ရေကိုစီမံခန့်ခွဲခြင်း (၁)
မြေထဲ ရေဘယ်လိုစီး
ကျန်းမာတော်မူကြပါစေခင်ဗျာ
မြေကြီးလက်တစ်ဆုပ်လောက်ယူလိုက်၊ သတ္တုမှုန်လို့ခေါ်တဲ့ ကျောက်ခဲလေးတွေကနေဖြစ်လာတဲ့ အမှုန်လေးတွေရယ်။ နောက် အော်ဂဲနစ်အမှုန်တွေဖြစ်တဲ့ အပင်အကြွင်းအကျန်တွေ (သစ်ရွက်ပုပ်လို၊ သစ်ကိုင်းဆွေးမှုန့်လို) နဲ့ သတ္တဝါအကြွင်းအကျန်တွေ (အရိုးမှုန့်) တွေ ပေါင်းစပ်နေတာကို ခံစားကြည့်လိုက်ပါ။ အမြင်မှာတော့ သူတို့တွေက တစ်ခုနဲ့တစ်ခု ထိကပ်နေကြပြီးတော့ မြေကြီးဆိုတာကြီးကို ဖြစ်လာတယ်ပေါ့။ တကယ်တမ်းကျတော့ သူတို့အမှုန်လေးတွေကြားထဲမှာ လေဟာနယ်အပေါက် သေးသေးလေးတွေရှိကိုရှိပါတယ်။
ဖန်ခွက်ထဲတစ်ခွက်ယူပြီး မြေကြီးအခြောက်လေးကိုထည့်လိုက်။ ပြီးတော့ ရေထည့်ကြည့်ပါ။ ရေတွေက တစ်ဖြည်းဖြည်းနဲ့ အောက်ဖက်ကိုဆင်းသွားတာကို မြင်ရတာပေါ့။ အဲ့ဥပမာမှာ ခြောက်နေတုန်းက လေဟာနယ်အပေါက်လေးတွေဟာ လေနဲ့ပြည့်နေပြီးတော့ ရေလောင်းလိုက်တဲ့အခါမှာတော့ ရေတွေနဲ့ပြည့်သွားတာဖြစ်ပါတယ်။ အဲ့လိုအပေါက်လေးတွေဆိုတာ စိုက်ထားတဲ့အပင်တွေက လေနဲ့ရေကို ထောက်ပံ့ပေးနိုင်တဲ့အပြင် မြေကြီးထဲက သတ္တဝါလေးတွေအတွက် လေဝင်ရေဝင်ပေါက်တွေပဲဖြစ်ပါတယ်။
မြေကြီးကို စိုက်ပျိုးရေးဖက်ကနေကြည့်ပြီးတော့ အလွှာတွေခွဲကြည့်ရင်
(၁) ထွန်ယက်တဲ့အလွှာ။ ။ သူက တစ်ပေလောက်တော့ ထူပြီးတော့ အပေါ်ဆုံးက မြေသားအလွှာဖြစ်ပါတယ်။ အဲ့နေရာမှာ အော်ဂဲနစ်ပစ္စည်းတွေ ပေါကြွယ်ဝပြီးတော့ အမြစ်တွေ အသက်ရှင်နေထိုင်နိုင်ပါတယ်။ အဲ့မြေသားထုက ကောင်းတယ်ဆိုရင် အညိုကနေ အနက်ရောင်တွေရှိရပါတယ်။
(၂) အနက်ထွန်ယက်လွှာ။ ။ သူကကျတော့ ခုဏက အနက် (၁) ပေထက်ကျော်ပြီးတော့ ထွန်ယက်နေကြသေးတဲ့ အလွှာဖြစ်ပါတယ်။ ဒီအလွှာမှာတော့ မြေပေါ်က ထွန်ယက်တဲ့အလွှာလောက် အာဟာရပါဝင်မှုက သိပ်များမှာမဟုတ်ပါဘူး။ ပြီးတော့ ထွန်ရတာလည်း နည်းနည်းပိုခက်ပါတယ်။ ပိုမာပါတယ်။ အရောင်က လင်းတဲ့ဖက် ပိုရောက်သွားတယ်။ တစ်ချို့နေရာတွေမှာဆို အဝါရောင်လို အနီရောင်လို အကွက်တွေကိုပါ တွေ့ရတတ်ပါတယ်။
(၃) မြေတစ်ဝက် အလွှာ။ ။ ဒီအလွှာမှာတော့ အော်ဂဲနစ်ပစ္စည်းတွေလည်း မရှိသလို အမြစ်တွေကိုလည်း ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ စိုက်ထားတဲ့အပင်အမြစ်တွေကလည်း ဒီအလွှာအထိ မဆင်းပါဘူး။ တစ်ချို့ အပင်ကြီးတွေလောက်က အမြစ်တစ်ချို့လောက်ပဲ ရောက်တာဖြစ်ပါတယ်။
(၄) မိခင်ကျောက်သားအလွှာ။ ။ ကျောက်တုံးတွေရှိတဲ့အလွှာဖြစ်ပါတယ်။
အလွှာတွေအကြောင်းလည်း သိသွားပြီဆိုတော့ ရေတွေဘယ်လို ဆင်းသလဲကြည့်ရအောင်
