အရှေ့လေစီးကြောင်းများအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုများ ဆက်ရှိနေဦးမည်
တောင်တရုတ်ပင်လယ်ဘက်က ဝင်လာတဲ့ တိမ်တွေ၊ အရှေ့လေစီးကြောင်းတွေကြောင့် မြန်မာတစ် နိုင်ငံလုံးမှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနေဦးမယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်းတစ်ခုနဲ့ ဖိလစ်ပိုင် အရှေ့ဘက်မှာဖြစ်နေတဲ့ INVEST 98 W တို့ရဲ့ အရှိန်တွေကနေတစ်ဆင့် တောင်တရုတ်ပင်လယ်မှာ ဒီလေစီးကြောင်းတွေ အားကောင်းစေတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီအရှိန်တွေက မြန်မာနိုင်ငံကို ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ၊ ဘယ်ဒေသတွေမှာ မိုးတွေ ရွာစေနိုင်သလဲ၊ ဘယ်အချိန်ထိ မိုးတွေ ဆက်ရွာနေနိုင်သလဲ ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
အထက်လေဝဲစီးကြောင်းနဲ့ INVEST 98 W တို့ရဲ့ လက်ရှိအခြေအနေတွေက ဘယ်လိုဖြစ်နေလဲ..

“ အထက်လေဝဲစီးကြောင်းက သူက အားတော့ သိပ်မကောင်းဘူး။ အခုလောလောဆယ်မှာ အိန္ဒိယတောင်ပိုင်း၊ သီရိလင်္ကာကျွန်းမြောက်ဘက်နားမှာ ဆက်ရှိနေသေးတယ်။ အားမကောင်းဘူး ဆိုပေမဲ့ တစ်ခုရှိတာက သူ့ကြောင့်မို့လို့ အရှေ့လေစီးကြောင်းတွေက လာအိုရယ်၊ ထိုင်းရယ်ကို ဖြတ်ပြီး ကျွန်တော်တို့နိုင်ငံ တောင်ပိုင်းကို ဖြတ်ဝင်တယ်။ အဲ့တော့ ဒီအထက် လေဝဲစီးကြောင်း UACC ကြောင့် ဖြစ်လာတာရယ်၊ နောက်တစ်ခုက အခု ဖိလစ်ပိုင်အရှေ့ဘက်မှာ ဖြစ်နေတဲ့ INVEST 98 W (လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ချေအဆင့်) ရယ် အဲ့ဒီနှစ်ခုရဲ့ ဆွဲတာနဲ့တွန်းတာနှစ်ခုပေါင်းပြီး တောင်တရုတ်ပင်လယ်တစ်လျှောက်လုံးမှာလည်း အရှေ့လေစီးကြောင်း တအား အားကောင်းနေတယ်။ အဲ့တော့ တိမ်တွေက အရှေ့ဘက်က လေစီးကြောင်းရယ်၊ မြောက်လေရယ် ဒီနှစ်ခုပေါင်းလိုက်တဲ့အခါ အထက်က လေအေးစီးကြောင်းနဲ့အတူ တရုတ်ပြည်ဘက်က တိမ်တွေကာ၊ ဗီယက်နမ်မြောက်ပိုင်းက တိမ်တွေကောက ကျွန်တော်တို့ဘက်ကို စီးနေတာတွေရှိတယ်”
“ ဆိုတော့ ကျွန်တော်တို့ဆီမှာကတော့ အခုအချိန်မှာကို ရှမ်းပြည်နယ်အရှေ့ပိုင်းကိုလည်း တိမ်တွေ စဝင်နေတာ တွေ့တယ်။ မြန်မာပြည် အလယ်ပိုင်း နေပြည်တော်၊ မိတ္ထီလာ၊ မန္တလေး၊ မိုးကုတ် စသဖြင့် အဲ့ဒီဘက်ကတိမ်တွေက ဟိုး တန့်ဆည်တို့ မုံရွာတို့ကျော်ပြီး အနောက်ဘက် ချင်းပြည်နယ်အထိ ရွေ့ပြီး ဝင်နေတဲ့ တိမ်တွေရှိတယ်။ ဒီအောက်ဘက်မှာကျတော့ ထားဝယ်ပေါ်နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပေါ်တွေမှာလည်း အရှေ့ ဘက်က တိမ်တွေက ခုနပြောတဲ့ အားကောင်းနေတဲ့ လေစီးကြောင်းနဲ့အတူ ရောပြီးတော့ ဝင်နေတာတွေ အများကြီးရှိတယ်။ အဲ့တော့ ၂၄ နာရီအတွင်းမှာကို မိုးရွာနိုင်မယ့်နေရာတွေကို ရှိနေတယ်”
ဆိုတော့..လာမယ့် ၂၄ နာရီကနေ ၃ ရက်အတွင်း ဘယ်ဒေသတွေမှာ မိုးရွာ၊ မိုးများနိုင်လဲ...

