အပင်တွေအတွက် ဒုတိယအလိုအပ်ဆုံး အာဟာရ (၃) မျိုး
အပင်တွေရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ကြီးသုံးပါး C,H,O နဲ့ အရေးအကြီးဆုံးဖြည့်ဆည်းပေးဖို့လိုအပ်တဲ့ အာဟာရဓာတ် N,P,K သုံးမျိုးအကြောင်းကို ရှေ့အပိုင်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။
အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အပင်တွေရှင်သန်ဖို့ အခြေခံအကျဆုံး ဖောင်ဒေးရှင်းကြီး ၃ ပါး >>> https://bit.ly/3oc8g4I
အပင်များကြီးထွားသီးပွင့်ရေးအတွက် အဓိကအလိုအပ်ဆုံးအာဟာရ ၃ မျိုး >>> https://bit.ly/3A4O33o
ဒီနေ့မှာတော့ ဒုတိယအရေးကြီးဆုံးလိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာတွေ အကြောင်းကို ဆက်လက်ဖော်ပြလိုက်ပါတယ်။
ကယ်လ်ဆီယမ် (Ca)
ထုံးမှုန့်၊ ကျောက်မှုန့် (ဂျစ်ပဆန်)၊ ကြက်ဥခွံစတဲ့ မြေဩဇာတွေကနေ အများဆုံးရရှိတဲ့ဓာတ် ဖြစ်ပါ တယ်။
အမြစ်နဲ့ အရွက်တွေကြီးထွားဖို့ လှုံဆော်ပေးတာကြောင့် မြေပြင်ချိန်မှာကတည်းက အသုံးပြုကြတဲ့ မြေဩဇာတစ်မျိုးလည်း ဖြစ်ပါတယ်။ မြေဆီဩဇာကို တိုးတက် ကောင်းမွန်စေပြီး မြေဆီလွှာမှာ လေဝင်လေထွက် ကောင်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် ရေစုပ်ယူမှုကောင်းစေပြီး မြေဆီလွှာ တိုက်စားခံရတာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ကောင်းစေတာကြောင့် အပင်ကနေ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်မှာဖြစ်ပြီး အပင်ကြီးထွားမှု ညီညာဖို့ကိုလည်း အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကယ်လ်ဆီယမ်ဟာ ဆဲလ်နံရံရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒြပ်ပေါင်းတွေကိုဖွဲ့စည်းစေပြီး အပင်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို အားကောင်းစေပါတယ်။ အပင်ထဲမှာရှိတဲ့ အော်ဂဲနစ်အက်စစ်များကို ပျက်ပြယ်စေနိုင်တဲ့အင်ဇိုင်းတွေကို လှုပ်ရှားစေခြင်းဖြင့် အပင်ထဲမှာရှိတဲ့ နိုက်ထရိတ်ကိုလည်း လျှော့ချပေးပါတယ်။ အပင်ရဲ့ အမြစ်ကြီးထွားမှု၊ မိုလိီဒနမ်ဓာတ် ရရှိမှုနဲ့ အခြားအာဟာရဓာတ်တွေ ရရှိနိုင်အောင်လည်း ဆွဲဆောင်ပေးပါတယ်။ မြေကြီးထဲမှာ အလူမီနီယမ်နဲ့ မန်းဂနိစ် အဆိပ်သင့်မှုကို လျှော့ချပေးခြင်းဖြင့် အပင်အထွက်နှုန်းတိုးအောင် သွယ်ဝိုက်ပြီး အားပေးတဲ့ ဓာတ်တစ်မျိုးလည်းပဲ ဖြစ်ပါတယ်။
ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မယ်ဆိုရင်...
