အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မုန်တိုင်းအရှိန် ရိုက်ခတ်နိုင်မည့် အခြေအနေများ

လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မုန်တိုင်းအရှိန် ရိုက်ခတ်နိုင်မည့် အခြေအနေများ

Green Way
Green Way • 27/09/2022

အခုလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုဖြတ်ဖို့ရှိနေသလို တောင် တရုတ်ပင်လယ်ဘက်မှာ ဖြစ်လာနိုင်မယ့်မုန်တိုင်းတစ်လုံးရဲ့အရှိန်သက်ရောက်မှုတွေရှိလာမှာဖြစ်လို့ ကချင်ပြည်နယ်မြောက်ဖျားပိုင်းကလွဲလို့ တစ်နိုင်ငံလုံးနီးပါး မိုးများမယ့်အခြေအနေတွေရှိတယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ လေဖိအားနည်းရပ်ဝန်းဖြတ်သန်းနိုင်တဲ့အချိန်နဲ့ နောက်ဆုံးလမ်းကြောင်းအခြေအနေ၊ တောင်ကျရေနဲ့ ရေကြီးရေလျှံမှု သတိထားသင့်တဲ့ဒေသတွေ၊ မြစ်ရေကြီးမှုတွေ ရှိလာနိုင်၊ မနိုင် စတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

မုန်တိုင်း NORU ရဲ့ လက်ရှိအခြေအနေ (စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်း) 

“ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း NORU ဟာ ဒီနေ့ စက်တင်ဘာ ၂၇ ရက် ညကနေ မနက်ဖြန် ၂၈ ရက် ညအထိ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့တောင်ဘက် မိုင် ၂၀ ခန့်ကနေ ဖြတ်ကျော် ဝင်ရောက်တော့မှာပါ။ လက်ရှိအချိန်မှာတော့ လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်၊ မုန်တိုင်းဗဟိုအနီး လှိုင်းအမြင့် ၁၅.၂ မီတာ(ပေ - ၅၀) ရှိနေတယ်လို့ သိရပါတယ်"  

“ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ ကုန်းတွင်းမုန်တိုင်း/ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း အဖြစ် လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကိုဖြတ်သန်းပြီး မြန်မာနိုင်ငံကို ဖြတ်သန်းဝင်ရောက်မှာ ဖြစ်ပါတယ်” 

မြန်မာနိုင်ငံကို ဖြတ်သန်းဝင်ရောက်မယ့်လမ်းကြောင်း

“အောက်တိုဘာလ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဘားအံနဲ့ သထုံမြို့မြောက်ဘက်၊ ပဲခူးမြို့ တောင် ဘက်၊ ဖောင်ကြီးနဲ့ လှည်းကူးကြားကနေတဆင့် ကျုံပျော်နဲ့ ဟင်္သာတမြို့ကြားက ဖြတ်နိုင်ပါမယ်” 

(လမ်းကြောင်းဟာ အများကြီးပြောင်းသွားနိုင်စရာတော့မရှိတော့ပါဘူး)

လာမယ့် ၂၄ နာရီကနေ ၇၂ နာရီကြား (နောက်လာမယ့် ၃ ရက်အတွင်း) နှင့် (နောက် ၃ ရက်မှ ၅ ရက်) အတွင်း မိုးကြီးနိုင်တဲ့ ပြည်နယ်နှင့်တိုင်းများ

“ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်းကော၊ အနောက်ခြမ်းကော)၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ မိုးကြီးနိုင်ပါမယ်”  

“ လာမယ့် ၂၄ နာရီနောက်ပိုင်းရွာမယ့် မိုးရေချိန်က အနည်းဆုံး ၂ လက်မကနေ အများဆုံး ၃ လက်မထိ တောက်လျှောက်ရွာနေမယ်။ ဧရာဝတီတိုင်းဆိုရင် လပွတ္တာရဲ့အရှေ့ခြမ်း နည်းနည်းလောက်တော့ မိုးရေချိန်နည်းမယ်။ ကျန်တဲ့နေရာတွေကတော့ မိုးများမယ်” 

တောင်ကျရေသတိထားသင့်တဲ့နေရာများ

“ တောင်ကျရေသတိထားသင့်တဲ့နေရာတွေဆိုရင်တော့ သူဖြတ်ပြီးဝင်လာနိုင်မယ့် ဖာပွန်နဲ့ ဘော်လခဲ ကြားပေါ့။ နောက်ပြီးတော့မှ လွိုင်ကော်တောင်ဘက်။ မွန်ပြည်နယ်မှာလည်း မိုးကြီး၊ ရေကြီးနိုင်တယ်။ တနင်္သာရီ တိုင်းဆိုရင် ကမ်းရိုးတန်းနားကပ်နေတဲ့နေရာ အကုန်လုံးပါမယ်။ တစ်တိုင်းလုံးပဲပြောပါတော့။ နောက်ပြီး ပဲခူးတိုင်းနဲ့ မကွေးတိုင်းနယ်စပ် သရက်မြို့ပတ်ဝန်းကျင်ပေါ့။ နောက်ပြီးတော့ ကျိန္တလီ၊ သံတွဲ၊ တောင်ကုတ်၊ မအီ အဲ့ဒီတောက်လျှောက် မိုးကြီးနိုင်မယ်။ မကွေးတိုင်းမြောက်ပိုင်းဆိုရင် ရေနံချောင်း၊ ချောက်၊ ပေါက်၊ မြိုင်၊ နောက်ပြီး ကနီ၊ မင်းကင်းအထိ ရွှေဘိုတို့ ဘာတို့ အကုန်လုံးပါတာပေါ့နော်။ နောက် မော်လိုက်နဲ့ ကောလင်းတောက်လျှောက် အဲ့ဒီနေရာတွေမှာ အကုန်လုံး သတိထားသင့်ပါတယ်” 

မြစ်ရေတွေကော ကြီးလာနိုင်လား

“ မြစ်ရေက အခု မတက်နေဘူး။ မိုး/ဇလ ဘက်ကြည့်တော့လည်း မြစ်ရေတက်နေတာမျိုးမရှိဘူး။ နောက်ပြီး မိုးညှင်းရဲ့အထက် မြစ်ကြီးနားဘက်တွေမှာလည်း မိုးများတာမျိုး မရှိနိုင်ဘူး။ ဆိုတော့ မြစ်ရေကတော့ ဆင်းလာမှာမဟုတ်ဘူး။ တောင်ကျချောင်းရေတွေလောက်ပဲ သတိထားရမယ်။ တစ်ခုပဲ ရေထရက်လည်းဖြစ်နေတော့ ရန်ကုန်မြစ်ရေ ရေတက်ရက်နဲ့ ဆုံနေတာကြောင့် ဧရာဝတီမြစ်ရဲ့ ထွက်ပေါက်တွေ ဖြစ်တဲ့ လပွတ္တာတို့၊ ဘိုကလေးတို့၊ လှိုင်းဘုန်းတို့၊ ပြင်စလူတို့လို နေရာတွေမှာ မိုးအရမ်းများရင်တော့ အဲ့ဒီနေရာတွေမှာ ရေကြီးတာတွေ ဖြစ်နိုင်တယ်” 

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 0 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။