မေ ၁၈ ရက်ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရာသီစပြီ
မေလ ၁၈ ရက်နေ့က စပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရာသီ စတင်တော့မှာဖြစ်ကာမြန်မာပြည်တောင်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ နောက်လာမယ့် ၃ ရက်ကနေ ၅ ရက်အတွင်း မိုးပိုလာနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။
မေ ၁၈ ရက်ကနေ တောက်လျှောက် မိုးရွာတော့မှာဖြစ်ပြီး မုတ်သုံလေ အားကောင်းမှုရှိမရှိပေါ်မူတည်ပြီး မိုးများခြင်း နည်းခြင်းပဲ ကွာသွားမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ တောင်ပိုင်းကို အဓိကထားဝင်မယ်ဆိုပေမယ့် ဟိုးအောက်ပိုင်း ကော့သောင်းတို့၊ မြိတ်တို့ဘက်ကျတော့ နည်းနေတယ်။ နောက်ပြီးတော့မှ ဘယ်နေရာမှာ ထပ်ပြီးတော့ များလာမလဲဆိုတော့ မွန်ပြည်နယ်ရယ်၊ ကရင်ပြည်နယ်ရယ်၊ မော်လမြိုင်နဲ့ ကော့ကရိတ်၊ ကျုုံဒိုးအပိုင်း အဲ့ဒီအခြမ်းတွေပေါ့။ သတိထားရမယ့် နေရာတွေပေါ့။ အဲ့ဒီနေရာတွေက ၁၀ လက်မအထက်တွေ ရွာမှာပဲ။ လက်မ ၂၀ လောက်ထိကို မြင်နေတဲ့ အနေအထားတွေတွေ့တယ်။ နောက်တစ်ခုက ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစ်ခု လုံးပေါ့။ နေပြည်တော်နားရောက်တဲ့အထိပေါ့။ အဲ့မှာလည်း များမယ်။ နောက် ပဲခူးရိုးမတစ်လျှောက်လုံးကနေ ဟိုးမြောက်ပိုင်း ကချင်ပြည်နယ်ရောက်တဲ့အထိပေါ့ ”
တစ်နိုင်ငံလုံးအတိုင်းအတာဆိုပေမယ့် မြန်မာပြည်အလယ်ပိုင်းဒေသတွေတော့ မိုးမများနိုင်သေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ မေ ၁၈၊ ၁၉ မှာ ရခိုင်ပြည်နယ်ကျောက်ဖြူဘက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ဖို့အလားအလာရှိနေပြီး အဲ့ဒါဖြစ်လာခဲ့ရင်တော့ အလယ်ပိုင်းဒေသတွေလည်း မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ ထူးခြားတာတစ်ခုဘာရှိလဲဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကမ်းနီး ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင်ခြေရှိတယ်။ ဒါကြိုပြီးတော့ တွေ့ထားတယ်။ အဲ့ဒီလေဖိအားနည်းရပ်ဝန်းလေးက ချက်ချင်းပဲ အားကောင်းပြီးတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းသေးသေးလေးတစ်ခုဖြစ်မယ်။ ဖြစ်ပြီးလို့ အဲ့ဒီအရှိန်နဲ့ဆိုရင်တော့ အလယ်ပိုင်းဒေသတွေ မိုးများသွားလိမ့်မယ်"
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မေ ၁၈ ကနေ ၂၄ ရက်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတယ်ဆိုပြီး ယခင်က ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသဌာနတစ်ချို့က သတိပေးမှုပြုလုပ်ထားတဲ့ မုန်တိုင်းကတော့ မုတ်သုံလေအားကောင်းလာမှုကြောင့် ဖြစ်မလာနိုင်တော့ဘူးလို့ သိရပါတယ်။
Photo crd_Win Naing FB
ko tuu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
Aung Myo Khaing
လွန်ခဲ့သော ၃ နှစ် ကရေသဒင်း
မင်းဇော်
လွန်ခဲ့သော ၄ နှစ် ကသိရတဲ့အတွက်ကျေးဇူးပါ
နိုင်လင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
U kyaw oo
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026