မြေကြီးချဉ်ငန်ဓာတ် (pH) နှင့် စပါးပင် ကျန်းမာရေး
ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါခံနိုင်သော စပါးပင်ဖြစ်ဖို့အတွက် ရေ၊ နေရောင်ခြည်၊အာဟာရဓာတ် အရေးကြီးပါတယ်။
အာဟာရဓာတ် ပြည့်ဝစွာရရှိဖို့ရာ မြေဆီလွှာ pH ဟု ခေါ်သော မြေအချဥ်၊ အငန်ဓာတ် သင့်တင့်မျှတဖို့ လိုပါတယ်။
မြန်မာနိုင်ငံ စပါးစိုက် တောင်သူအများစုက မြေကြီး အချဉ် အငန် ပြုပြင်ဖို့ထက် အပင်စိုက်ပြီးမှ မြေသြဇာကျွေးဖို့သာ အားထည့်ကြတာ များပါတယ်။
ဒီလိုဆိုတော့ကော.. မိမိထည့်လိုက်သော မြေသြဇာတွေကို စပါးပင်က အပြည့်အဝ စားသုံးနိုင်ပါရဲ့လား?
ဓာတ်မြေသြဇာလည်း ကျွေးပါလျက် ဘာကြောင့် စပါးပင်တွေ မဖြစ်ထွန်းသလဲ ?
အမှန်တကယ်က မြေကြီးကို အရင်စစ်ဆေးကြည့်ရပါမယ်။
အချဥ်၊ အငန်အာဟာရဓာတ် နည်းခြင်း၊ များခြင်းတို့ကို စပါးမစိုက်မီ ၃-၄ လ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။
စပါးအထွက်တိုးဖို့ လုပ်ဆောင်တဲ့ နေရာမှာ မြေဆီလွှာ ကောင်းမွန်မှန်ကန်ခြင်းဟာ အဓိက ဖြစ်ပါတယ်။
ကမ္ဘာမှာလည်း မြေဆီလွှာထိန်းသိမ်းရေး လုပ်ဆောင်ချက်အဖြစ် ဒီဇင်ဘာ(၅)ရက်နေ့ တိုင်း
(World soil day) ကမ္ဘာ့မြေဆီလွှာနေ့အဖြစ် သတ်မှတ်ပြီး နှစ်အလိုက် ဆောင်ပုဒ် ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။

မြေဆီလွှာကို ဘယ်လိုစစ်ဆေးမလဲ
၁။ မြေချဉ်ငန်တိုင်းကိရိယာ(pH meter)နဲ့ တိုင်းခြင်း
၂။ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါနှင့် တိုင်းခြင်း
၃။ မြေကြီးနမူနာယူပြီး စိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် NGO အဖွဲ့များနှင့်ချိတ်ဆက်၍ တိုင်းတာစစ်ဆေးခြင်း။
ဘယ်လိုရာသီမှာ ဆောင်ရွက်သင့်သလဲ
မိုးဦးကျရာသီ၊ မိုးစပါးမစိုက်မီ ကြိုတင်လုပ်ဆောင်သင့်ပါတယ်။
မြေနမူနာယူရာတွင် သတိပြုရမည့်အချက်များ
- မတူညီသော မြေအမျိုးအစားများကို ရောပြီး မယူပါနှင့်။
