စစ်တွေဝန်းကျင်မုန်တိုင်းဖြတ်မှု မပြီးဆုံးသေး... အန္တရာယ်အရှိဆုံးအချိန် ကျန်နေသေး..(ဦးဝင်းနိုင်နှင့် ညနေ ၄ နာရီမေးမြန်းချက်)
“ အခုက မုန်တိုင်းဗဟိုကတော့ အတွင်းထဲကို ရောက်သွားပြီ။ ၂ နာရီ ၃ နာရီလောက်က စဝင်သွားတာ။ အခုကတော့ ရန်ကုန်ကောပေါ့နော်။ မုန်တိုင်းရဲ့အမြီးစရိုက်နေပြီ။ ကျွန်တော်ပြောဖူးတယ်။ မုန်တိုင်းရဲ့ အမြီးဟာ မိကျောင်းအမြီးလိုပဲ တအားအားပြင်းတာ။ အဲ့တော့ ဒီမုန်တိုင်းအမြီးမှာက မတူတာက မုန်တိုင်းရဲ့ရှေ့ပိုင်းမှာက မြစ်ဝကျွန်းပေါ်နဲ့ပါဆက်နေတဲ့ ရခိုင်ရိုးမကြီးကိုဖြတ်ရတယ်။ ရှေ့ပိုင်းစဝင်တဲ့ အချိန်မှာ။ အရှေ့တောင်ဘက်ကနေ ညာရစ်လည်ပြီးလာတာ။ ဒါကြောင့် အခု မုန်တိုင်းအရှေ့ပိုင်းတိုက် တဲ့ဟာက ၁၀ နာရီလောက်ထိက အေးဆေးဖြစ်နေတာ။ လေပြင်းတာတောင်မှ ဒီလောက်မပြင်းတာ။ အဲ့ဒီကနေ ၁၂ လောက်မှ စကြမ်းလာပြီး အခုတော့ ပင်လယ်ရေတွေ ဝင်ကုန်ပြီပြောတယ်။ ဒါက ရှေ့ပိုင်းပဲရှိသေးတယ်”
“ အဲ့တော့ မုန်တိုင်းရဲ့အလယ်ဗဟို အတွင်းထဲကို ဝင်သွားပြီဆိုတာနဲ့ စစ်တွေမြို့ကိုတိုက်မယ့်လေစီး ကြောင်းက ပင်လယ်ကနေဖြတ်ပြီး အနောက်မြောက်ဘက်ကနေလာတာ။ အကာအကွယ်၊ အတား အဆီးအခုအခံလုံးဝမရှိတော့ဘူး။ တကယ့်အားပြည့်အင်ပြည့်နဲ့ဝင်လာမယ်။ အဲ့ဒီမှာမှ နောက်ဆုံးရ ထားတဲ့ခန့်မှန်းချက် မုန်တိုင်းဒီလှိုင်း ၁၀ ပေကျော်ကျော်ဆိုတာ အပြည့်တိုက်လိမ့်မယ်။ ဒါဟာ မုန်တိုင်းအမြီးပိုင်း”
“ အဲ့တော့ မုန်တိုင်းရဲ့အမြီးပိုင်းက အားလည်းပိုပြင်းတယ်။ အခု ကျွန်တော်ခန့်မှန်းတာက မိုင် ၁၀၀ လောက်ထိကို တိုက်နိုင်တယ်။ မုန်တိုင်းဒီလှိုင်းအမြင့်က ၁၀ ပေကျော်ကျော်ထိ ရှိနိုင်တယ်။ ဒီအခြေ အနေက ည သန်းခေါင်လောက်ထိသွားနိုင်တယ်ဆိုတော့ တကယ့်ကြောက်စရာအကေောင်းဆုံး အချိန်ပဲ။ နာဂစ်တုန်းကလည်း ဒီတိုင်းပဲ။ အရှေ့ကနေဖြတ်သွားတဲ့လေတုန်းက အေးဆေးပဲ။ နောက်က နေဖြတ်သွားတဲ့ဟာကျမှ အပျက်အစီးများကုန်တာ။ မှောင်ကလည်းမှောင်သွားတာကိုး”
"ဆိုတော့ အခုက မပြီးသေးဘူး။ အပြင်းဆုံးက ခုမှလာမှာ"

ဘယ်လမ်းကြောင်းနဲ့ ဆက်ရွေ့သွားမလဲ...
" ည ၁၁ နာရီကျော်လောက်ဆိုရင်တော့ ဒါကပြီးမယ်လို့ ခန့်မှန်းတယ်။ ည ၁ နာရီလောက်ဆိုရင် ဟားခါး ဘက်ကိုရောက်သွားမှာ။ အဲ့ဒီမှာလည်း ရခိုင်ရိုးမတစ်လျှောက်လုံးနဲ့ ချင်းတောင်တန်းကြီးတစ်ခုလုံးက ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မလောက်ထိဖြစ်နေတယ်။ ကလေးတို့ဘာတို့ ချင်းတွင်းမြစ်ကြားထိပဲ။ လေတိုက်နှုန်းကလည်း ချင်းတောင်တန်းဘက်ဆီထိ လေတိုက်နှုန်းက ၁၀၀ လောက်ထိ ရှိနေဦးမှာ။ ဆိုတော့ မိုးဒဏ်ကော လေဒဏ်ကော ခံရနိုင်တယ်။ လမ်းပန်းဆက်သွယ်ရေး ပျက်စီးတာ၊ မြေပြိုတာ၊ တောင်ပြိုတာတွေဖြစ်နိုင်တယ်။ အဲ့ဒါလေးကိုလည်း သတိပေးပေးပါဗျာ။ ဒီမုန်တိုင်းက ဝင်သွားလို့ရှိရင် ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်းအနောက်ခြမ်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တွေထိဖြတ်သွားမှာ။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်နဲ့ အောက်ဘက် ဧရာဝတီခြမ်းကတော့ ဒီလောက်မဆိုးဘူး။ ဟိုးအပေါ်တွေမှာကတော့ မိုးကောလေကော ထိနိုင်တယ်"
Photos Crd_ U Win Naing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
uzinn
လွန်ခဲ့သော ၃ နှစ် ကအခုလိုမိုးလေဝသရဲ့ဖြစ်ပေါ်လာနှိုင်ခြေများအသေးစိတ်ပြပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါ၏
ဦးထွန်းထွန်းဦး
လွန်ခဲ့သော ၃ နှစ် ကမုန်းတိုင်းသတင်းသိရလို့ကျေးဇူပါ အစိမ်းရောင်လမ်း
ဦးကြည်ဝင်း
လွန်ခဲ့သော ၃ နှစ် ကအချိန်နင့်တပြေးညိကျိုတင်ပြောကြာပေးပါသောမိုးဇလပညာရှင်အားလုံးကျေးဇူးအထူးတင်ပါတယ်အရာခတ်သိမ်းပြီးမြောက်အောင်မြင်ကြပါစေခင်ဗျာ
Khun Phoe Sein
လွန်ခဲ့သော ၃ နှစ် ကအားလုံးဘေးကင်းကြပါစေ
ကိုမျိုးဇော်လင်း
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဗျ အရမ်းတန်ဖိုးရှိပါတယ်ဗျ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....