ဆန်စပါကလင်ဝိုင်
ခေါင်းစဉ်ဖတ်ပြီးဆန်းသွားပြီလား။ ဆန်အရက်လဲမဟုတ်သလို ခေါင်ရည်လည်း မဟုတ်ပါဘူးနော်။ ဒါပေမယ့် မုယောစပါးကနေချက်လုပ်တဲ့ ဘီယာဖြစ်စဉ်နဲ့ ဆင်ပါတယ်။ သစ်သီးဝိုင်အများစုဟာ သဘာဝအလျောက် အယ်ကိုဟောပါဝင်မှု ၁၀-၁၄ထိ ရှိတဲ့အတွက် စပါကလင်မဖောက်တဲ့ အချဉ်ဖောက်ခြင်း(Fermentation) မှတဆင့် အီသနော နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးပြီး အချဉ်ဖောက်ခြင်း (Fermentation) အပြီးမှာ Alchol ကိုပြောင်းပေးတဲ့ ဖြစ်စဉ်လေးပါ။ ဆန်မှာတော့ ကြိုချက်ခြင်းတစ်ဆင့် ပိုလာတဲ့အတွက် သာမန် ဝိုင်လုပ်ရိုးလုပ်စဉ်ထက်တော့ တစ်ဆင့်အလုပ်ရှုပ်သွားတာပေါ့။ ကဲchemical ဖြစ်စဉ်တွေကို မရှင်းပြတော့ပဲ လွယ်ကူရိုးရှင်းပြီး နား လည်လွယ်တဲ့ ချက်လုပ်နည်းလေးကို အပျင်းပြေ လိုက်လုပ်ကြည့်လိုက်ရအောင်လားဗျာ။
လိုအပ်သော ပါဝင်ပစ္စည်းများ -
- ရေသန့် (၁) လီတာ
- ဆန်ကြမ်း (၂၅၀) ဂရမ်
- သကြားဖြူ (၂၅၀) ဂရမ်
- တစေး (Yeast) ထမင်းစားဇွန်း ၂ စွန်းခန့်
ဒီနေရာမှာ တစ်ချက်ပြောလိုတာကတော့ တစေး(Yeast) ဟာ ကတလစ် (catalyst) လို့ခေါ်တဲ့ ဓာတ်ကူပစ္စည်းဖြစ်တဲ့အတွက် အချိုးအ စားတိကျဖို့ သိပ်မလိုအပ်ပါဘူး။ ဒါပေမယ့် အများကြီးတော့ ပုံမထည့်နည့်ပေါ့။
အဆင့် (၁)
- အပူချိန် ၂၀၀ ဒီဂရီ ဖာရင်ဟိုက် -၂၅၀ ဒီဂရီ ဖာရင်ဟိုက် ကြားမှာ ရေသန့် ၁ လီတာကို ကျိုပါ။ ရေသန့်ထဲကို စောစောက သကြားဖြူ ၂၅၀ ဂရမ် ကို ထည့်ပြီးကျိုပါ။ ထို့နောက် ဆန်ကြမ်း၊ ဆန်ချောလုပ်လည်း ရပါတယ်နော်။ ပေါ့ဆန်းဖြစ်ဖြစ် ၂၅၀ ဂရမ်ကို သကြားပူရည်ထဲထည့်ပြီး ကျိုချက်ပါ။ ဆက်တိုက်မွှေပေးပါ။ ၁၅မိနစ်ခန့် ကျိုပြီးနောက် ၁၀ နာရီခန့် အဖုံးလုံစွာပိတ်၍ အအေးခံပါ။
အဆင့် (၂)
ဝိုင်ဖောက်ရန်အတွက် ပလတ်စတစ်ဘူး ဒါမှမဟုတ် သောက်ရေသန့် ဘူးလတ်ကိုမှ နှုတ်သီးပါတဲ့ ဘူးကိုသုံးပါ။ ဒါမှ အရည်ကြည်စစ်တဲ့အဆင့်မှာ အလုပ်ရှုပ်သက်သာစေမှာဖြစ်လို့ပါ။ စောစောက လုပ်ခဲ့တဲ့ ကျိုချက်ပြီးသားကို ကန်တော့တစ်ခုကိုသုံးပြီး အနယ်အနှစ်တွေပါမကျန် ဘူးထဲကို ပြောင်းထည့်ပါ။
အဆင့် (၃)
တစေး ထည့်ပါ။ တစေး ဆိုတာက မရှားပါဘူးနော်။ မြန်မာတိုင်းရင်းဆေးမြှီးတို ရောင်းတဲ့ဆိုင်တွေမှာ ရှာလို့ရပါတယ်။ ၅ကျပ်သား တစ်ထုပ်မှ ၅၀၀ ကျပ်လောက်ပဲရှိပါတယ်။ တခြားပိုကောင်းတဲ့ ဝိုင်တစေးကိုတော့ စာရေးသူ ဈေးမသိလို့ပါနော်။ ရှိရင်လည်း ထည့်ပါ။ ပိုကောင်းတာပေါ့ဗျာ ။