မြေသားတည်ဆောက်ပုံမှာပါဝင်နေတဲ့ မြေမှုန်တွေဆိုတာ စီထားလို့ရတဲ့ လေးထောင့်လေးတွေလို ပုံစံလေးတွေမဟုတ်ပါဘူး။ မိခင်ကျောက်သားကနေ ပဲ့ထွက်လာတဲ့ ပုံစံအတိအကျမရှိတဲ့ အမှုန်လေးတွေဖြစ်ပါတယ်။ အရိုးတွေကနေ ဆွေးကျလာတဲ့ အမှုန်လေးတွေပါမယ်။ အဲ့လိုအမှုန်လေးတွေကို တစ်ခုနဲ့တစ်ခု တူတူထည့်လိုက်တဲ့အခါ ကျောက်တုံးလေးတွေကို ထည့်လိုက်သလိုပဲ တစ်ခုနဲ့တစ်ခုကြားမှာ ဟနေတာတွေရှိပါတယ်။ အတုံးသေးသေးဆို နည်းနည်းပဲဟပြီးတော့ အတုံးကြီးကြီးတွေချည်းပဲဆို များများဟပါတယ်။ အဲ့လို အဟ လေးတွေက စိုက်ပျိုးရေးလုပ်ငန်းမှာ အရေးကြီးပါတယ်။ အဟတွေအကြောင်း နားလည်ပြီဆိုတော့ မြေမှုန်တွေအကြောင်းကို သွားကြတာပေါ့။
နုန်းမြေမှုန့်၊ မြေစေးမှုန့်၊ ရွှံ့မှုန့်၊ သဲမှုန့် တွေဆိုတာ ဘယ်မြေကြီးမှာမဆို ပါပါတယ်။ ဘယ်အမှုန်တွေက သေးသလဲ ကြီးသလဲဆိုတော့ ကိုင်ကြည့်ရသမျှတော့ သဲမှုန်က အကြီးဆုံးပါပဲ။ မြန်မာစကားမှာ ‘ခဲလေသမျှ သဲရေကျ’ တို့လိုမျိုး၊ ‘သဲထဲ ရေသွန်’ ဆိုတာမျိုးကို တကယ့်ကိုသိပ္ပံနည်းအရကြည့်ရင်တော့ သဲမှုန်တွေ တစ်ခုနဲ့တစ်ခုကြားက လေဟာနယ်လေးတွေကကြီးတော့ ရေဆိုရင် လောင်းလိုက်တာနဲ့ အောက်ကိုမြန်မြန်ဆင်းသွားပါတယ်။ ရွှံ့မြေမှာ လောင်းကြည့်ရင်ကျတော့ သဲလောက်မမြန်တော့ဘူး အောက်ကိုတစ်ဖြည်းဖြည်းနဲ့ စီးကျသွားပါတယ်။ အဲ့လို ရေက ဘယ်လောက်မြန်မြန်ဖြတ်ပြီး စီးသလဲဆိုတာကို Infiltration rate ရေဖြတ်စီးဆင်းနှုန်း လို့ခေါ်ပါတယ်။ အဲ့ဒါကိုလည်း တိုင်းတာပါတယ်။ စိုက်ရေးမှာ အရေးကြီးတယ်ဆိုတာကိုတော့ ပြောဖို့မလိုတော့ဘူးလို့ ထင်ပါတယ်။
အဲ့လို ရေဖြတ်စီးဆင်းနှုန်းကို ဘယ်အရာတွေက ဆုံးဖြတ်ပေးနိုင်သလဲ
(၁) မြေသား အနုအကြမ်း၊
ပါဝင်တဲ့ အမှုန်တစ်ခုချင်းစီက ကြမ်းလေလေ ကြီးလေလေ ရေစီးနိုင်တဲ့နှုန်းက မြန်လေလေဖြစ်ပါတယ်။ အရမ်းနုတယ် အမှုန်လေးတွေက သေးသေးလေးတွေဖြစ်လေလေ ရေဖြတ်စီးတဲ့နှုန်းက နှေးလေလေဖြစ်ပါတယ်။
(၂) မြေသား အစိုဓာတ်
ဘာပြောကောင်းမလဲ မြေကြီးထဲ စိုနေတယ်ဆို နှေးတာပေါ့၊ လုံးဝကြီးခြောက်နေတယ်ဆိုရင် အမှုန်လေးတွေတောင်ထ ရှဲကနဲ အသံထွက်ပြီး စီးတာမှ မြန်ချက်လေ။
(၃) မြေသားတည်ဆောက်ပုံ
သဲဆန်တဲ့မြေကိုလည်း အော်ဂဲနစ်မြေဆွေးတွေထည့်ပြီး တည်ဆောက်ပုံကို ပြင်လိုက်လို့ရတာပဲ။ ရေအရမ်းဝပ်တာကိုလည်း မြေထဲရောပြီး ပြင်လိုက်လို့ရတာပဲ။ အဲ့လို တည်ဆောက်ပုံတွေကွာသွားတာနဲ့အမျှ ရေဖြတ်စီးတဲ့ နှုန်းအရှိန်ကလည်း ကွဲသွားပါတယ်။
စိတ်ဓာတ်မကျပါနဲ့ ဘယ်အရာမဆို ပြင်လို့ရနိုင်ပါတယ်။ သဘာဝကြီးက လက်ဆောင်ပေးထားတာတွေကိုလည်း တန်ဖိုးထားရင်း ကောင်းကျိုးတွေများအောင် ဖန်တီးကြရအောင်ပါ။
ဒီတစ်ခေါက်တော့ နားကြစို့ရဲ့
ထွန်းဝင်းကျော်
http://www.fao.org/3/r4082e/r4082e03.htm
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026