အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်နေတာဟာ ဘာဖြစ်နိုင်သလဲ..?

ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်နေတာဟာ ဘာဖြစ်နိုင်သလဲ..?

Green Way
Green Way • 07/07/2022

အခုဇူလိုင်လအစ ၁ ပတ်အတွင်းမှာ မြန်မာနိုင်ငံပြည်တွင်းနဲ့ အနီးတဝိုက်နေရာတွေမှာ ငလျင်ငယ်လေးတွေဆက်တိုက်လှုပ်နေတာ ၁၃ ကြိမ်ရှိသွားပါပြီ။ ဒီလိုလှုပ်နေတဲ့အပေါ် တချို့က ငလျင်ကြီးတခုရဲ့ရှေ့ပြေးလားဆိုပြီး စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

တကယ့်အခြေအနေမှာတော့ ငလျင်လှုပ်ခြင်း ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်သေးပါဘူးတဲ့။  ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသအခြေအနေတွေကို စောင့်ကြည့်သုံးသပ်ပေးနေသူ ဆရာဦးဝင်းနိုင်က ဘယ်လိုသုံးသပ်ထားသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

“ ပြတ်ရွေ့ကြီးတွေနဲ့ သက်ဆိုင်တဲ့ ငလျင်ငယ်တွေဆိုရင်တော့ ရှေ့ပြေးငလျင်တွေလို့ သတ်မှတ်ယူဆပြီး နောက်က အကြီးကြီးက ထပ်လှုပ်တတ်တယ်။ ပြတ်ရွေ့ကြီးတွေနဲ့ မသက်ဆိုင်ရင်တော့ ငလျင်ငယ်လေးတွေလှုပ်တာဟာ လှုပ်နေကျဖြစ်လို့ မစိုးရိမ်ရဘူးပေါ့။ ပြတ်ရွေ့ကြီးတွေနဲ့သက်ဆိုင်သလား/မသက်ဆိုင်ဘူးဆိုတာကျတော့ မြေအောက်အနက်အချက်အလက်နဲ့ Sensor တွေက ရတဲ့ အရွေ့ပမာဏကို ကြည့်ပြီး ကောက်ချက်ချရမှာ” 

“ အန်ဒါမန်ကျွန်းစုတွေနဲ့ နီကိုဘာကျွန်းပင်လယ်ပြင်မှာ တစ်ပတ်အတွင်းလှုပ်တာတွေက များတယ်၊ အဲ့ဒီနေရာမှာ(အင်ဒိုနီးရှားစုမာတြားကျွန်းပတ်ဝန်းကျင်)တော့ တစ်ခုခုဖြစ်နိုင်မယ်လို့ ထင်တယ်၊ အထင်ဘဲပေါ့ဗျာ။ ကျန်တာတော့ ဘာမှ ပြောလို့မှ မရတာ” 

“ ဘာကိုမှ တိတိကျကျမပြောနိုင်တဲ့ သဘာဝဘေးအန္တရာယ်မျိုးဖြစ်လို့ သတိရှိကြပါဆိုတာပဲ ပြောနိုင်ပါတယ်ဗျာ” 

ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်မလွန်ကဲကြဖို့အကြောင်း ဦးဝင်းနိုင်ရဲ့ သုံးသပ်ချက်ကိုတော့ အောက်ကလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3alUjKU

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။