ဆားငန်တာလား
မြေကြီး ဆားပေါက်တဲ့အခါ နွေရာသီလိုမျိုးမှာဆို မြေအပေါ်ဖက်နားမှာ ဆားပွင့်ဖြူဖြူလေတွေတောင် တွေ့ရတတ်ပါတယ်။ ဆားပေါက်တာက သူ့ဘာသာ သဘာဝ အတိုင်း ဖြစ်ကိုဖြစ်တဲ့ နေရာမျိုးတွေအပြင်ကို လူတွေ လုပ်လိုက်လို့ ဖြစ်လာတဲ့ မြေငန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မြေငန်ရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ကာ
(၁) အပင်တွေ မှာ အစိမ်းလိုလို အပြာလိုလို နဲ့ ကြီးထွားမှုတွေ က မကောင်းတော့ပဲဖြစ်နေမှာပါ။
(၂) ကွင်းထဲမှာလည်း မြေကြီးပေါ်မှာ အကွက်လိုက်တွေ ဖြစ်ပြီးတော့ အပင်တွေပုပြီး ဆက်မကြီးတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
(၃) မြေက သိပ်လည်း မငန်သေးတာမျိုးဆိုရင်တော့လည်း အပင်တွေက အရမ်းကြီး လက္ခဏာတွေပြမှာ မဟုတ်ပေမဲ့ ကြွတ်ဆပ်နေတဲ့ အရွက်တွေဖြစ်မယ်။ အရောင်တွေကလည်း စိမ်းပြာသလိုတွေ ပြမှာပါ။ မြေစစ်ကြည့်ပါ။
(၄) ငန်တဲ့မြေမှာ စိုက်ပျိုးထားတဲ့ အပင်တွေမှာ ပြတဲ့ လက္ခဏာတွေက အပင်တွေ ရေငတ်လို့ ပြတဲ့ လက္ခဏာတွေနဲ့ တူပါတယ်။ အပင်တွေက ညိုးကျမှာတော့ မဟုတ်ပါဘူး။
အဲ့လို ဆားငန်နေပြီဆိုရင် ဘာလုပ်လို့ရမလဲဆိုတာကို ကြည့်ရအောင်။
(က) ခြစ်ထုတ်ခြင်း၊
သူက ခက်လို့ လိုက်တော့ မလုပ်ကြတဲ့ နည်းလမ်းပါ။ တော်တော်ဆိုးတယ် မဖြစ်မနေသုံးကြရမယ်ဆိုမှ အပေါ်က မြေသားတွေကို ခြစ်ထုတ်လိုက်တာပါ။ ခြစ်ထုတ်လိုက်ပြီးရင်တော့ မြေကို ပြန်ပြင်ရမဲ့ အနေအထားတစ်ခုတော့ ရှိပါတယ်။
(ခ) ရေဆေးချမယ်။
ကွင်းတွေကို မြေအနေအထား အနိမ့်အမြင့်တွေ ညှိချပြီးတော့ ရေများများဖြတ်စီးအောင် လုပ်ပစ်လိုက်ရင် မြေပေါ်က ဆားတွေပါသွားစေတဲ့ နည်းလမ်းပါ။ သူက ပါသွားတာကနည်းနည်း မြေထဲကို စိမ့်ဝင်သွားစေနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတာကြောင့် သူ့မှာလည်း အကန့်အသတ်တော့ ရှိပါတယ်။
စိုက်ပျိုးတဲ့ အပင်အမြစ်တွေရှိတဲ့နေရာမှာ ရှိတဲ့ ဆားတွေကို အောက်ကိုကျသွားအောင်လုပ်ပစ်တဲ့ နည်းလမ်းပါ။ အဲလိုလုပ်မယ်ဆိုရင် အောက်က အချက် (၅) ချက်ကို သိကိုသိမှ ရပါမယ်။
(၁) မြေကြီးထဲမှာ ရှိနေတဲ့ ဆားပမာဏကို သိရမယ်။ အဲဒါမှ ဘယ်လောက် ဖယ်ပစ်ရမလဲဆိုတာကို သိမှာကိုး။
(၂) ဆားဘယ်လောက်ကျန်ရင် အပင်စိုက်လို့ရပြီဆိုတာကိုလည်း သိရမယ်။
