အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အရေးကြီးသည့် ကမ္ဘာမြေကြီး၏လေရှုပေါက်များ

အရေးကြီးသည့် ကမ္ဘာမြေကြီး၏လေရှုပေါက်များ

အားလုံးပဲမင်္ဂလာပါခင်ဗျာ

   သီးနှံများစိုက်ပျိုးဖြစ်ထွန်းရာ ကမ္ဘာမြေကြီး၏ ပထမဆုံး မျက်နှာပြင်မြေသားဟာ လွန်စွာအရေးပါကြောင်း အများစုသိကြပြီးသားဖြစ်ပါတယ်။ ထိုကဲ့သို့ စိုက်ပျိုးရနိုင်တဲ့ မြေသားထုအထူဟာ ၁ ပေကနေ ၃ ပေထိသာ အများဆုံးရှိနိုင်ပြီး ၎င်းအပေါ်ယံမြေဆီလွှာဟာ အပင်ငယ်အများစုအတွက်အဖိုးတန်တဲ့ အဟာရဓာတ်တွေ စုရုံးနေပါတယ်။ ယခုဆွေးနွေးဖေါ်ပြမယ့် ခေါင်းစဉ်နဲ့အတူ မြေကြီးဟာ အဘယ့်ကြောင့် လေရှုပေါက်များ လိုအပ်ရပါသလဲ။

    လေရှုပေါက်များဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ မရှိမဖြစ်ကို လိုအပ်ပါတယ်။ အပင်တစ်ပင် မည်မျှအခြေအနေထိ ဖြစ်ထွန်းအောင်မြင်သည်ဟာ မြေကြီးမွခြင်း မမွခြင်းက အများကြီး သက်ရောက်မှုရှိပါတယ်။ သိပ္ပံပညာရှင်အများစုဟာ သစ်ရွက်မှအစာချက်လုပ်ခြင်းကိုသာ ဦးစားပေးဖေါ်ပြခဲ့ကြပေမယ့် အချို့သောအပင်တွေရဲ့အမြစ်တွေဟာ အရွက်များအတိုင်း လေရှုရန်လိုအပ်ပါတယ်။ အပေါ်ယံမြေဆီလွှာမှာ မပျော်၀င်နိုင်တဲ့ အဟာရဓာတ်များစွာက သဘာ၀အလျောက် ပါ၀င်နေတတ်ပြီး အောက်ဆီဂျင်ရရှိကာ ဓာတ်တိုးတဲ့အခါမှာ အပင်များစားသုံးလို့ရနိူင်တဲ့ ပုံစံအဖြစ် ပြောင်းလဲသွားကြပါတယ်။ အရပ်အခေါ်ကိုတော့ မြေဆွခြင်းလို့ခေါ်ဆိုနိုင်ပြီး ထိုဖြစ်စဉ်က အောက်ပါအကြောင်းအရာများစွာကို အကျိုးပြုနေတာကို အံ့ဩဖွယ်တွေ့ရှိရပါတယ်။

(၁) မြေကြီးအကျိုးပြုအဏုဇီ၀ပိုးများရဲ့ စွမ်းဆောင်နိူင်မှုကို မြှင့်တင်ပေးခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးပြီး မီသိန်းဓာတ်ငွေ့ထုတ်မှုကို လျှော့ချပေးခြင်း။

(၂) မပျော်၀င်နိုင်သော NPK နှင့် အခြားသော အနည်းလိုအဟာရပစ္စည်းများ ဓာတ်တိုး၍ အပင်များတွင် အဟာရများရရှိခြင်း။

(၃) အမြစ်များကြီးထွားမှု၏ ဒုတိယအရေးကြီးဆုံးဖြစ်သော အောက်ဆီဂျင်လုံလောက်စွာရရှိခြင်း။ (အမြစ်နှင့် မြေအောက်အစိတ်အပိုင်းကို ထုတ်လုပ်ရောင်းချတဲ့သီးနှံများ ဥပမာ- အာလူး၊ ကန်စွန်းဥ စသည်တို့မှာ မြေအောက်လေရှုပေါက်များ ရရှိရန် ပိုအရေးကြီးပါတယ်)

(၄) အကျိုးပြုအဏုဇီ၀များ၏ ကောင်းမွန်သော ပတ်၀န်းကျင်ကို ဖန်တီးပေးခြင်း။

(၅) ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အီသိုင်းလင်နင်း၊ အော်ဂဲနစ်အက်ဆစ်၊ မီသိန်း စတဲ့ဓာတ်ငွေ့များကို ဖယ်ရှားပေးနိုင်ခြင်း။

(၆) ရေစိမ့်၀င်နိုင်စွမ်း ကောင်းလာခြင်းနှင့်အတူ အပင်များ လျင်မြန်စွာကြီးထွားလာနိုင်ခြင်း။ (ရေ၀ပ်သောမြေတွင် မြေအောက်ထိ ရေမစိမ့်၀င်နိုင်သောအခါ မှိုနှင့် ရောဂါများ ၀င်ရောက်မှုများလာနိုင်သည်)

    အထက်ပေါ်ပြပါ အချက်များဟာ မြေကြီးရဲ့ လေရှူမှုဆိုင်ရာ အချက်အလက်အနည်းမျှသာလျှင် ဖြစ်ပါသေးတယ်။ မြေဆွခြင်းဖြင့် အပင်အတွက် အခြားပိုကောင်းတဲ့ ဂေဟစနစ်များ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းမှာ များစွာအရေးပါကြောင်း လေးစားစွာ ရေးသားတင်ပြလိုက်ရပါသည်။

ပြည့်ဖြိုးသော်

B.Agr.Sc(Soil and Water Science)

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ

phyo lay • ဖြေကြားချက် 2 ခု

ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..

kyaw min latt • ဖြေကြားချက် 2 ခု

မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ

Aung Aung • ဖြေကြားချက် 1 ခု

ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ

ဇင်မင်းကို • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။