အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီးနှံတွေ များများနဲ့ ပုံမှန်ရိတ်သိမ်းချင်တယ်ဆို ဘယ်လိုလုပ်မလဲ

သီးနှံတွေ များများနဲ့ ပုံမှန်ရိတ်သိမ်းချင်တယ်ဆို ဘယ်လိုလုပ်မလဲ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 04/10/2019

ကိုယ့်ခြံထဲက ဉယျာဉ်ခြံသီးနှံအပင်တွကို အများကြီးနဲ့ရော အမြဲတမ်းရော ရိတ်သိမ်းချင်တဲ့အခါ ဘာလုပ်ရမလဲ။ အောက်က (၇)ချက်ကို လိုက်လုပ်ကြည့်လိုက်ပါ

(၁) စိုက်ရာသီကို ဆွဲဆန့်ပါ။

မကြာမကြာ ရိတ်သိမ်းချင်တယ်ဆိုရင်တော့ စိုက်ရာသီကို ဆွဲဆန့်ထားပေးဖို့ လိုပါတယ်။ သူ့ရာသီချိန်က ဒီကနေ ဒီအထိပဲလေ။ ဆိုတော့ စိုက်လို့မရတော့တာ မဟုတ်ပါဘူးနော်။ အဲ့တော့ များများရိတ်သိမ်းချင်တယ်ဆိုရင် ဖန်လုံအိမ်သုံးပြီးတော့ စိုက်တာမျိုးတွေလုပ်ပေးနိုင်ပါတယ်။ ခုဆိုရင် အအေးပိုင်းမှာ စိုက်ရတဲ့ ဆလပ်ကို ဖန်လုံအိမ်နဲ့စိုက်ပြီးတော့ တစ်နှစ်ပတ်လုံး စားလို့ရအောင်လုပ်ပေးနိုင်နေပါပြီ။

(၂) မြေဆွေးလုပ်ပါ မြေဆွေးလုပ်ပါ။

ခြံကထွက် လယ်ကထွက် အိမ်ကထွက် တဲ့ပစ္စည်းတွေကိုသုံးပြီးတော့ မြေဆွေးလေးတွေ လုပ်ထားပါ။ အဲ့လိုလုပ်ထားပြီး လယ်ထဲ အကွက်ထဲကို ထည့်ပေးရင် မြေဆီသြဇာတွေ ပြန်လည်ထက်သန်လာပြီးတော့ အများကြီး ရိတ်ရမှာနော်။

(၃) ဆက်တိုက်ရိတ်ရအောင် စိုက်ပါ။

မိုးသီးနှံပြီး ဆောင်းသီးနှံ ပြီး နွေသီးနှံ အဲ့လိုကို ဆက်တိုက်စိုက်တာမျိုး၊ ကြားညှပ်စိုက်တာမျိုးလေးတွေ လုပ်ပေးလိုက်ရင် ဆက်တိုက်ကို ထွက်နေမှာပါနော်။

(၄) ဒေါင်လိုက်စိုက်ပါ။

ဆိုလိုတာကတော့ များများဆန့်အောင်လို့ အပေါ်အတိုင်းတက်အောင် ဒေါင်လိုက်စိုက်ပါ။ ဥပမာဆို ပဲပင်လို နွယ်ပင်တွေပေါ့။ အဲ့လိုဆို သီးနှံတွေလည်း များများရိတ်သိမ်းရမှာနော်။

(၅) အထွက်ကောင်းမျိုးတွေစိုက်ပါ။

စိုက်ရတာချင်း လုပ်ပေးရတာခြင်းတူတူကို အထွက်ပိုများတဲ့ အထွက်ကောင်းမျိုးတွေကို စိုက်ရင်ရော ပိုမရဘူးလား ဆိုတာ တွေးစရာတစ်ချက်ပါပဲ။

(၆) ကိုင်းမှန်မှန်ဖြတ်ပေးပါ။

အပင်ကြီးတွေဆို သီးကိုင်းတွေများဖို့၊ သီးကိုင်းတွေ အဓိက အားရှိဖို့ အတွက် ကိုင်းဖြတ်တာလေးတွေ မှန်မှန်လုပ်ပေးရပါမယ်။ အဲ့လိုလုပ်ပေးရင် ကိုယ်ကွေျးသလောက် အသီးတွေဆီကိုတက်တာပေါ့။ အပွင့်တွေဆီကို ရောက်တာပေါ့။ အဲ့လိုပြောလို့လည်း အပွင့်လေးနဲ့ အသီးလေးတွေပဲ ချန်ပြီး ကိုင်းတွေ ချိုင်မပစ်ပါနဲ့ဦး

(၇) ပျားလေးတွေကို ကာကွယ်ပေးပါ။ 

ပျားလေးတွေ တွေ့တဲ့အခါဆေးသုံးတာတွေ သတိထားပေးပါ။ ပျားလေးတွေက ဝတ်မှုန်ကူးပေးပြီးတော့ အထွက်ကိုတိုးစေနိုင်ပါတယ်။

ကိုယ့်ခြံလေးမှာ စမ်းကြည့်ပါ။ လက်မလည်အောင် တစ်မျိုးပြီး တစ်မျိုး ရိတ်နေ သိမ်းနေရရင်တော့ မဆဲကြပါနဲ့နော်။

  ထွန်းဝင်းကျော်

https://blog.gardeningknowhow.com/top-of-the-crop/7-ways-to-increase-your-harvest/

 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ

yarzar • ဖြေကြားချက် 0 ခု

ကုလားပဲမျိုးထားတဲ့အချိန်မှာမှိုဆေးလူးပြီးထားလို့ရလားဗျရရင်လည်းဘာမှိုဆေးနှင့်ထားရင်အကောင်းဆုံးလည်းဗျ ကျေးဇူးပါ။

TSM • ဖြေကြားချက် 1 ခု

ရော်ဘာအစေးခြစ်နည်းစာအုပ်ကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ? ရော်ဘာအစေးခြစ်နည်းကိုစာတွေ့ လက်တွေ့သင်ပေးနိုင်တဲံ သင်တန်း/သင်တန်းဆရာကိုဆက်သွယ်ရန်ဖုန်းနံပါတ်လေးတွေ သိချင်ပါတယ်ရှင့်

win le oo • ဖြေကြားချက် 1 ခု

(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီး‌ေတွကမဲ‌ေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်

ကိုစိုးအောင် • ဖြေကြားချက် 1 ခု

စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်

Thiri Aung • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။