အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရောဂါမဟုတ်ပါ...မြေကြပ်တာ (၂)

ရောဂါမဟုတ်ပါ...မြေကြပ်တာ (၂)

မြေကြပ်ရတဲ့အကြောင်းအရင်းတွေကို သိသွားပြီဆိုတော့ ဒီနေ့မှာ ပြုပြင်ထိန်းသိမ်းနည်းလမ်းလေးတွေကို ပြောပြပါ့မယ်။

(၁) ပါလိုက်နှင့် ဗာမီကူလိုက်အသုံးပြုခြင်း

မြေဆီလွှာလေဝင်လေထွက်ကောင်းပြီး ရေစိမ့်ဝင်မှုကိုမြှင့်တင်ပေးနိုင်မဲ့ ပါလိုက်နဲ့ ဗာမီကူလိုက်တို့ကို အသုံးပြု နိုင်ပါတယ်။ ပါလိုက်ဆိုတာကတော့ ကက်တက်စ်ပင်တွေရဲ့ မြေကြီးအရောတွေနဲ့ အခြားရေငတ်ဒဏ်ခံနိုင်တဲ့ မြေသားအရောတွေမှာအသုံးပြုနိုင်တဲ့ မြေအမျိုးအစားတစ်မျိုးပါ။ ဗာမီကူလိုက် (vermiculite)ကို သတ္တုတွင်း တွေကနေ တူးဖော်ပြီးတဲ့နောက် အပူပေးလိုက်တဲ့အခါ ပြန့်ကားကွေးကောက်လာပြီး ပိုးကောင်(worm)လေးတွေ လို ဖြစ်လာပါတယ်။ ဒါ့အပြင် အပူပေးလိုက်တာကြောင့် ပိုးသတ်ပြီး (sterilized)ဖြစ်သွားတယ်။ ပြန့်ကား လာတာကြောင့် ရေကိုပိုမိုစုပ်ယူထားနိုင်သလို ပိုးသတ်ထားသလိုဖြစ်တာကြောင့် အပင်တွေမှာ ပိုးမွှား ကျရောက် လာစေနိုင်မှုအတွက်လည်း စိုးရိမ်စရာ မလိုတော့ဘူးဖြစ်သွားစေပါတယ်။

(၂) ထွန်ယက်မှုလျှော့ချခြင်း

ထပ်ကာထပ်ကာ ထွန်ယက်ပြီး မြေကြီးကိုဖြိုခွဲထားတဲ့မြေဟာ ဇီဝနည်းနဲ့ လုပ်ဆောင်ထားတာ ဖြစ်တာကြောင့် မြေကြပ်ခြင်းဖြစ်စေဖို့ ပိုအားပေးပါတယ်။ မထွန်မယက်ထားခြင်းက မြေသားပေါင်းစည်းမှုမြင့်မားစွာ တည်ရှိနေပြီး မြေသားပျက်စီးတိုက်စားခံရမှုနည်းခြင်းနဲ့ ရေစီးနဲ့အတူ မျောပါသွားမှုတွေကနေ ကာကွယ်ပေးပါတယ်။ ဒါတွေကြောင့် မြေသားအောက်အလွှာထိ မြေကြပ်ခြင်းဖြစ်မှုကနေ ကာကွယ်ပေးပါတယ်။

(၃) မြေအစိုဓာတ်ရှိနေတဲ့အချိန်မှာ ကွင်းလုပ်ငန်းတွေမလုပ်ပါနဲ့

ခြောက်သွေ့နေတဲ့မြေဟာ စိုစွတ်တဲ့မြေထက် စက်ဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် ဘီးကြီးပြီး အလေးချိန်များတဲ့စက်တွေက ခြောက်သွေ့တဲ့မြေမှာဆို မြေကိုဆိုးဆိုးရွားရွားကြီး ကြပ်မသွားစေပါဘူး။

(၄) မြေဆီလွှာကိုပုံမှန်စစ်ဆေးပါ

မြေဆီလွှာရဲ့ ခံနိုင်ရည်ရှိမှုလယ်ဗယ်နဲ့ အစိုဓာတ်ကိုစစ်ပေးနိုင်တဲ့ penetrometer (ပနထိုမီတာ)နဲ့ ပုံမှန် စစ်ဆေး နိုင်ပါတယ်။ စောစောသိလေ စောစောကုသနိုင်လေပေါ့။

(၅) သဘာဝမြေဆွေးများများထည့်ပေးပါ

ဩဂဲနစ်မက်တာတွေထည့်ပေးခြင်းက မြေသားသိပ်သည်းမှုကို လျော့ကျစေနိုင်ပြီး အကျိုးပြု အဏုဇီဝတွေ လုပ်ဆောင်ချက်ကို ပိုပံ့ပိုးပေးနိုင်ပါတယ်။ သဘာဝမြေဆွေးတွေ မြေဩဇာတွေ ထည့်သွင်းဖြန့်ကျက်ထားခြင်းက အာဟာရထောက်ပံ့ပေးပြီးသားဖြစ်သလို မြေမှုန်လေးတွေကြား နေရာအလွတ်ခြားထားပေးပြီးသား ဖြစ်စေနိုင် ပါတယ်။ တီကောင်လေးတွေ ထည့်ပေးလိုက်လို့ရှိရင်လည်း မြေမှုန်တစ်ခုနဲ့ တစ်ခုကြား နေရာလွတ်အောင် ကူညီပေးမှာပါတဲ့ရှင့်။

ပြီးတော့ ဦးကြီးတို့ရဲ့ ကြပ်နေတဲ့စိုက်ခင်းမြေတွေကို နွားချေး၊ ဖွဲပြာရောထားတဲ့မြေဆွေးနဲ့ စတီးဇွန်း ၃ ဇွန်းလောက် အပင်ခြေပတ်ချာလည်မှာ ခါးဆွပေးရတာတွေလည်း လုပ်ရမှာဖြစ်ပါတယ်။ ခါးဆွရာမှာလည်း စွန်မြီးသွားကိရိယာလေးနဲ့ ခပ်ပါးပါးလေးဆွပေးတာက အပင်အမြစ်လေးတွေပြန်လည်သန်စွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

ကဲ..ဒီလောက်ဆို တစ်ခုခုဖြစ်တိုင်း ရောဂါဖြစ်တယ်မထင်တော့ပါဘူးနော်။

Ref: https://www.masterclass.com/articles/soil-compaction-guide

https://extension.umn.edu/soil-management-and-health/soil-compaction#:~:text=Soil%20compaction%20can%20influence%20plant,and%20less%20overall%20root%20mass.

https://www.minickmaterials.com/blog/all-about-soil-compaction-causes-challenges-solutions-a-guide

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

9
Kyaw Thu Lin

Kyaw Thu Lin

လွန်ခဲ့သော ၂ နှစ် က

စိုက်ပျိုးရေး အသိပညာများ ရရှိပါတယ်

ကိုစိုးနိုင်ထွန်း

ကိုစိုးနိုင်ထွန်း

လွန်ခဲ့သော ၂ နှစ် က

လယ်မြေကိုနွေစပါးရိပ်သိမ်းပီးရင်စက်ကြီးနဲ့ဗန်းခွဲထားရင်အဆင်ပြေလား

yehtet

yehtet

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

Moe Moe Hlaing

Moe Moe Hlaing

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

သေချာပေါက်ဆိုင်တာပေါ့ရှင်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။