လွယ်ကူရိုးရှင်းတဲ့ ခရမ်းချဉ်သီးယိုထိုးနည်း
ပါဝင်ပစ္စည်းများ
ရင့်မှည့်နေသော ခရမ်းချဉ်သီး ၇၀၀ ဂရမ်
သကြား ၁ ခွက် ၅၀ ဂရမ်
သံပုရာရည် ၂ ဇွန်း (လက်ဖက်စားဇွန်း)
ဂျင်းရည် ၁ ဇွန်း (လက်ဖက်စားဇွန်း)
အမှုန့်ကြိတ်ထားသော ဇီရာစေ့ ၁ ဇွန်း (လက်ဖက်စားဇွန်း)
အမှုန့်ကြိတ်ထားသော သစ်ကြံပိုးခေါက် ၁/၄ ဇွန်း (လက်ဖက်စားဇွန်း)
အမှုန့်ကြိတ်ထားသော လေးညှင်းပွင့် ၁/၈ ဇွန်း (လက်ဖက်စားဇွန်း)
ဆား ၁ ဇွန်း (လက်ဖက်စားဇွန်း)
ငရုတ်သီးမှုန့် ၁ ဇွန်း (လက်ဖက်စားဇွန်း)
ပြုလုပ်ပုံအဆင့်ဆင့်
အဆင့် ၁
ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ။ ပါဝင်ပစ္စည်းအားလုံးကို လက်ကိုင်ပါသော ဒယ်အိုးထဲသို့ထည့်ပြီး မီးအပူချိန်အသင့်အတင့်တွင် ပွက်အောင်တည်၍ မကြာခဏမွှေပေးပါ။
အဆင့် ၂
ယိုအနေအထားပျစ် လာပါက မီးအပူချိန်ကိုလျှော့ချလိုက်ပြီး မီးအေးအေးဖြင့် ၁နာရီ ၁၅ မိနစ်ခန့်ထား၍ ရံဖန်ရံခါမွှေပေးပါ။ အရသာကိုမြည်းစမ်းပြီး လိုအပ်သော အရသာကိုထည့်ပါ။ ထို့နောက်အအေးခံပြီး ရေခဲသေတ္တာတွင် သိမ်းဆည်းထားပါ။ သိမ်းဆည်းထားပြီးတစ်ပါတ်အကြာတွင်စားသုံးနိုင်ပါသည်။
ဖြိုးသဉ္ဇာကျော် ဘာသာပြန်ဆိုသည်။
ဒါကတော့နောက်တစ်နည်းပါ....
ခရမ်းချဉ်သီးယို
- ခရမ်းချဉ်သီးတစ်ပိသာကို အလုံးလိုက် ရေထည့်ပြုတ်ပါ။
- ခရမ်းချဉ်သီးနူးလောက်ရင် အအေးခံပါ။ လက်နဲ့ကိုင်လို့ရတဲ့အခါ ဓါးအချွန်နဲ့ ခရမ်းချဉ်သီးလေးဖက်လေးတန်ကို အထဲရောက်အောင် အရာပေးပြီးခွဲပါ။ ပြီးရင် အစေ့တွေထွက်အောင်ညှစ်ထုတ်ပါ။ ခရမ်းချဉ်သီးကိုအလုံးမပျက်ပါစေနဲ့။
- သကြား ၇၅ကျပ်သားကို ရေထည့်ပြီးသကြားရည်ကြိုပါ။ ဆားနည်းနည်း ထည့်ကြိုပါ။
- သကြားအရည်ပျော်ရင် အ၀တ်နဲ့အမှိုက်တွေစစ်ပစ်ပါ။
- ပြီးရင် သကြားရည်ကိုပေါက်စေးကျအောင်ပြန်ကြိုပါ။
- သကြားရည်နဲ့ခရမ်းချဉ်သီး တစ်သားတည်းဖြစ်ရင် ဖိုပေါ်ကချပြီး အအေးခံပါ။
****ခရမ်းချဉ်သီးကို အလုံးလိုက်ယိုမထိုးဘဲ ပြုတ်ပြီးသားကို စကာနဲ့အနှစ်တိုက်ပြီး ယိုထိုးလို့လည်းရပါတယ်။
credit - မူရင်းရေးသားသူ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး