ငှက်ပျောသီးဘီယာပြုလုပ်ခြင်း
ငှက်ပျောသီးဘီယာကို ငှက်ပျောသီးမှည့်များနှင့်ပြောင်းဆန်မှုန့်ရော၍ ပြုလုပ်ခြင်းဖြစ်ပါသည်။ လိမ္မော်ရောင်ဘီယာ ဖြစ်ပါသည်။ ချိုပြီး အနည်းငယ်မူးစေပါသည်။ စနစ်တကျ သိုလှောင်ထားလျှင် လပေါင်းများစွာ သိုလှောင်ထားနိုင်ပါသည်။ ဘီယာပြုလုပ်ပုံ အမျိုးမျိုးရှိပါသည်။ အများအားဖြင့် ငှက်ပျောသီးနှင့် ပြောင်းမှုန့်ရော၍ စိမ်ပါသည်။ အချို့သောနေရာများတွင် လူးစေ့၊ ဓာတ်စေ့အမှုန့်များကို အသုံးပြုပါသည်။
ကုန်ကြမ်း
ကောင်းစွာ အမှည့်ညီသော ငှက်ပျောသီးများကို အခွံခွာရပါမည်။ အခွန်ခွာမရသော အသီးများ၊ အမှည့်လွန်နေသော အသီးများကို အသုံးမပြုရပါ။
ပြုလုပ်နည်းအဆင့်ဆင့်
အခွန်ခွာပြီးသော ငှက်ပျောသီးအမည့်များမှ အရည်ထုတ်ရပါမည်။ အညိုရောင် ဖြစ်နေသော အသီးများ၊ မှိုရောဂါကျနေသော အသီးများကို ဖယ်ရှားပြီး၊ အရည်ကြည်ရအောင် ပြုလုပ်ရန် အရေးကြီးပါသည်။ အရည်ကြည်ရအောင် ညှစ်ယူပြီးနောက် ငှက်ပျောသီးမှည့်အရည်အဆင့် (၂) ဆနှင့် ရေသန့်တစ်ဆရောရပါမည်။ ထို့နောက်ပြောင်းဆန်များကို အမှုန့်ကြိတ်၍ ကျိုရပါမည်။ ငှက်ပျောရည်တစ်ဂါလံတွင် ပြောင်းမှုန့်ဂ၇မ် (၁၀၀) ထည့်ရန်ဖြစ်ပါသည်။ပြောင်းမှုန့်ကို ကျို၍ ထည့်ခြင်းဖြင့် ဘီယာ၏ အရောင်နှင့် အနံ့ကို ပို၍ ကောင်းစေပါသည်။
ပြောင်းမှုန့်ဖြင့် ရောမွှေပြီးသော ငှက်ပျောသီးမှည့်အရည်များကို ဖိုင်ဘာပုံးများတွင် ထည့်၍ အပေါ်မှ ပလပ်စတစ်ဖြင့် လေလုံအောင် စည်းထားရပါမည်။ ၁၀ နာရီမှ ၂၄ နာရီအကြာတွင် ငှက်ပျောသီး ဘီယာရမည် ဖြစ်ပါသည်။
အသုံးပြုမည့်ခွက်များ ၊ ကိရိယာများ၊ လက်များ၊ ပုံးများကို ရေဖြင့် သန့်စင်စွာ ဆေးကြောထားရပါမည်။ ငှက်ပျောသီးဖျောရည် ဂါလံ( ၁၀၀) တွင် စပျစ်ဝိုင်တွင် ထည့်သောတဆေး (yeast) ဂရမ်(၂၀၀) နှုန်းထည့်ရန် လိုအပ်ပါသည်။
၂၄ နာရီခန့်အချိန်တွင် အခန်းအပူချိန်မှာ ၁၀၀ မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်ရှိရန်လိုအပ်ပါသည်။ အပေါ်မှ ပလပ်စတစ်ဖြင့် လေလုံအောင် စည်းထားရပါမည်။
စိမ်ရေကျမကျမှာ တဆေးထည့်၍ စိမ်ထားလျှင် ငှက်ပျောသီးဖျော်ရည်သည် ဖျစ်ဖျစ်နှင့် မြည်ပြီး တဖြည်းဖြည်း ပွက်နေပါမည်။ တစ်ရက် ခန့်ရှိလျှင် ငြိမ်သွားပါမည်။ တဆေးများငြိမ်သွားပြီး အပေါ်ယံ မျက်နှာပြင်၌ အနှစ်များ မရှိတော့ဘဲ အနှစ်အားလုံး အရည်မျက်နှာပြင်အောက်ရောက်သွားလျှင် ဘီယာပြုလုပ်ခြင်းလုပ်ငန်းပြည့်စုံပါသည်။
ထို့နောက် အဝတ်ဖြင့်စစ်ယူ၍ သန့်ရှင်းသော ပုလင်းများတွင်ထည့်၍ အပိတ်လုံစွာ ပိတ်ပြီး သိုလှောင်ထားနိုင်ပါသည်။ သိုလှောင်ရာတွင် အေး၍ ခြောက်သွေ့သော နေရာတွင် သိုလှောင်ရပါမည်။
ပြုလုပ်ပုံအဆင့်ဆင့်
ကုန်ကြမ်း - ငှက်ပျောသီးမှည့်
အခွန်ခွာခြင်း- လက်ဖြင့်ခွာပါ
အနှစ်များဖယ်ထုတ်ပါ - ဆံကာစိပ် ပေါ်တွင် ခြေထားသော ငှက်ပျောသီးများ ထည့်၍ အရည်ညှစ်ချပါ။
ရေနှင့်ရောပါ - ငှက်ပျောသီးမှည့်အရည် (၂ဆ) + ရေတစ်ဆ
အမှုန့်ဖြင့်ရောပါ - အမှုန့်ထောင်းထားသော ပြောင်းမုန့်များကို ရေအနည်းငယ်ထည့်၍ အပူပေးပြီး ငှက်ပျောအရည်နှင့် ရောပါ။ တဆေးထည့်ပါ။
အချဉ်ဖောက်ပါ - နိုင်လွန်းပုံးများတွင်ထည့်ပြီး အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်စည်းထားပြီး အချဉ်ဖောက်ပါ။ (၁၀-၂၄ နာရီ)
အရည်စစ်ပါ - အဝတ်စဖြင့် စစ်ယူပါ။
သိုလှောင်ပါ - ပုလင်းသွတ်+အဖုံးလုံအောင်ပိတ်ပြီး သိုလှောင်ပါ။
Source – ပို့စ်ဟာဗက် ဆွတ်ခူးပြီးနောက်ဝယ်(အောင်စိုး(စိုက်ပျိုး/၁၀၇))
Ma Cho Zin Nyein
လွန်ခဲ့သော ၁ နှစ် ကကောင်းကျိုး ဆိုးကျိုး
Khaing me me thet
လွန်ခဲ့သော ၅ နှစ် ကဘယ်နှစ်လအထိ အသုံးပြုနိုင်ပါသလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026