- မြေကွက်တကွက်လုံးကို ကိုယ်စားပြုနိုင်ရန်နေရာ ၅ နေရာမှ မြေကြီးကို ရောနှောရယူပါ။
- အပေါ်ယံ ၈ လက်မရှိ မြေသားကို အမြစ်၊ အမှိုက်များ ဖယ်ထုတ်ပြီးရယူပါ။
- မြေသြဇာ ပက်ပြီးစ မြေကြီးကို မယူရပါ။
- မိုးများရွာသွန်းပြီးစ၊ ရေသွင်းပြီးစ မြေနမူနာကို မယူရပါ။
စပါးပင် ကောင်းစွာဖြစ်ထွန်းသော မြေကြီး pH မှာ ၆.၀ ဖြစ်ပါတယ်။
pH တန်ဘိုးမှာ ၀ မှ ၁၄ ထိရှိပြီး၊ pH-7 သည် အလယ်အလတ်ကိန်းဖြစ်ပါတယ်။
pH 7 ထက်နည်းရင် ချဥ်ပြီး pH 7 ထက်များရင် ငန်ပါတယ်။

pH နိမ့် (5.0 အောက်) လို့ မြေချဥ်လျှင် ဘာဖြစ်သလဲ
စပါးစိုက်မြေမှာ မြေချဥ်ရင် မြေဆောင်မှိုရောဂါ(Soilborne diseases ) တွေ ကျရောက်တတ်ပါတယ်။(fusarium root rot, rhyzotonia sp..etc) စပါးရွက်ဖုံးပုပ်၊ ရွက်ဖုံးခြောက် ရောဂါများ ကျရောက်စေပါတယ်။
မှိုရောဂါ အတော်များများဟာ မြေငန်ထက် မြေချဥ်မှာ ပိုပြီး ကျရောက်လေ့ရှိပါတယ်။
မြေချဥ်တွေမှာ၊ သံဓာတ်၊ အလူမီနီယံဓာတ်တွေ အဆိပ်သင့်ပြီး စပါးပင်အမြစ်တွေပုပ်၊ စပါးပင်ရောဂါရတာတွေ ဖြစ်စေပါတယ်။
ဒီနေရာမှာ အလျဥ်းသင့်လို့ စာရေးသူ ကွင်းဆင်းဟောပြောခဲ့ဖူးသော ဧရာဝတီတိုင်း၊ ဘိုက လေးမြို့နယ်ထဲက ရွာတရွာမှာ စပါးအထွက်တိုးရေးနဲ့ပတ်သက်လို့ တောင်သူပညာပေး ဆွေးနွေးပွဲအကြောင်းတစ်ခု ပြောပြချင်ပါတယ်။
ဆွေးနွေးပွဲမှာ တောင်သူတယောက်က မေးခွန်းမေးပါတယ်။
"ဆရာခင်များ.. ပေါင်းသေအပင်ကောင်း မြေသြဇာတွေ သုံးဖန်များရင် စပါးပင်တွေ ရောဂါရနိုင်ပါသလားခင်ဗျာ...တဲ့။
အမှန်အတိုင်းဝန်ခံရရင်၊ ရုတ်တရက် မဖြေနိုင်ဘဲ တွေဝေသွားပါတယ်။
သေသေချာချာ မသိပဲနဲ့လည်း၊ ရမ်းသမ်း မဖြေချင်ပါ။
ဒါကြောင့်.. မေးတဲ့ တောင်သူကို ပြန်ပြီး မေးခွန်းပြန်ထုတ်ရပါတယ်။
ဘယ်လို ကြုံဖူးခဲ့လို့ ဒီမေးခွန်းကို မေးတာလဲဗျာလို့..
ပြန်မေးလိုက်တော့မှ.. စာရေးသူ သဘောပေါက်ခဲ့ရပါတယ်။
သူပြောတာကတော့...
