အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေဖိအားနည်းရပ်ဝန်းများကြောင့် ယခုလကုန်ပိုင်းမှစပြီး မုတ်သုံနှင့်မိုး အားပြန်ကောင်းမည်

လေဖိအားနည်းရပ်ဝန်းများကြောင့် ယခုလကုန်ပိုင်းမှစပြီး မုတ်သုံနှင့်မိုး အားပြန်ကောင်းမည်

Green Way
Green Way • 26/07/2022

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းတွေကြောင့် အခုလကုန်ပိုင်းကစပြီး မုတ်သုံအားကောင်းလာမှုနဲ့အတူ မြန်မာပြည် တောင်ခြမ်းနဲ့ မြောက်ခြမ်းမှာ မိုးတွေပြန်များလာမယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

' ECMWF model ကြိုတင်ခန့်မှန်းချက်တွေအရ အိန္ဒိယသမုဒ္ဒရာရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း(ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း)မှာ ဒီနေ့ည ပိုင်းက စ ပြီး လေဖိအားနည်းရပ်ဝန်းတွေဖြစ်လာနိုင်ကြောင်းတွေ့ရပြီး မြောက်ဘက်ခြမ်းက လေဖိအားနည်းရပ်ဝန်းက ဇူလိုင် ၃၁ ရက်အထိ ဆက်လက်တည်ရှိနိုင်ကာ မုတ်သုံလေဦး စ ဝင်ချိန်တွေကလို မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွေက စ ပြီးတော့ မုတ်သုံလေအား ပြန်ကောင်းလာနိုင်မယ့် အခြေအနေကိုတွေ့ရ’ တယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ ကြိုတင်ခန့်မှန်း ပြောကြားထားပါတယ်။

“ ၃၁ ရက်နဲ့  ဩဂုတ် ၁ ရက်လောက်မှာ တောင်ပိုင်း တနင်္သာရီဘက်ကိုစမယ်။ ပြီးတော့မှ ၂ ရက်၊ ၃ ရက်၊ ၄ ရက် ဝန်းကျင်လောက်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဘက် ဆက်ပြီးတော့ဝင်သွားလိမ့်မယ်။ မိုးပါတွဲလာမယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းဒေသတွေမှာတော့ အရှေ့ဘက်က ဝင်ရောက်လာတဲ့ လေပွေလှိုင်းများနဲ့အတူ ပါလာမဲ့ မိုးတိမ်တိုက်တွေကြောင့် ဩဂုတ် ၂ ရက်၊ ၃ ရက် နောက်ပိုင်းမှာ နေ့အပူချိန်တွေ လျော့ကျသွားနိုင်ပေမဲ့ မိုးကတော့ အပူလျော့တဲ့ အချိန်တွေလောက်မှာသာ ကွက်ကျားရွာနိုင်တာမျိုးရှိနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ အလယ်ပိုင်းဒေသတွေမှာကျတော့ နေ့အပူချိန်တွေက တချို့နေရာတွေမှာ ၃၈ လောက်ထိကို ဖြစ်နေတယ်။ အဲ့တော့ နေ့အပူချိန်ပြင်းနေ တဲ့အတွက် လေပြင်းကတော့ ဝင်ပေမဲ့ မွန်းလွဲ ညနေပိုင်း ညပိုင်း နေ့အပူချိန်ကျချိန် Dew point နဲ့ကိုက်မယ့်အချိန်လောက်မှ အလယ်ပိုင်းတွေမှာ ကွက်ကျားမိုးတွေ ရွာမယ်။ ပဲခူးတိုင်းကနေ အောက်တောင်ဘက်ထိ၊ မတ္တရာရဲ့မြောက်ဘက် ထီးချိုင့်တို့ဘာတို့ မြောက်ဘက်ကနေ ဟိုးမြစ်ကြီးနားမြောက်ဖျားအထိ အဲ့ဒီနေရာတွေကတော့ မိုး ပြန်ကောင်းမယ်”

ရှမ်းပြည်နယ်ဘက်ကတော့ မိုးကောင်းမယ့်ထဲ မပါဘဲ ပုံမှန်မိုးတွင်းရွာသလောက်ကွက်ကျားမိုးရွာတာလောက်ပဲရှိမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

Photo Crd_ Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

5
myat min

myat min

လွန်ခဲ့သော ၄ နှစ် က

မကွေးတိုင်းကိုရွာပေးစေချင်တယ်

U Aung Soe Oo

U Aung Soe Oo

လွန်ခဲ့သော ၄ နှစ် က

ပုသိမ်မှာဘယ်နေ့ရွာမှာလဲ

ဦးစံထွန်းအောင်

ဦးစံထွန်းအောင်

လွန်ခဲ့သော ၄ နှစ် က

ကောင်းပါ ပြီ။

မောင်လှခိုင်

မောင်လှခိုင်

လွန်ခဲ့သော ၄ နှစ် က

ရခိုင်ပြည်နယ် တောင်ပိုင်းဘက် ရွာနိုင်ပါသလား

ကိုမောင်နိုင်

ကိုမောင်နိုင်

လွန်ခဲ့သော ၄ နှစ် က

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ရွာနိုင်ပါသလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။