အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အာစန်နီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများ ဆက်ရှိနေဦးမည်ဖြစ်ပြီး မေ ၁၂ ရက်မှစပြီး နေ့အပူချိန်များ ဆက်တိုက်လျော့လာမည်

အာစန်နီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများ ဆက်ရှိနေဦးမည်ဖြစ်ပြီး မေ ၁၂ ရက်မှစပြီး နေ့အပူချိန်များ ဆက်တိုက်လျော့လာမည်

Green Way
Green Way • 10/05/2022

အာစန်နီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများ ဆက်ရှိနေဦးမှာဖြစ်ပြီး မေ ၁၂ ရက်ကစလို့ နေ့အပူချိန်များလည်း ဆက်တိုက်လျော့လာမှာဖြစ်ကာ မုတ်သုံလည်း တစ်ဆက်တည်း ဝင်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာမိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ ECMWF, JTWC, TSR နဲ့ GFS တို့ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ဦးဝင်းနိုင်က ခန့်မှန်း ပြောကြားတာပါ။

ဒီနေ့ မေ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်တွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာလည်း “ မနက်ဖြန်မနက်အတွက် ခန့်မှန်းချက်တွေအရ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

အာစန်နီဆိုင်ကလုန်းမုန်တိုင်းဟာ ယခင်ထုတ်ပြန်ချက်တွေနဲ့ လားရာအနည်းငယ်ပြောင်းပြီး မြန်မာ နိုင်ငံနဲ့ဝေးသွားလို့ သက်ရောက်မှုလျော့သွားပေမယ့် သူ့အရှိန်နဲ့မိုးရွာတာတွေတော့ ဆက်ရှိနေဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ ၁၁ ရက်၊ ၁၂ ရက်လောက်ထိတော့ သူ့အရှိန်က ကျန်နေသေးတယ်။ ဘာလို့လဲဆိုတော့ သူက အိန္ဒိယကုန်းတွင်းပဲဝင်ဝင်၊ မြောက်ဘက်ကိုပဲကွေ့ကွေ့ အနောက်တောင်လေစီးကြောင်းကြီးက သူ့ကို တွန်းပို့နေတာကိုး။ တွန်းပို့နေတော့ အနောက်တောင်လေစီးကြောင်းနဲ့ ကပ္ပလီပင်လယ်မှာရှိတဲ့ တိမ်တွေ၊ ထိုင်းပင်လယ်ကွေ့မှာရှိတဲ့တိမ်တွေ၊ ဟိုးအနောက်မြောက်ဘက်က ဆင်းလာတဲ့ တိမ်အေး တွေပေါ့။ လေအေးစီးကြောင်းတွေ ဒီဟာတွေကတော့ ဗမာပြည်ထဲကို ဝင်နေမှာ။ ဆိုတော့ မိုးရွာမယ့် အခြေအနေကတော့ ကောင်းနေသေးတယ်” လို့ သူက ဆိုပါတယ်။

မုန်တိုင်းအရှိန်နဲ့မုတ်သုံလည်းဝင်လာနိုင်ပြီး မေ ၁၂ ရက်ကစလို့ အပူချိန်တွေလည်း တောက်လျှောက်ကျဆင်းသွားနိုင်ကာ အဲ့ဒီအချိန်မှာ ငွေ့ရည်ဖွဲ့နှုန်းနဲ့ကိုက်ညီမှု၊ တိမ်တွေလည်း ရှိနေမှု စတာတွေနဲ့ကိုက်ညီရင် မိုးရွာတာတွေ ဆက်ရှိမှာဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ အပူချိန်က ဗမာပြည်ထဲမှာ အခု ၁၂ ရက်၊ ၁၃ ရက်လောက်ဆိုရင် နေ့လယ် အပူချိန်တွေက သူက ၃၀ ကျော်လောက်ထိ ကျသွားပြီ။ အရင်က ၄၀ နီးနီးလောက် ဖြစ်နေတာလေ။ ညဘက်မှာဆို ၂၇ ဒီဂရီထိဆင်းတယ်။ အဲ့ဒီနေရာတွေရဲ့ Dew point (ငွေ့ရည်ဖွဲ့မှု) ကလည်း ၂၆၊ ၂၇ ပတ်ဝန်းကျင်ထိ ဆင်းလာတယ်။ ဆင်းလာတယ်ဆိုတော့ မွန်းလွဲပိုင်း၊ ညနေပိုင်း၊ ညပိုင်းတွေမှာ လေစီးကြောင်းနဲ့ ပါလာတဲ့တိမ်တွေနဲ့လည်း တွေ့မယ်ဆိုရင် ဗမာပြည်အလယ်ပိုင်းတွေမှာကို မိုးရွာမယ့်အနေအထား မျိုး အများကြီးဖြစ်သွားပြီ” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

မိုးရွာနိုင်ဖို့အတွက်လိုအပ်ချက်အနေနဲ့ အပူချိန်ကျလာရမှာဖြစ်သလို သူ့အပူချိန်နဲ့ ကိုက်ညီမှုရှိတဲ့ အငွေ့ကနေအရည်ဖြစ်သွားစေတဲ့ Dew point ဆိုတဲ့ဟာနဲ့ သိပ်မကွာခြားဘဲ ကိုက်ညီမှုရှိရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုကိုက်ညီမှုရှိပေမယ့် အဲ့ဒီနေရာမှာ တိမ်မရှိရင်လည်း မိုးရွာမှာမဟုတ်ဘဲ သုံးချက်လုံးကိုက်ညီမှသာ မိုးရွာမှာဖြစ်တယ်လို့ သိရပါတယ်။

အပူချိန်ကျမယ့်ထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေလည်း ပါဝင်ပြီး နေ့လယ်ပိုင်းအပူချိန်တွေ တောင်မှ ၃၅ ဒီဂရီစင်တီဂရိတ်အထက်မှာ ရှိနေတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

Photo crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
U Hla Yaung

U Hla Yaung

လွန်ခဲ့သော ၄ နှစ် က

မီုးလဝေါသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။