"ကျနော့်မှာ လယ် ၂ ကွက်ရှိပါတယ်။ ၁ ကွက်က နှစ်တိုင်း ပေါင်းမြက်မနိုင်အောင် ပေါက်လို့ ပေါင်းသေ ပင်ကောင်း( မြေဆီ+ ပေါင်းသတ်ဆေး)သုံးပါတယ်။
ကျန်တကွက်ကတော့ ပေါင်းလည်းသိပ်မပေါက်တော့ အဲဒီဟာ မသုံးဘူးဗျ။
၂ နှစ်ကြာလာတော့မှ သတိထားမိတာက ပေါင်းသေပင်ကောင်းသုံးတဲ့ စပါးခင်းမှာ အပင် ခြေ ခါးရိပြီး မှိုရောဂါဖြစ်တာတွေ့လို့ ဆရာကို ဒီ မေးခွန်း မေးရတာပါ..တဲ့”
ဟုတ်ပါတယ်..။
ဘိုကလေး၊ ကျိုက်လတ်ဒေသလို ရေသွင်း ရေထုတ် လိုသလိုလုပ်မရတဲ့အခါမျိုးမှာ ပေါင်းသတ်ဆေးသုံးမိရင် စပါးပင်တွေမှာ phyto toxic ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။
ဆိုလိုတာကတော့ အက်ဆစ်ပုံစံနဲ့ ဓာတုပစ္စည်းများဟာ ကြာလာရင် ဓာတ်ကြွင်းကျန်ရာမှ မြေချဥ်လာစေပါတတ်လို့ပါပဲ။

မြေချဥ်စေသော အကြောင်းများ
- ရေသွင်း၊ ရေထုတ်ခက်ပြီး စိမ့်စမ်းမြေဖြစ်ခြင်း။
- နိုက်ထရိုဂျင် မြေသြဇာ ကျွေးခြင်း။
- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပေါင်းသေပင်ကောင်းဆေးများ နှစ်စဥ်အသုံးပြုခြင်း။
- သီးနှံတမျိုးတည်းကို နှစ်ရှည်ကြာစွာ ဆက်တိုက်စိုက်ပျိုးခြင်း။
- သဘာဝမြေသြဇာ အသုံးပြုမှု နည်းခြင်း။
မြေကြီးကို၊ဘယ်လိုပြုပြင်သင့်သလဲ
- pHတိုင်းကြည့်လို့ ၅ - ၅.၅ အထက်ရှိနေရင် ဖွဲပြာ၊ဒိုလိုမိုက် ထည့်ပါ။
- pH.၅.၀ ထက်နိမ့်နေပါက မဖောက်ထုံးထည့်ပါ။
- မြေပြင်ဖျန်း ပေါင်းသတ်ဆေးကဲ့သို့ ဓာတုဓာတ်ကြွင်းများ လျော့ပါးစေရန်၊ အီးအမ် ဘိုကာချီ၊ စူပါဘိုကာချီ စသဖြင့် အကျိုးပြုအဏုဇီဝများ အသုံးပြုပါ။
အထက်ဖော်ပြပါ လုပ်ဆောင်ချက်များ စနစ်တကျလိုက်နာ ဆောင်ရွက်မှသာ မိမိ အသုံးပြု သော ဓာတ်မြေသြဇာများကို စပါးပင်များ ကောင်းစွာစားသုံးနိုင်ပြီး ကျန်းမာဖွံ့ဖြိုး၊ အထွက်နှုန်း တိုးလာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
စေတနာများစွာဖြင့်..
ပျံလွှား(ပုလဲ)
မြေချဉ်ငန်ပြုပြင်ရေးနဲ့ပတ်သက်လို့ ဆရာဒို့ဦးလေးရဲ့ဆောင်းပါးကို ထပ်ဖတ်လိုတယ်ဆိုရင် အောက်ပါလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Solving_Soil_pH_problems
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေဆီလွှာပြုပြင်ထိန်းသိမ်းရေး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ရဲဘုန်းလူ
လွန်ခဲ့သော ၂ နှစ် ကမြေချဥ် မြေငံအတွက် လချေးကျောက်မှုန့် သုံးလို့ရပါသလား ဘယ်လို အခြေအနေမှာ သုံးသင့်ပါသလဲ အသုံးများရင် အပင်အတွက် ဆိုးကျိုးရှိနိုင်ပါသလား ၁ ဧက ကို ဘယ်လောက် ပမာဏ သုံးနိုင်ပါလဲ စတာလေးတွေသိချင်လို့ပါ ခင်ဗျာ
ကိုဇော်မင်းထက်
လွန်ခဲ့သော ၃ နှစ် ကလိုအပ်တာများကို ဓာတ်ပုံရိုက် ထားမယ်ဗျာ
သက်ဇော်ဦး
လွန်ခဲ့သော ၃ နှစ် ကမြေငန်ဆိုရင်ရောဘယ်လိုပြုပြင်ရမလဲခင်ဗျ
TunTun
လွန်ခဲ့သော ၃ နှစ် ကမြေကိုတိုင်တာအလွယ်တကူနည်းလေးပြေားပြပါလား
knot
လွန်ခဲ့သော ၄ နှစ် ကတီကောင်ဖန်းနေတာလား
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thar Po
အားလုံး