အဆင့် (၄)
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်ပါ။ တစေးထည့်လိုက်တဲ့ Fermentation ဟာ နေ့ချင်းညချင်းကို CO2 ထွက်တာ မြန်ပါတယ်။ အဖုံးကို ဟပြီးထုတ်လို့ရပါတယ်။ အပြည့်လှပ်စရာမလိုပါ။ နားလည်လွယ် အောင်ပြန်ရေးရရင် coca cola အဖုံးဖွင့်လိုက်တဲ့အခါ ရှူးကနဲ့ ဓာတ် ငွေ့ထွက်သွားတာမျိုး ဖြစ်စဉ်ပါ။ ကဲ ၃၆နာရီ ထားပြီး fermentation ဖြစ်စဉ်ကို ဖြစ်မဖြစ် စောင့်ကြည့်ရတော့မယ်နော်။ (၂) ရက် ကြာတဲ့အခါ primary fermentation ဆိုတဲ့ မူလပထမ အချဉ်ဖောက်တဲ့ရလဒ်ကိုတိုင်းဖို့ Hydrometer နဲ့ တိုင်းတဲ့ဖြစ်စဉ်ကို နောက်ပိုင်းမှ ကျွန်တော် အသေးစိတ်ဖော်ပြပါ့မယ့်။
၂၅ရက် ကြာတဲ့အခါ ကျွန်တော်တို့ ဖောက်ထားတဲ့ ဆန်စပါကလင်ဝိုင်ဟာ အနည်တွေထိုင်ပြီး အရည်ကြည်လုနီးပါးဖြစ်နေပါပြီ။ Racking လို့ခေါ်တဲ့ အရည်ကြည်ဖယ်ခြင်းဖြင့် အောက်ကအနှစ်ကို စကာစစ် ခံပြီး ကတော့ခံ ၊ ပြီးရင် ထည့်စရာ၊ သိုလှောင်စရာ ဖန်ပုလင်းထဲကို ဖွင့်ချရုံပါပဲ ။
ကဲ နောက်ဆုံးမှာ အရောင် ဝါဖန်ဖန်နဲ့ ဗော်ကာဆန်ဆန် ဆန်စပါကလင်ဝိုင်ကို သောက်သုံးလို့ ရပါပီနော်။
အခုအချိုးအတိုင်း သကြားပါဝင်မှုနဲ့ဆိုရင် ယခုဝိုင်ရဲ့ အယ်ကိုဟော ပါဝင်မှုဟာ ၁၀ -၁၂ ကြားမှာ ရှိနေမှာပါ။ ဒါ့ကြောင့် ဘီယာဆိုင် မပြေးတော့ဘဲ အိမ်မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး ရီဝေဝေလေးပေါ့ ။
ပြည့်ဖြိုးသော်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ဆန်စပါကလင်ဝိုင်
phoenyein
လွန်ခဲ့သော ၄ နှစ် ကhydrometer ကဘာအတွက်လဲခင်ဗျပြီးတော့ ဝိုင်တဆေးဆိုပြီးဘယ်လိုဆိုင်မျိုးမှာမေးရနိုင်ပါသလဲခင်ဗျ ငှက်ပျောဝိုင်ဖောက်ထားတာ အတော်ကောင်းပါတယ် ဒါပေမဲ့alchol ပါဝင်မှုက ဘယ်လောက်ရှိလဲမသိဘူးဖြစ်နေတယ်
Htin Lin Kyaw
လွန်ခဲ့သော ၄ နှစ် ကဆန်ကိုဆေးစရာမလိုဘူးလား။
ကျော်မြင့်ဌေး
လွန်ခဲ့သော ၅ နှစ် ကတစေးကgreen wayကဖော်ပြထားတဲ့လုပ်နည်းနဲ့လုပ်ပီးထည့်လို့ရနိုင်လားခဗျ
ဦးခင်မောင်ဦး
လွန်ခဲ့သော ၅ နှစ် ကတဆေးဝယ်လို့မရလို့
ဦးခင်မောင်ဦး
လွန်ခဲ့သော ၅ နှစ် ကတစေးကဝယ်လို့မရဘူးမြန်မာဆေးဆိုင်တွေမေးကြည့်တော့မသိဘူးဗျ။လမ်းညွန်ပေးပါဦး။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ပြည့်ဖြိုးသော်
အားလုံး