မြေဆွေးကို ပုံစံမျိုးစုံသုံးလို့ရပါတယ်
ဆိုတော့ကာ မြေဆွေးကနေပြီးတော့ အထွက်တွေကောင်းဖို့အတွက် မြေကနေပြီးတော့ ရေထိန်းထားနိုင်စွမ်ကောင်းဖို့၊ လေဝင်လေထွက်ကောင်းဖို့အတွက်ကို ကူညီထောက်ပံ့ပေးတယ်ဆိုတော့ သုံးသင့်တဲ့ မြေသြဇာကောင်းဖြစ်ပါတယ်။ ဘယ်လိုတွေ သုံးကြလဲဆိုတော့
• မြေထဲ ထည့်ခြင်း
• မြေဖုံးအဖြစ်သုံးခြင်း
• မြေဆွေးရည် အဖြစ်ပြောင်းလဲ အသုံးချခြင်း
မြေထဲထည့်တာက တော်တော်များများ သုံးကြတဲ့နည်းလမ်းပါပဲ။ မြေထဲမှာ အော်ဂဲနစ်ပစ္စည်းတွေကို ပြန်ပြီးဖြည့်တင်းပေးတဲ့အနေနဲ့ သုံးကြပါတယ်။ အော်ဂဲနစ်ပစ္စည်းတွေဆိုတာ တကယ်ကိုသန့်စင်ပြီးတော့ အပင်တွေအာဟာရနဲ့ ကြီးထွားဖို့အတွက် မရှိမဖြစ်အသုံးချကြရတဲ့ ပစ္စည်းဖြစ်ပါတယ်။
မြေဖုံးအဖြစ်သုံးကြတယ်ဆိုတာကလည်း မြေနဲ့မရောပဲနဲ့ မြေပေါ်မှာ တင်ပေးတာကိုပြောတာပါ။ သူက ဓာတုမြေသြဇာတွေလို အငွေ့ပျံတတ်သွားတာမဟုတ်ပဲနဲ့ မြေပေါ်တင်ထားလည်း ပရုတ်လုံးလေးလို ဖြည်းဖြည်းချင်းပြန်ပြီးတော့ လွှတ်ပေးတာမျိုးဆိုတော့ အေးဆေးသုံးလို့ရပါတယ်။ အဲ့လို မြေပေါ်မှာ ၈-၁၀ စင်တီမီတာ ((၃)လက်မကနေ (၄)လက်မ) အထိလောက် ဖုံးပေးထားတာမျိုးက ဥယျာဉ်ခြံတွေမှာ သုံးလို့လည်းရတယ်။ အဲ့လို သုံးလိုက်ရင်တော့
• မြေအစိုဓာတ်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။
• မြေကနေ အပူချိန်ကို ခံရပြီး အရမ်းပူနေတာမျိုး ဖြစ်နေတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။
• နောက်ပြီးတော့ မြေဆွေးက အပေါ်ကနေပြီးတော့ အာဟာရတွေကို တစ်ဖြည်းဖြည်း ထုတ်လွှတ်ပေးပြီးတော့ မြေထဲမှာလည်း အော်ဂဲနစ်ပစ္စည်းတွေကို မြေသားထဲကို ထည့်ပေးလိုက်တာမျိုး ကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။
မြေဆွေးတွေကို မြေဖုံးအဖြစ်သုံးပေးရင်တော့ အပေါ်မှာကောက်ရိုးလေးကို ထပ်ဖုံးပေးထားနိုင်ရင် ပိုကောင်းတာဖြစ်ပါတယ်။ အဲ့လို လုပ်ပေးတာကတော့ အာဟာရတွေ အကုန်အပြည့်အဝ ရစေချင်တာကြောင့်ပါ။
မြေဆွေးရည်အဖြစ် အသုံးပြုခြင်းမှာဆိုရင် မြေဆွေးကို အရည်အဖြစ်ပြောင်းပြီးတော့ ရွက်ဖျန်းအားဆေးရည်အဖြစ်နဲ့ သုံးတာပဲဖြစ်ပါတယ်။ အဲ့လို ပြောင်းလဲလိုက်တဲ့အခါ နိုက်ထရိုဂျင် ပါဝင်မှုနည်းပေမဲ့ တစ်ခြားသော အနည်းလို အာဟာရဓာတ်တွေကို ပြည့်ဝစွာ ထည့်ထားပေးတဲ့ ရွက်ဖျန်းအားဆေးရည်တစ်ခုအနေနဲ့ အပင်ကို ပိုမို သန်မာလာစေပါတယ်။ အဲ့ ရွက်ဖျန်းအားဆေးရည်ကို ဘယ်လိုလုပ်မလဲဆိုတော့ ရေစိမ်ပြီး ပြန်ဖျန်းပေးတာပါပဲ။ အဆင့်လေးတွေ သိချင်တယ်ဆိုရင်တော့.......
အဆင့်(၁)။ ။ ကောင်းကောင်းဆွေးမြေ့နေတဲ့ မြေဆွေးကို ဇကာအိတ်ထဲကိုထည့်ပေးပါ။ ဇကာကွက်က သေးလေကောင်းလေပေါ့နော်။ ဆေးဖျန်းပုံထဲ ပြန်ထည့်ဖျန်းမှာဆိုတော့ အဖတ်တွေမပါအောင် တစ်ခါတည်း လုပ်ထားတာပေါ့နော်။
အဆင့် (၂)။ ။ အဲ့အိတ်ကို ရေထည့်ထားတဲ့ ပုံးထဲမှာ ထည့်ပါ။
အဆင့် (၃)။ ။ တစ်နာရီကြာအောင်ထားပါ။ ပြီးတော့ အိတ်ကို ပြန်ဖယ်ထုတ်လိုက်ပါ။
အဆင့် (၄)။ ။ အဲ့ကနေ ထွက်လာတဲ့ အရည်တွေကို အပင်တွေကို ပြန်ဖျန်းပေးနိုင်ပါတယ်။ သတိထားရမှာကတော့ အနံ့ဆိုးထွက်လာတယ် ဆိုရင်တော့ မသုံးပါနဲ့။
အဆင့် (၅)။ ။ ရေစိမ်ပြီး ပြန်ထွက်လာတဲ့ အဖတ်လေးတွေကိုလည်း အပင်ခြေလေးမှာ ပုံပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
ကဲ မြေဆွေးလုပ်ပုံကြီးလည်း ပြီးသွားပြီ။ မြေဆွေးကို ဘယ်လိုသုံးတာလဲဆိုတာလည်း သိပြီးသွားပြီ။ အဲ့တော့ ကောင်းကောင်းအသုံးချနိုင်ပြီးတော့ ဓာတုတွေကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း…..
ထွန်းဝင်းကျော်
References;
“Compost Making Made Easy”, ADDA – VNFU Organic Project.
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကလွယ်နေတော့ဟုတ်ပါမလားလို့ထင်၊ လုပ်တော့ကြည့်လိုက်ပါ့မယ်။
ကျော်လင်း သိုက်
လွန်ခဲ့သော ၅ နှစ် ကဘာလို့ ဆောင်က်ကြမဲလဲ
ကျော်လင်း သိုက်
လွန်ခဲ့သော ၅ နှစ် ကဘာလုပ် ရမလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026