အိမ်မှာတင် ဖရဲယိုပြုလုပ်နည်း
ပျင်းနေကြပြီလား။ ဖရဲသီးတွေကလည်းပေါ်နေပြီဆိုတော့လေ ဖရဲသီးကိုတစ်လုံးလုံးဝယ် ပြီးတော့ ကိုယ်က အပြင်ကိုထွက် မစားဖြစ်ဘူးဆိုရင်…. ယိုထိုးထားမှာပေါ့။
ဖရဲယိုဆိုတာလည်း ဈေးထဲမှာ ရှားနေသေးတယ်ဆိုတော့ ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်စားဖို့ ဖရဲသီးကြိုက်တဲ့သူတွေအတွက်.. ဖရဲယိုပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်။
မစားဖူးလောက်သေးဘူးလို့ထင်ပါတယ်နော်။ ကဲ လိုက်ပြီး လုပ်ကြည့်ရအောင်
လိုအပ်တဲ့ပစ္စည်းတွေကတော့......
ဖရဲသီး (၈)ခွက်၊ အစေ့တွေဖယ်ထားပေးရပါမယ်နော်။ အသားချည်းပဲ သုံးမှပါ
လီမွန်ရည်က ခွက်ရဲ့ လေးပုံတစ်ပုံ
သကြား ၄ ခွက်
ယိုကိုခဲစေသောပစ္စည်း (Pectin)က ၂ ဘူး (pectin) က သကြားမပါတာဖြစ်ရပါမယ်နော်။ (ဆိုင်ကြီးတွေမှာ မေးဝယ်လို့ရပါတယ်။ ယိုလုပ်ရင် ထည့်ရတာပါ)
ကဲ....လုပ်တဲ့အဆင့်လေးတွေကို ကြည့်ရအောင်
အဆင့် (၁)။ ။ ခုနက ဖရဲသီး (၈)ခွက်ကို ကြိတ်စက်ထဲထည့်ပြီးတော့ ကြိတ်ပါ။ အရည်ကြီးပဲ ရအောင်ဆိုရင်တော့ (၄)ခွက်ပဲ ကျန်ပါလိမ့်မယ်။
အဆင့် (၂)။ ။ ဖရဲသီးအရည် (၄)ခွက်ကို အိုးထဲကိုထည့် ပြီးတော့ လီမွန်ရည်ထည့်လိုက်ရပါမယ်။
အဆင့်(၃)။ ။ အိုးသေးသေးတစ်ခု ဖြစ်ဖြစ် ခွက်သေးသေးတစ်ခုထဲ ဖြစ်ဖြစ် pectin ၂ဘူးကိုဖောက်ထည့် ပြီးတော့ သကြားခွက်တစ်ဝက်ထည့်။ အဲ့လိုထည့်ပေးမှ pectin တွေ မခဲပဲ တစ်ခါတည်းပျော်သွားမှာပါ။
အဆင့် (၄)။ ။ ဖရဲသီးအရည်တွေရယ်၊ ပြီးတော့ pectin ရယ်ရောပြီးတော့ နာနာလေးခေါက်ပေးပါ။
အဆင့် (၅)။ ။ အဲ့ဒါကို မီးပြင်းပြင်းနဲ့ ကြိုရမယ်။ မွှေတာကိုလည်း ရပ်လိုက်လို့မဖြစ်ဘူးနော်။ အောက်ဖက် တူးနိုင်လို့ပါ။
အဆင့်(၆)။ ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကျန်တဲ့သကြားတွေ အကုန်ထည့်လိုက်ပေါ့။ အဲ့ဒါဆိုရင်တော့ ပူစီပေါင်းတက်တာကိုလည်း သက်သာစေပါတယ်။
အဆင့်(၇)။ ။ တအားဆူတဲ့အထိ ထား၊ ပြီးတော့ တစ်မိနစ်လောက် ထပ်ချက်လိုက်ပါဦး။
အဆင့်(၈)။ ။ တစ်မိနစ်ပြည့်ရင်တော့ မီးပိတ်လို့ရပြီ။
ပြီးတော့ ဘာဆက်လုပ်ကြမလဲ ဆိုတော့ နည်းလမ်း (၃)ခုရှိပါတယ်။
ပုလင်းလေးတွေနဲ့ထည့်ပြီး စည်သွပ်ထားမလား
ရေခဲသေတ္တာထဲထည့်ပြီး တစ်နှစ်လောက်အထိ ထားစားမလား
ခုပဲစားမလား ပေါ့….
အကြိုက်ဆုံးကတော့ ဒုတိယ (၂) ခုပါပဲ။ ဘာမှ ထပ်လုပ်စရာမလိုတော့ဘူးလေ။
ပုလင်းလေးတွေနဲ့ စည်သွပ်ထားမယ်ဆိုရင်တော့ ယိုပုလင်း သေးသေးလေးတွေ သံဖုံးနဲ့ ဈေးထဲမှာရှာဝယ်ထားရမှာပါ။ ပြီးတော့ ရေသန့်သန့်လေးဆေး၊ အဖုံးတွေကို ရေနွေးနဲ့ပြုတ်ထား၊ တကယ်စည်သွပ်တော့မယ်ဆိုရင် ပုလင်းတွေကိုပါ ပြုတ်ရမှာပါ။ အိုးထဲမှာ ပုလင်းထည့်၊ ပုလင်းလေးတွေ ရေတစ်ဝက်လောက်အထိမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေး၊ သန့်လည်းသန့် ခြောက်လည်းခြောက်ပြီဆိုရင် ယိုလေးတွေဖြည့်ပေးလို့ရပါပြီ။
ယိုလေးတွေကိုဖြည့်တဲ့နေရာမှာ အပြည့်ကြီးမဖြည့်ပဲနဲ့ တစ်လက်မရဲ့ လေးပုံတစ်ပုံလောက်တော့ လေဟာနယ်ချန်ထားပြီး အဖုံးလေးသေချာပိတ်လိုက်ရင် အဆင်ပြေသွားပါပြီနော်။ ပုလင်းအကုန်မပြည့်ဘူး တစ်ဘူးက တစ်ဝက်လောက်ပဲဝင်တယ် ဆိုရင်တော့ စားပစ်လိုက်ပါ။
ပုလင်းတွေ အကုန်ပြီးရင်တော့ ရေနဲ့ ထပ်ပြုတ်ရဦးမှာပါ။ ရေထဲကိုထည့် ပြီးတော့ အပူပေး၊ ဆူပွက်ပြီး ၁၀မိနစ်လောက်အထိ ထားပေးပြီးရင် သဘက်ဖြစ်ဖြစ် အဝတ်လေးနဲ့ဖြစ်ဖြစ်သုတ်၊ ရေစစ်၊ အေးသွားပြီဆို အဖုံးတွေ ဘာတွေစစ်၊ ပြီးရင်တော့ အေးဆေးထား စားလို့ရပြီပေါ့။
ဖရဲယို စားချင်နေပါပြီလို့။
ထွန်းဝင်းကျော်
ညိမ်းထွန်း
လွန်ခဲ့သော ၂ နှစ် ကတင်ပေးတာကျေးဇူးတင်ပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026