အမြစ်တွေကောင်းကောင်းမကြီးထွားတာက ကယ်လ်ဆီယမ်ချို့တဲ့ရင် အပြအများဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။ ပိုဆိုးလာမယ်ဆိုရင် အပင်ကြီးထွားမှုရပ်ပြီး သေသွားနိုင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့ ရင် မကြာခဏပြသတတ်တဲ့ လက္ခဏာတွေက အမြစ်ကပုပ်ပြီး အမဲရောင်ပြောင်းသွားတာပါ။ ( မြေကြီးထဲမှာရှိတဲ့ နီမတုတ်၊ ရောဂါကျတာ၊ ဆေးလောင်တာ၊ အလူမီနီယမ် အဆိပ်သင့်တာ စတဲ့ လက္ခဏာ တွေနဲ့ ဆင်တူပါတယ်) ဘာကြောင့်လဲဆိုတော့ ကယ်လ်ဆီယမ်က N(နိုက်ထရိုဂျင်), P(ဖော့စဖရပ်), K(ပိုတက်ဆီယမ်) လိုမျိုး အရွက်နုတွေ၊ အညွန့်တွေမှာ သူ့လက္ခဏာကို ပြသတာမဟုတ်လို့ပါ။
အပင်တစ်သျှူးသားအသစ်တွေမှာ ဆဲလ်နံရံတွေဖြစ်ပေါ်ဖို့အတွက် ကယ်လ်ဆီယမ်ကလိုအပ်ပါတယ်။ ဒီတော့ ကယ်ဆီယမ်ချို့တဲ့မယ်ဆိုရင် ယျေဘုယျအားဖြင့် ရွက်ထိပ်တွေမှာ ကျောက်ကျောလို ကြည်ကြည်မာမာကြီးလည်းဖြစ်နေတတ်ပါတယ်။ ပဲတွေမှာဆိုရင် အဆန်ချောင်တာမျိုးဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ် (Mg)
မဂ္ဂနီဆီယမ်ဓာတ်ဟာ ကလိုရိုဖီးလ်မော်လီကျူးရဲ့ အစိတ်အပိုင်းဓာတ်ဖြစ်တဲ့အပြင် ဖိုတိုဆင်းသဆစ် (အလင်းမှီ အစာဖွဲ့စည်းခြင်းဖြစ်တဲ့ဖြစ်စဉ်) မှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ရတဲ့ ဓာတ်ဖြစ်ပါတယ်။ ဖော့စဖိတ်ရဲ့ ဇီဝကမ္မဖြစ်စဉ်မှာလည်းပါဝင်ပြီး အပင်အသက်ရှူခြင်းနဲ့ များပြားလှတဲ့ အင်ဇိုင်းတွေ လှုပ်ရှားဖို့ ကူညီပေးရတဲ့ အခန်းမှာလည်း ပါဝင်ရပါသေးတယ်။
မဂ္ဂနီဆီယမ်ဓာတ်ဟာ မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ် ကို ပိုထုတ်လုပ်ပေးခြင်း၊ အပင်ရဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရတ် (မီးစုန်းဓာတ်) တွေ စုပ်ယူခြင်းကို ကူညီပေးခြင်း၊ အပွင့်အသီးကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ်။
မဂ္ဂနီဆီယမ် ချို့တဲ့မယ်ဆိုရင်...
ပထမဦးဆုံး အရွက်ရင့်တွေရဲ့ အောက်ဖက်မျက်နှာပြင်မှာ ရွက်ကြောတွေ စိမ်းကျန်ခဲ့ပြီး ဝါသလို၊ နီသလို ကြေးဝါရောင်လိုစတဲ့ အရောင်မျိုးဖြစ်လာတတ်ပါတယ်။ ဒိုလိုမိုက်ထုံးကျောက် ၆ ရာခိုင်နှုန်းလောက်ရှိတဲ့ မြေမျိုးမှာဆိုရင်တော့ မဂ္ဂနီဆီယမ် ချို့တဲ့တာရှားပါတယ်။ တစ်ခါတရံမှာ Ca(ကယ်လ်ဆီယမ်),K(ပိုတက်ဆီယမ်),Mg(မဂ္ဂနီဆီယမ်) မညီမျှခြင်းက မဂ္ဂနီဆီယမ်ချို့တဲ့တာကို ပိုဖြစ်လာစေပါတယ်။ မြေကြီးထဲမှာ K ဓာတ်ပိုသွားတဲ့အခါ Mg ဓာတ်ချို့တဲ့တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆာလဖာ (S)
ဆာလဖာက နိုက်ထရိုဂျင်လိုပဲ အမိုင်နိုအက်ဆစ်သုံးမျိုးဖြစ်တဲ့ methionine, cysteine, and cystine စတဲ့ ပရိုတင်းဓာတ်တွေဖြစ်ပေါ်ဖို့ လိုအပ်တဲ့ဓာတ် ဖြစ်ပါတယ်။ အပင်ကြီးထွားဖို့နဲ့ သီးနှံအရည်အသွေးကောင်းဖို့ အပင်အာဟာရပိုင်းဆိုင်ရာလိုအပ်မှုမှာ နိုက်ထရိုဂျင်နဲ့ ဆာလဖာတို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။
သဘာဝဆာလဖာကွန်ပေါင်းဓာတ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဂေါ်ဖီမျိုးနွယ်တွေမှာ ရှာဖွေတွေ့ရှိနိုင်ပြီး အဲ့ဒီဟင်းသီးဟင်းရွက်တွေရဲ့ အနံ့နဲ့ အရသာကို ပိုကောင်းအောင် ပံ့ပိုးပေးပါတယ်။
ဆာလဖာဓာတ်ချို့တဲ့မယ်ဆိုရင်...
