမယ်။
- ပြင်းထန်လာလျှင် အသီးထွက်နှုန်းကို လျော့ကျစေပါတယ်။
ဒီလောက်ဆိုရင်တော့ ဉီးကြီးတို့လည်း ငရုတ်ပင်မှာ အာဟာရချို့တဲ့လျှင် ဖြစ်ပေါ်စေတဲ့ လက္ခဏာတွေကို သိရှိပြီး မှန်ကန်တဲ့ကုသမှုတွေ လုပ်ဆောင်နိုင်ကြပါစေဗျာ။
ထွန်းရာဇာ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငရုတ်ပင်အာဟာရချို့တဲ့ခြင်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
mg maung
လွန်ခဲ့သော ၄ နှစ် ကအခုပြောပြထားတဲ့ ချို့တ့ဲမှုလက္ခာအပေါ်မူတည်ပြီး ဘယ်ဟာချို့တ့ဲလျင် ဘယ်လိုကုသရမယ်ဆိုတာရယ် ဘာဖြစ်ရင် ဘာဆေးသုံးပေးရမလဲဆိုတာကို ဖော်ပြပေးစေချင်ပါတယ်addminရယ် (ဒါမှပဲ)ဒို့တောင်သူတွေ အဆင်ပြေမှာမို့ပါ❤️
ဦးသိုကျစိုးနီ
လွန်ခဲ့သော ၄ နှစ် ကသင်ဘောပင်အရွက်မှာလဲအတူတူဘဲလားခင်ဗျ ဖြေကြားပေးပါ
war
လွန်ခဲ့သော ၄ နှစ် ကသံဓာတ်ချို့တဲလျှင်ဘာထဲရသလံ
waiyan
လွန်ခဲ့သော ၅ နှစ် ကအာ့လိုဖစ်၇င်ဘာဆေးသုံးပေး၇မလည်း
Sai Ken
လွန်ခဲ့သော ၅ နှစ် ကအဲဒီဓါတ်တွေတစ်ခုချင်း ရနိုင်သည့်နည်းလည်းသင်ပေးပါဦးခင်ဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ထွန်းရာဇာ
အားလုံး