အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်

ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်

Thein Soe Min
Thein Soe Min • 13/08/2026
00:00
00:00

ယနေ့ခေတ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် တောင်သူဦးကြီးတို့အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေကြရပါတယ်။ မိုးလေဝသကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိတဲ့အတွက် မြေသြဇာကျွေးချိန်၊ ဆေးဖျန်းချိန်တွေမှာ မိုးရွာချလို့ ဆေးဖိုး၊ လုပ်အားခတွေ အလဟဿဖြစ်ရတဲ့ အဖြစ်မျိုးတွေလည်း မကြာခဏ ကြုံဖူးကြမှာပါ။

ဒီလိုအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် အစိမ်းရောင်လမ်း Green Way App ကနေ တောင်သူတွေအတွက် လက်စွဲတော်ဖြစ်လာမယ့် "စိုက်ပျိုးမိုးလေဝသ" ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

"စိုက်ပျိုးမိုးလေဝသ" က ဘာတွေ ထူးခြားလဲ?

သာမန် မိုးလေဝသ App တွေလို "မိုးရွာမယ်၊ နေပူမယ်" ဆိုတာလောက်တင်မဟုတ်ဘဲ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွက် တိုက်ရိုက်အသုံးကျမယ့် အချက်အလက်တွေကို သီးသန့် တွက်ချက်ပြသပေးထားတာ ဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ အားသာချက်တွေကတော့ -

လုပ်ငန်းခွင်အတွက် နေ့စဉ်အကြံပြုချက်များ :

မိမိဒေသရဲ့ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး "ဆေးဖျန်းရန် အခြေအနေ"၊ "ရောဂါကျရောက်နိုင်ခြေ" နဲ့ "ပိုးမွှားအန္တရာယ်" ရှိ/မရှိ စတာတွေကို အနီ၊ အဝါ၊ အစိမ်း (မီးပွိုင့်အရောင်) တွေနဲ့ နေ့စဉ် ရှင်းလင်းလွယ်ကူစွာ အကြံပြုပေးပါတယ်။ အနီရောင် (သတိပြု) ပြနေချိန်မျိုးမှာ ဆေးမဖျန်းဘဲ ရှောင်ကြဉ်ခြင်းဖြင့် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ပါတယ်။

မိုးရေချိန်နှင့် လေတိုက်နှုန်းကို နာရီအလိုက်ပြသပေးခြင်း:

မြေသြဇာကြဲပက်ဖို့၊ ပိုးသတ်ဆေး သို့မဟုတ် ပေါင်းသတ်ဆေးဖျန်းဖို့ စဉ်းစားတဲ့အခါ ဒီအချက်အလက်တွေက အသက်ပါပဲ။ မိုးရေချိန်နဲ့ လေတိုက်နှုန်းကို နာရီအလိုက် တိတိကျကျ ပြသပေးထားတဲ့အတွက် ဆေးလွင့်စင်တာမျိုး၊ မြေသြဇာတွေ ရေနဲ့မျောပါသွားတာမျိုး မဖြစ်အောင် အကောင်းဆုံးအချိန်ကို ရွေးချယ်နိုင်စေပါတယ်။

အပူချိန်နှင့် စိုထိုင်းဆ ပြောင်းလဲမှု ဂရပ်ဖ်များ:

စိုထိုင်းဆများပြီး အိုက်စပ်တဲ့ ရာသီဥတုမျိုးဟာ မှိုရောဂါနဲ့ ဘက်တီးရီးယားရောဂါတွေ အလွယ်တကူ ကျရောက်ပျံ့နှံ့စေပါတယ်။ App ထဲမှာ အပူချိန်နဲ့ စိုထိုင်းဆ အနိမ့်အမြင့်ကို ဂရပ်ဖ်တွေနဲ့ ပြသပေးထားလို့ ရောဂါကျရောက်နိုင်တဲ့ အခြေအနေကို ကြိုတင်သိရှိပြီး အချိန်မီ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

မြေကြီးအပူချိန်နှင့် အစိုဓာတ် တိုင်းတာချက်များ:

မျက်စိနဲ့မမြင်နိုင်တဲ့ မြေကြီးအောက်က အစိုဓာတ် (Soil Moisture) နဲ့ အပူချိန်ကိုပါ တွက်ချက်ပြသပေးထားပါတယ်။ ဒါကြောင့် မျိုးစေ့ချဖို့ မြေကြီးအပူချိန် သင့်/မသင့် နဲ့ စိုက်ခင်းကို ရေသွင်းဖို့ လို/မလို ဆိုတာကို ခန့်မှန်းရလွယ်ကူစေပြီး ရေစီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်

"စိုက်ပျိုးမိုးလေဝသ" လုပ်ဆောင်ချက်ဟာ ခေတ်သစ်တောင်သူတိုင်းရဲ့ ဖုန်းထဲမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဒစ်ဂျစ်တယ် လက်နက်ကောင်းတစ်ခု ဖြစ်ပါတယ်။

မှန်းဆရခက်တဲ့ ရာသီဥတုအခြေအနေတွေကြောင့် လုပ်ငန်းခွင်မှာ ကြုံတွေ့ရနိုင်တဲ့ ငွေကြေးနဲ့ လုပ်အား ဆုံးရှုံးမှုတွေကို လျှော့ချပြီး သီးနှံအထွက်နှုန်းနဲ့ ဝင်ငွေတိုးပွားစေဖို့အတွက် ယနေ့ပဲ အစိမ်းရောင်လမ်း App ကို ဖွင့်ပြီး "စိုက်ပျိုးမိုးလေဝသ" ရဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့အသုံးချကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

12
Nova Nova

Nova Nova

လွန်ခဲ့သော ၂ ရက် က

@U Win Zaw နေရာက ရတယ်ဗျ။ နာမည်က မိုးလေဝသရွာစာရင်းထဲမပါလို့ နီးစပ်ရာနာမည်ပြပေးတာမျိုးမို့ပါ

U Win Zaw

U Win Zaw

လွန်ခဲ့သော ၃ ရက် က

မိုးလေဝသက။ကိုနေတဲ့နေရာကိုအတိအကျမရဘူးဆရာ

Htay Min Kyaing

Htay Min Kyaing

လွန်ခဲ့သော ၁ ပတ် က

တည်နေရာမမှန်ဘဲဖြစ်နေလို့ပါခင်ဗျ ရွာနာမည်အမှန်ဖြစ်အောင်ဘယ်လို့လုပ်ရပါလဲဆရာ

thar lay

thar lay

လွန်ခဲ့သော ၁ ပတ် က

@Ye Ye

ဦးသိန်းတန်

ဦးသိန်းတန်

လွန်ခဲ့သော ၁ ပတ် က

ကျေးဇူပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား

ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု

စပါးခင်းအရွက်တွင်ကပ်နေလို့ ဘာပိုးဥလဲခဗျာ

U Myint Naing • ဖြေကြားချက် 1 ခု

မတ်ပဲခုတ်ဖုံးကိုတစ်ဧကဘယ်နှစ်ပြည်ကြဲသင့်လဲ

Sawsamson • ဖြေကြားချက် 2 ခု

2026တစ်နှစ်စာအတွက် တိုင်းဒေသအလိုက်ပေါ်ဆန်း ဆန်ဈေးနှုန်းကို ဘယ်လိုရှာလို့ရလဲ သိချင်လို့ပါ သိတဲ့သူများရှိရင် ပြောပြပေးပါအုံးရှင့်

Kyi Phyu Myint • ဖြေကြားချက် 2 ခု

ဝါဉဝယ်လိုသူများရှိပါသလာ

Sar Kar • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။