ဇွန် ၅ ရက်နောက်ပိုင်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်များတွင် တစ်နာရီ မိုင် ၄၀ ထိ လေပြင်းများတိုက်နိုင်
ဇွန် ၅ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာအနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ပြီး ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ တစ်နာရီ မိုင် ၄၀ ထိ လေပြင်းများတိုက်နိုင်လို့ အဲ့ဒီနား နေထိုင်သူတွေနဲ့ ပင်လယ်ပြင်ထွက်မယ့်သူတွေ သတိထားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ် ECMWF ရဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ ဦးဝင်းနိုင်က သတိပေးတာပါ။
“ ကြိုတင်ခန့်မှန်းချက်အတိုင်းဆိုရင် ၇ ရက်နေ့ မနက်ပိုင်းကစပြီး တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၄၀ လောက်ထိ ဖြစ်လာတယ်။ လှိုင်းအမြင့်ကျတော့ ၉ ပေကနေ ၁၀ ပေအထိ ဖြစ်လာတယ်။ အဲ့ဒါက ဧရာဝတီကမ်းလွန်ပေါ့နော်။ ဟိုဘက် မော်တင်စွန်း ဘက်အခြမ်းကျတော့ လှိုင်းကော၊ လေကော ပိုများတယ်။ ဆိုကြပါစို့။ ကိုကိုးကျွန်းရဲ့မြောက်ဘက်တည့်တည့်၊ ပုသိမ်ရဲ့ အနောက်ဘက်ခြမ်းက ပင်လယ်ပြင်မှာကျတော့ လှိုင်းကလည်း ၁၂ ပေလောက်အထိ ဖြစ်လာတယ်။ နောက်တစ်ခုက လေတိုက်နှုန်းကလည်း ၂၇ ကနေ မိုင် ၄၀ လောက်အထိက ကောင်းကောင်းတိုက်နေတယ်။ ဒါက ၅ ရက်၊ ၆ ရက်၊ ၇ ရက် တွေမှာ ဖြစ်မှာပေါ့။ အများဆုံးကတော့ ၇ ရက်နေ့ညမှာ လေထန်လာမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
လက်ရှိမှာ ကမ်းနီးကမ်းဝေး ရေလုပ်ငန်းအများစု နားသွားပြီလို့ သိရပေမယ့် တချို့နီးနီးနားနား ပင်လယ်ပြင်ကို ငါးရှာထွက်တဲ့သူတွေတော့ ရှိသေးလို့ သူတို့အနေနဲ့ သတိထားသင့်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ လှိုင်းက ကမ်းခြေနားနီးနီးမှာတောင်မှ ၁၀ ပေလောက် ဖြစ်မှာကိုး။ ဧရာဝတီကမ်းရိုးတန်း အရှေ့ဘက်ခြမ်းပေါ့။ ဂေါ်ရန်ဂျီကျွန်းကနေ ဂွဘက်အထိ။ အဲ့ဒီတွေမှာ ကမ်းခြေနဲ့နီးတဲ့နေရာတွေမှာတောင်မှ လှိုင်းက ၉ ပေ၊ ၁၀ ပေလောက်ဖြစ်လာမယ်” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဒါ့အပြင် လေပြင်းတွေက တချို့ကမ်းနားတစ်လျှောက်တိုက်နိုင်လို့ ကမ်းနားနေ ထိုင်သူတွေလည်း သတိပြုသင့်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ ဥပမာအားဖြင့် ကျောက်ဖြူရဲ့ အောက်ဘက်တောက်လျှောက် နောက် မော်တင်စွန်းကနေ အရှေ့ဘက် မုတ္တမကွေ့ တောက်လျှောက် အဲ့ဒီကနေ တနင်္သာရီကမ်းရိုးတန်းကနေ ဟိုး ကော့သောင်ရောက်တဲ့အထိပေါ့ဗျာ။ မြိတ်တို့၊ ဘုတ်ပြင်းတို့ တစ်လျှောက်ပေါ့။ အဲ့ဒီနေရာတွေမှာတော့ လေတိုက်နှုန်းများမယ်။ မိုင် ၃၀ က အောက်ထစ်ရှိနေမှာပဲ”
ဇွန် ၆ ရက်၊ ၇ ရက်နောက်ပိုင်းမှာ မုတ်သုန်အားကောင်းလာမှုနဲ့အတူ နေပြည်တော်၊ မိတ္ထီလာ၊ မန္တလေး တို့အပါအဝင် မြန်မာပြည် အလယ်ပိုင်းဒေသတွေမှာ မိုးကောင်း လာဖို့ရှိတယ်လို့လည်း သိရပါတယ်။
Photo Crd _ Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Lin Lin
လွန်ခဲ့သော ၃ နှစ် ကထားဝယ် မိုး ဘယ်နေ့ရက်လောက်မှာ ပိုနိုင်လဲဗျာ
အာကာဖြိုး
လွန်ခဲ့သော ၄ နှစ် ကစစ်ကိုင်းတိုင်း အတွက်မိုးလေဝဥတင်းကိုသိချင်တယ်
မောင်ထွန်းလ
လွန်ခဲ့သော ၄ နှစ် ကပြည်နယ်နဲ့တိုင်း မိုးရွာနိုင်မှု့ ရာခိုင်နုန်းကိုလဲ သိချင်ပါတယ်။ကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026