အသုံးပြုနိုင်တဲ့ မြေဖုံးအုပ်ပစ္စည်းများ
မြေဆီလွှာပေါ် ဖုံးအုပ်ပေးသောပစ္စည်းများဖြင့် မြေကို တိုးတက်ကောင်းမွန်အောင်၊ အစိုဓာတ်ထိန်းသိမ်းအောင်၊ ပေါင်းမြက်သက်သာအောင်၊ မြေဆီလွှာအပူအအေးမျှတအောင်၊ မြေဆီလွှာတိုက်စားမှုသက်သာအောင် မြေဆီလွှာကျစ်လစ်မသွားအောင် ဆောင်ရွက်နိုင်သည်။
မြေဆီလွှာပေါ်ဖုံးအုပ်ပေးနိုင်သော ပစ္စည်းများမှာလည်း များစွာရှိသည်။ ချေမွထားသော (၁/၄ မှ ၃ လက်မအရွယ်ရှိ) သစ်ပင်အခေါက်များသည် တာရှည်ခံသော်လည်း ရေကြီးလျှင် ရွေ့လျားမျောပါတတ်သည်။ ဖြတ်တောက်ထားသော (စင်းထားသော) မြက်ခြောက်ကောက်ရိုးနှင့် သစ်ရွက်ခြောက်များကိုလည်း အသုံးပြုနိုင်သည်။ နေရာဒေသလိုက်၍ မြေပဲတောင့်အခွံ (Husk)၊ ပြောင်းဖူးအူတိုင်အကျိုးအကြေ၊ နှမ်းရိုး၊ ပဲမှော်၊ စပါးခွံစသော လုပ်ငန်းခွင်မှထွက်သည့်ပစ္စည်းများကိုလည်း သုံးနိုင်သည်။ လွှစာ၊ ရေဘော်စာ စသည်ကိုလည်း သုံးကြသည်။ ထိုပစ္စည်းများဆွေးမြေ့သွားအောင် ဖြိုဖျက်ပေးသည့်ပိုးများက မြေဆီလွှာမှ နိုက်ထရိုဂျင်ဓာတ်ကို စားသုံးလေ့ရှိသဖြင့် နိုက်ထရိုဂျင်မြေသြဇာကိုထည့်ပေးရသည်။
သစ်ရွက်အစို (အစိမ်း) မြက်စိုများဖြင့် ဖုံးအုပ်ပါက ပါးပါးသောဖုံးအုပ်ရသည်။ ထုထည်ထူသွားလျှင် ကြပ်ပြင်ကြပ်ခဲဖြစ်ပြီး အနံ့ထွက်တတ်သည်။ အထက်တွင်ဖော်ပြခဲ့သော မြေဆီလွှာပေါ်ဖုံးအုပ်ပေးသောပစ္စည်းများ ဆွေးမြေ့သွားသောအခါ မြေဆီလွှာကိုကောင်းမွန်စေပြီး သစ်ပင်အတွက် အာဟာရဓာတ်များကို ပေးစွမ်းနိုင်သည်။ ထိုသဘာဝမြေသြဇာသည် ပူနွေးနေသောမြေဆီလွှာကို အေးမြစေသည်။ မြေဆီလွှာကို ပူနွေးစေသော ဖုံးအုပ်ပစ္စည်းများလည်း ရှိသေးသည်။
အေးသောဒေသရှိ ဟင်းသီးဟင်းရွက်ခင်းများတွင် မြေဆီလွှာပူနွေးစေရန် ပလတ်စတစ်အမည်းရောင်ကို သုံးရသည်။ ပလတ်စတစ်ကိုအသုံးပြုလျှင် တာရှည်မခံသည့်အပြင် မြေဆီလွှာအတွင်း လေနှင့် ရေစီးဆင်းမှုကို ဟန့်တားသည်။ ပလတ်စတစ်အမည်းရောင်အစား အခြားသောအရောင်များလည်း ပေါ်ထွက်လာသည်။ အနီရောင်ပလတ်စတစ်စသည် ခရမ်းချဉ်သီးအထွက်ကို ၂၀ ရာခိုင်နှုန်းနှင့် ဖရဲသီးအထွက်ကို ၃၅ ရာခိုင်နှုန်းပိုမိုထွက်စေသည်။ အပြာရင့်ရောင်သည် သခွားသီးအထွက်ကို ၂၀ ရာခိုင်နှုန်း တိုးတက်စေသည်။ ပလတ်စတစ်အကြည်စသည် အမည်းရောင်ထက် မြေဆီလွှာကို ပို၍ပူနွေးစေပြီး အမည်းရောင်သည် ပေါင်းမြက်ကို ပို၍ဟန့်တားသည်။
ထို့အပြင် လယ်ယာသုံးအထည်စဖြင့်လည်း မြေဆီလွှာကို ဖုံးအုပ်ကြသည်။ မြေဆီလွှာတွင် လေနှင့် ရေအဝင်အထွက်ကောင်းသည်။ ပေါင်းမြက်ကိုကာကွယ်သည်။ ထို့အပြင် နှစ်ရှည်အပင်များကို ကျောက်စရစ်ခဲကလေးဖြင့်လည်း ဖုံးအုပ်ပေးကြသည်။
ကျောက်စရစ်ခဲဖြစ်ပါက မြေဆီလွှာပေါ်တွင် ၂ လက်မသာ ဖုံးအုပ်ရပြီး သစ်ပင်ထွက်ပစ္စည်းများနှင့်ဖုံးအုပ်ပါက အနည်းဆုံး ၁ လက်မမှ အများဆုံး ၄ လက်မသာ ထူသင့်သည်။ ထို့ထက်ထူသွားပါက ပိုးမွှားရောဂါအတွက် ပွားများရန်၊ ပုန်းအောင်းရန် နေရာဖြစ်သွားနိုင်သည်။
မြေကိုဖုံးအုပ်ပေးမည်ဆိုလျှင် အပင်ခြေကို မြေဖွဖွထားရသည်။ အပင်ခြေကိုထိအောင် ဖုံးအုပ်မထားရချေ။ မြေကို ဖုံးအုပ်ထားပြီးဖြစ်လျှင် ရေပေးသည့်အကြိမ်နှင့် ပမာဏတို့ကို ချင့်ချိန်ရသည်။ ဖုံးအုပ်ထားသောပစ္စည်းများကလည်း ရေကိုစုပ်ယူကြသည်။ ထို့ကြောင့် ရေကို ပို၍ပေးရပြီး ရေပေးသောအကြိမ်ကို လျှော့ရသည်။
ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
မောင်ဝေဇင်
လွန်ခဲ့သော ၄ နှစ် ကhelo
U KYAW YE AUNG
လွန်ခဲ့သော ၄ နှစ် ကပြောင်းဖူးအူတိုင်.မြေပဲခွံထည့်ပါက ခြံရန်မှ ကာကွယ်နိိုင်ပါသလား
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026