မြေကြီး အစိုဓာတ် ဆုံးရှုံးမှုကို လျော့ချနိုင်မည့် နည်းလမ်း သုံးသွယ်
၁။ သစ်ဆွေးဓာတ်ထည့်ပြီး ရေထိန်းနိုင်စွမ်းကို မြှင့်တင်ပါ။
သစ်ဆွေးဓာတ်ဆိုတာ ဈေးကြီးပေးပြီး ဝယ်ယူရတဲ့ ဓာတုမြေသြဇာတွေဖြစ်တဲ့ ပုလဲတွေ၊ တီစူပါတွေထဲမှာ မပါဘူး။ ဒါပေမယ့် သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ မြေဆွေး၊ ဘိုကာရှီစတဲ့ သဘာဝမြေသြဇာတွေ ထဲမှာတော့ များစွာပါဝင် ပါတယ်။ သစ်ဆွေးဓာတ်က မြေကြီးထဲမှာ အပင်အတွက် အာဟာရနဲ့ရေတွေကို ထိန်းသိမ်းထားပေးတဲ့ သိုလှောင်ရုံ တစ်ခုလို လုပ်ဆောင်ပေးပါတယ်။ သစ်ဆွေးဓာတ် ဆိုတာက သစ်ရွက်တွေ အပင် အပိုင်းအစတွေက အဏုဇီဝ ပိုးလေးတွေကြောင့်ဆွေးမြေ့ပြီး ဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်းလေးတွေပါ။
သစ်ဆွေးဓာတ်က မြေကြီးထဲမှာ ရေမြုပ်လို လုပ်ဆောင်ပြီး ရေကို သူ့အလေးချိန်ရဲ့ ၉၀ရာခိုင်နှုန်း (ဆယ်ပုံမှာကိုးပုံ) ခန့် ထိန်းသိမ်းထားနိုင်စွမ်း ရှိပါတယ်။ ထိန်းသိမ်းထားတဲ့ ရေတွေကိုလည်း အပင်က စုပ်ယူတဲ့အခါ ထုတ်ပေးပါတယ်။ ရွံ့စေးဆန်တဲ့ မြေကြီးတွေမှာလည်း ရေထိန်းနိုင်စွမ်း မြင့်ပါတယ်။ ဒါပေမဲ့ သူတို့ ထိန်းထားတဲ့ရေအများစုက အပင်တွေ စုပ်ယူနိုင်စွမ်း မရှိပါဘူး။
၂။မြေဖုံးပြီး ရေငွေ့ပြန်မှုကို ထိန်းထားပါ။
မြေဖုံးတဲ့နေရာမှာ သက်ရှိနဲ့ သက်မဲ့ဆိုပြီး အမျိုးအစား (၂) မျိုး အကြမ်းမျဉ်း ခွဲခြားနိုင်ပါတယ်။
သက်မဲ့ ဆိုတာက ပလပ်စတစ်လိုမျိုးနဲ့ မြေကြီးက ဖုံးတာပါ။ ဖရဲ၊သခွားစိုက်တဲ့သူတွေ သုံးကြပါတယ်။ ရေကို အတန်သင့်ထိန်းနိုင်ပြီး ပေါင်းပေါက်ရောက်မှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
သက်ရှိဆိုတာကတော့ အပင်ရဲ့အရွက်တွေ၊ ရိုးပြတ်တွေ၊ ဒါမှမဟုတ် စက္ကူတွေဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင် အသက် မရှိနိုင်တော့ပေမယ့် အပင်တွေကို အကျိုးပြုနေတဲ့ အဏုဇီဝရဲ့ လုပ်ငန်းစဉ်တွေကို ကူညီပေးပါတယ်။ မြေကြီးထဲမှာ ရှိနေတဲ့ ဇီဝ ကမ္မဖြစ်စဉ်တွေရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
