အာစန်နီမုန်တိုင်းအထွက်တွင် မုတ်သုံဝင်လာမည်ဖြစ်ပြီး နောက်ထပ်မုန်တိုင်းတစ်ခုဖြစ်ရန်လည်း အလားအလာရှိနေ
လက်ရှိဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အာစန်နီမုန်တိုင်းဟာ မေ ၁၃ ရက် မနက်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံကို မုတ်သုံဝင်လာမယ်လို့ ပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာမိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တွေဖြစ်တဲ့ JTWC နဲ့ ECMWF တို့ရဲ့ ထုတ်ပြန်ချက်တွေအရ “ ဆိုင်ကလုန်းမုန်တိုင်း ASANI(02B)ဟာ ဘင်္ဂလားပင်လယ်အော်ရေပြင်မှာ လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့ မေလ ၁၃ ရက် မနက်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားတော့မယ်လို့ အတည်ပြုနိုင်ပါပြီ” လို့ ဦးဝင်းနိုင်ရဲ့ သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကတစ်ဆင့် ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထားတာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း မိုးရာသီမိုးတွေသယ်ဆောင်လာမယ့် မုတ်သုံက အားကောင်းလာတော့မှာဖြစ်ကာ မြန်မာနိုင်ငံတောင်ပိုင်းကနေစဝင်လာမယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ နောက်မုန်တိုင်းတစ်လုံးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ၁၃ ရက်၊ ၁၄ ရက်ဆို မုတ်သုံက အားကောင်းပြီးဝင်တော့မှာ။ မုတ်သုံလေစီးကြောင်းက မော်ဒယ်ခန့်မှန်းချက်မှာလည်း တွေ့နေပြီ။ ထုံးစံအတိုင်းပဲ တောင်ပိုင်းကနေ စဝင်မယ်။ ပြီးသွားရင် ရက်ပိုင်းလောက်ပဲကြာပြီး တစ်နိုင်ငံလုံးကို ပျံ့သွားနိုင်တယ်” လို့ သူက ဆိုပါတယ်။
မုတ်သုံလေမှာ အနောက်တောင်မုတ်သုံလေနဲ့ အရှေ့မြောက်မုတ်သုံလေဆိုပြီးနှစ်မျိုးရှိကာ မြန်မာနိုင်ငံကိုတော့ အနောက်တောင်မုတ်သုံလေပဲလာတာဖြစ်ပြီး လက်ရှိမှာ အဲ့ဒီ အနောက် တောင်မုတ်သုံလေ လေစီးကြောင်းက အားကောင်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေ တစ်ခုရှိနေတယ်လို့လည်း ဦးဝင်းနိုင်က ECMWF နဲ့ အမေရိကန်နိုင်ငံအခြေစိုက် National Oceanic and Atmospheric Administration(NOAA) ၏ Global Tropics Hazards and Benefits Outlook - Climate Prediction Center တို့ကနေ ခန့်မှန်းထားချက်တွေကို ကိုးကားပြီး ပြောပါတယ်။

“ မုန်တိုင်းဖြစ်မယ့်လမ်းကြောင်းက လေစီးကြောင်းတွန်းအားတွေကောင်းနေတယ်။ အနောက်တောင်လေ၊ အနောက်မြောက်လေ၊ အရှေ့တောင်လေ အဲ့ဒီ သုံးခုရဲ့အားတွေကကောင်းတယ်။ နောက်တစ်ခု ကျွန်တော်တို့ဘာတွေ့လဲဆိုတော့ အီကွေတာပေါ်မှာ ညာရစ်လေဝဲတစ်ခုတွေ့တယ်။ အဲ့ဒီ ညာရစ်လေဝဲရဲ့တွန်းအားရယ်၊ ခုနပြောတဲ့ အနောက်တောင်မုတ်သုံလေတွန်းအားရယ်၊ နောက်ပြီး အနောက်မြောက် ဟိမဝန္တာဘက်က ဆင်းလာတဲ့ အေးတဲ့လေစီးကြောင်းရယ် ဒီသုံးခုပေါင်းပြီးတော့ လေဝဲဆိုတာ ဖြစ်သွားနိုင်တယ်။ ဖြစ်သွားရင် တစ်ရက်အတွင်း နှစ်ရက်အတွင်းမှာ ချက်ချင်းအားကောင်းပြီးတော့ ကုန်းတွင်းကို ဝင်မှာပေါ့။ အဲ့ဒီဟာတစ်ချက်တော့ တော်တော် စိုးရိမ် စရာကောင်းတယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

တကယ်လို့ မုန်တိုင်းဖြစ်ပြီး ကုန်းတွင်းဝင်တဲ့အချိန်ကျရင် ပင်လယ်ကမ်းခြေမှာ ဂွတို့၊ သံတွဲတို့၊ ကျောက်ဖြူ၊ မာန်အောင်တို့ အဲ့ဒီနေရာ ကမ်းခြေတွေမှာ လှိုင်းက ၁၄ ပေလောက်ထိ ရှိသွားနိုင်လို့ သတိထားရမယ့်အခြေအနေဖြစ်ပြီး မုန်တိုင်းအမှန်တကယ်ဖြစ်လာနိုင်ခြင်းရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ဆန်းညွန့်
လွန်ခဲ့သော ၃ နှစ် ကcj
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကမိုး စပါး ကြဲခင်တွေစဖို့မိုးမှန်းပြီးလားဆရာ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....