ဆာလဖာက ပရိုတင်းဖြစ်ပေါ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဓာတ်ဖြစ်တဲ့အပြင် နိုက်ထရိုဂျင် ချို့တဲ့ရင် ပြသတဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူပါတယ်။ အပင်တွေက အစိမ်းဖျော့ရောင်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အရွက်နုတွေမှာ စပြပါတယ်။ နောက်ပိုင်းတော့ တစ်ပင်လုံး အစိမ်းဖျော့ရောင် ဖြစ်သွားတာမျိုးပါ။
နွေရာသီအစလိုမျိုးဆိုရင် သဲဆန်တဲ့မြေတွေမှာ ဆာလဖာဓာတ်ချို့တဲ့တာကို အများဆုံးတွေ့ရတတ် ပါတယ်။ နီညိုရောင်ရှိတဲ့ မြေနဲ့ ရွှံ့စေးမြေတွေကတော့ ဆာလဖိတ်အန်အိုင်ယွန်း (SO42-) ကို ထိန်းထားလေ့ရှိပါတယ်။ နိုက်ထရိတ်အန်အိုင်ယွန်းလိုမျိုး (NO3-) သဲဆန်တဲ့မြေတွေမှာ ဆာလဖိတ် အန်အိုင်ယွန်း စိမ့်ထွက်ပါတယ်။ ဆာလဖာဓာတ်ဟာ နိုက်ထရိုဂျင်ဓာတ်လိုပဲ သဘာဝမြေဆွေးတွေက နေ ရရှိနိုင်ပါတယ်။
ဆာလဖာချို့တဲ့တာက အေးတဲ့ရာသီတွေမှာ စိုက်ကြတဲ့ အမြစ်တိမ်တဲ့ သီးနှံတွေ ဖြစ်တဲ့ ပြောင်းနဲ့ ပဲတွေမှာ ဖြစ်တတ်ပါတယ်။ မိုးရေနဲ့ လေထု ညစ်ညမ်းတာတွေကနေတဆင့်တော့ တစ်နှစ် မှာ တစ်ဧကကို ခန့်မှန်းချေ သဘာဝကယ်လဆီယမ်ရင်းမြစ် ၅ ပေါင်ကနေ ၁၀ ပေါင်အထိ ရရှိနိုင်ပါတယ်။
နောက်အပိုင်းမှာတော့ အနည်းလိုအာဟာရတွေအကြောင်း ဆက်ပြောပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အပင်အာဟာရဓာတ်များ
မျိုးကြီး
လွန်ခဲ့သော ၃ နှစ် ကဆလဖာချိိို့တဲ့တာဖတ်ပြီးခါနီ ကယ်လဆီယမ်ရင်းမြစ် ၅ ပေါင်ကနေ ၁၀ပေါင်အထိရရှိနိုင်တာကို နာမလည်လို့
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် ကပုံနဲ့ရှင်းပြပေးလို့ အားရကျေနပ်မိပါတယ်၊ကျေးဇူးပါ
စည်သူ
လွန်ခဲ့သော ၃ နှစ် ကမြေဆီ အဖြူနဲ့ထုံးရောကျဲရင်ဘာဖြစ်တက်လဲဗျရောလိုရလား
ဆက်စပ်မေးခွန်းများ
ပန်းပွင့်တေဒီလိုဖစ်သွားပါဗျာ
ကိုချမ်း • ဖြေကြားချက် 2 ခု
မိုးရွာနေတာ ၄ရက်မြောက်ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိချင်တာက ဘယ်ဆေးအတွဲတေကို ဘယ်နှစ်ရက်ခြားလိုက်ရမလဲ ပီးတော့ တွဲလိုက်လို့ရမည့်ဆေးတေကိုတွဲပေးပါ မိုးကရပ်ဖို့မမြင်သေးလို့ပါဆေးတွေက ကော့ပါးကာဆူမင်အတွဲ ဖိုစ့်တိုင်းအလူမီနီယမ် မက်တယ်လဇီး ပါရာကိုစတိုဗင် အဲ့တာတေရှိပါတယ်ဘယ်ကနေစဖျန်းရမယ်ကိုမသိတော့လို့ပါ
sithuaung • ဖြေကြားချက် 1 ခု
မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။
ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု
စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။
U Win Zaw • ဖြေကြားချက် 1 ခု
မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဆုမြတ်နိုး
အားလုံး