(၃) မြေအနက် ဘယ်လောက်ကို ပို့မလဲဆိုတာကို တွက်ကြည့်ရမယ်။
(၄) မြေသားရဲ့ တည်ဆောက်ပုံ၊ ဘာမြေလဲဆိုတာလည်း သိရမယ်။
(၅) ကိုယ် ဘာသီးနှံကိုစိုက်မယ် ဘာမျိုးကိုစိုက်မယ်ဆိုတာကိုလည်း သိရမယ်။ ရေ တစ်ခွက် ဆို ဆားတစ်ခွက်ရဲ့ 80% လောက်ကို အောက်ကို ကျသွားစေပါတယ်လို့ Abrol et al., 1988 က ဆိုပါတယ်။ ဆိုလိုတာက မြေတစ်ၕက ကို ရေ ၁ လက်မ သွင်းလိုက်ရင် အဲ့မြေ တစ်လက်မ အနက်ထဲမှာရှိတဲ့ ဆား (၈၀) ရာခိုင်နှုန်းကို ဖယ်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ဒါဟာ ယေဘုယျဖြစ်ပြီးတော့ ကိုယ့်ရဲ့ မြေအမျိုးအစားနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ Leaching ဘယ်လိုလုပ်မလဲဆိုရင် ရအေပြည့်သွင်းပစ်လိုက်တာမျိုး နည်းလမ်းလည်း သုံးလို့ရတယ်။ နောက် ရေဖျန်းတဲ့ စနစ်နဲ့ ရေ ပေးထားတာမျိုးလည်းနဲလည်း သုံးလို့ရပါတယ်။

(ဃ) ရေထုတ်ခြင်း
မြေအောက်အလွှာထဲမှာ ပိုက်တွေ ထည့်ပြီး အဲ့ပိုက်လုံးတွေကနေ တစ်ဆင့် ရေကို ပြန်ထုတ်ပစ်တဲ့ နည်းလမ်းပါ။ မြေရဲ့ ဆားပေါက်မှု အခြေအနေကိုကြည့်ပြီးတော့ မြေအနက် ဘယ်လောက်ကနေ စပြီး ရေထုတ်မလဲ ဆိုတာကို တွက်ချက်ရပါတယ် ပြောပြခဲ့တဲ့ နည်းလမ်းတွေမှာ အတိအကျ သတ်မှတိချက်မရှိတာကတော့ မြေအနေအထားအရ တစ်ယောက်နဲ့တစ်ယောက်က လုံးဝ တူညီတာမျိုး မရှိလို့ပါပဲ။ ပြီးတော့ ခုလို ဆားပေါက်တဲ့ ပြဿနာက ရေကိုပဲ အဓိက အားကိုးရတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဆားပေါက်မြေပေါ် မြောင်းလေးဖော်ပြီး ရေသွင်းစိုက်မယ် ဆိုရင် မြောင်းဖော်ထားတဲ့ ဘောင်ရဲ့ ထိပ်ဖက်နားမှာ ဆားတွေ စုလာနိုင်ပါတယ်။ အဲ့တော့ ဘေး ၂ ဖက်နားမှာ အပင်စိုက်တာမျိုး လုပ်ပေးရင်းနဲ့ ဆားပေါက်မြေကိုလည်း အကျိုးရှိရှိ သုံးနိုင်ကြပါစေလို့ ဆုတောငိးပေးလိုက်ရပါတယ်။
ထွန်းဝင်းကျော်
Reference
AGEC 311-Soil Chemistry and Soil Microbiology pdf, published by Agricultural University Alumni Association (AUAA).
အောင်မျိုးမင်း
လွန်ခဲ့သော ၅ နှစ် ကဆားမပေါက်တော့အောင်လုပ်လို့မရဘူးလားခဗျ
john chang bawm
လွန်ခဲ့သော ၅ နှစ် ကဘာမြေလဲ ဆိုတာ ဘယ်လို သိနိုင်မလဲ ဆရာ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026