ဒီလိုမျိုး အပင်တွေရဲ့ အရွက်တွေ ၊ရိုးပြတ်တွေ စတာတွေနဲ့ မြေဖုံးပေးမယ်ဆိုရင်တော့ ပေါင်းတွေကို သက်သာစေတဲ့အပြင် ရေငွေ့ပြန်မှုကိုပါ လျော့ကျစေပါတယ်။ ပိုကောင်းတာကတော့ ဆွေးမြေ့လာတဲ့အခါ အပင်အတွက် အာဟာရ ရရုံသာမက မြေကြီး တည်ဆောက်ပုံပါ ကောင်းမွန်စေပါတယ်။ ဒါတွေအပြင် လောင်းလိုက်တဲ့ ရေတွေကိုလည်း စုပ်ယူ ထားပေးတော့ ရေလောင်းရတဲ့အကြိမ်ကို လျော့ချနိုင်ပါတယ်။ အချို့ နှစ်ရှည် အပင်တွေကြားမှာနဲ့ တောင်စောင်းတွေမှာ မြေပဲအရိုင်း (မြေကြီးမှာပဲ ကပ်ပေါက်ပြီး ဥမဥပါ) ကို စိုက်ထားတာ ထိုင်းနိုင်ငံမှာ တွေ့ဖူးပါတယ်။ ပဲမျိုးရင်းဖြစ်တော့ မြေဖုံးပေးတဲ့အပြင် မြေကြီးထဲကို နိုက်ထရိုဂျင် (အပင်ကြီးထွားမှုကို အားပေး - ပုလဲဓာတ်မြေသြဇာမှာ ပါတဲ့ဓာတ်တစ်မျိုး) ကိုလည်း ပြန်ထည့်ပေးပါတယ်။

ဓာတ်ပုံ- Ko Ko (ဖရဲ၊ သခွား၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ )
၃။ ပေါင်းပင်များကို ဖယ်ရှားပေးပါ
မြေကြီး အစိုဓာတ်ကို ထိန်းနိုင်ဖို့ နောက်တစ်နည်းကတော့ ပေါင်းတွေကို ဖယ်ရှားပါ။ အထူးသဖြင့် အမြစ်နက်နက် ဆင်းတဲ့ နှစ်ရှည်ခံပေါင်းတွေ ဖြစ်ပါတယ်။ ဒီလိုကိုယ်မလိုချင်တဲ့ ပေါင်းတွေက ရေတွေ စုပ်ယူလေလေ မြေကြီးထဲက အစိုဓာတ်တွေ မြန်မြန် ကုန်လေလေ ဖြစ်တာကြောင့် ပေါင်းတွေကို ဖယ်ရှားဖို့ကလည်း အရေးကြီးပြန်ပါတယ်။
ကိုးကား - FAO, GrowVeg
ရာသီဥတု ပြောင်းလဲမှုကို အန်တုနိုင်မယ့် စိုက်ပျိုးနည်းစနစ်တွေ ပိုမို နားလည်လာဖို့ ဆရာကြီးဦးသိန်းဆု ရေးသားတဲ့ ဆောင်းပါး၂ပုဒ်ကိုဖတ်ဖို့ အကြံပြုလိုပါတယ်။
ဆက်စပ်မေးခွန်းများ
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
Zaw Oo • ဖြေကြားချက် 1 ခု
တနင်္သာရီတိုင်းအတွင်း ငရုတ်မျိုး F 1 မိုးထောင်စိုက်ရင် အဆင်ပြေနိုင်လား
mg Thant • ဖြေကြားချက် 2 ခု
potassium ဘယ်မှာဝယ်လို့လာဗျာ။ သုံးခွကပါ ။ ပြန်ပြောပေးပါအုံး။ Than Tun Aungပါ မဂ်လာနေလည်လေးဖြင့်ပါစေ။။။။။။။ 📞📞📞📞📞
Than Tun Aung • ဖြေကြားချက် 6 ခု
Black Gold
kozay • ဖြေကြားချက် 1 ခု
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026