" လာမယ့် ၂၄ နာရီအတွင်းဆိုရင် မြန်မာပြည်မြောက်ပိုင်းတစ်ခြမ်းလုံး၊ နေပြည်တော်ကနေစပြီး အထက်ဘက်တစ်ခုလုံး၊ နောက်ပြီးတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီ ဒီနေရာ တွေအကုန်လုံးမှာ မိုးရွာမယ်။ တစ်ခုပဲ။ ပဲခူးတိုင်း အနောက်ခြမ်းကတော့ နည်းနည်းလွတ်တယ်။ ရခိုင်ပြည်နယ်တောင်ခြမ်းလည်း လွတ်တယ်။ ဒါက လာမယ့် ၂၄ နာရီအတွင်းဆိုရင်ပြောတာ။ ၂၄ နာရီ ကျော်သွားပြီးရင်တော့ တစ်နိုင်ငံလုံးအနှံ့ မိုးရွာနိုင်ချေရှိတယ်။ ခုနပြောတဲ့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နောက်ပြီးတော့မှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း ဒီနေရာတွေမှာဆိုရင် နောက်လာမယ့် ၃ ရက်အတွင်းမှာ မိုးများနိုင်တယ်။ တအားကြီးများမယ့်အနေအထားမျိုးတော့မဟုတ်ဘူး။ တအားကြီးများနိုင်တာဆိုရင် တော့ တနိုင်းနဲ့ မြစ်ကြီးနားအထက် နောင်မွန်းအထက်လောက်မှာပဲ များမယ်"
အရှေ့လေစီးကြောင်းတွေက ဘယ်အချိန်ထိ ဆက်ရှိနိုင်၊ သက်ရောက်နေနိုင်လဲ..
" ဆက်ရှိနေဦးမှာ။ နောက်တစ်ခုက ခုန ကျွန်တော်ပြောတဲ့ 98W က လေဖိအားနည်းရပ်ဝန်းထိလောက် ဖြစ်နေပြီ။ သူကလည်း အနောက်ဘက်ကို ဆက်ပြီးရွေ့တယ်။ ဖိလစ်ပိုင်နိုင်ငံပေါ်က ဖြတ်ပြီးတော့ တောင်တရုတ်ပင်လယ်ထဲကို ၁၁ ရက်နေ့လောက်ဆိုရင် ရောက်လာနိုင်တယ်။ ဒါ့အပြင် သူ့အနောက်က နောက်တစ်လုံးထပ်ပြီး လိုက်လာနိုင်ချေရှိတာက ၁၅ ရက်၊ ၁၆ ရက်လောက်ကျရင် ဖိလစ်ပိုင်မြောက်ခြမ်းကနေဖြတ်ပြီးတော့ ဟောင်ကောင်ဘက်ကို ဦးတည်ပြီးသွားမယ့် တစ်လုံးတွေ့ နေတယ်။ အဲ့တော့ ၁၆ ရက်ကနေ ၁၇ ရက် ၁၈ ရက်လောက်ထိ ကတော့ တောင်တရုတ်ဘက်က လေထု မငြိမ်မသက်ဖြစ်တဲ့ဟာတွေ၊ လေပွေလှိုင်းတွေ က ထိုင်းပင်လယ်ကွေ့ထိ ဖြစ်လာနိုင်တယ်။ ဆိုတော့ ခြုံပြောရရင်တော့ မြန်မာပြည်တစ်ပြည်လုံး မိုးရွာနိုင်တဲ့အခြေအနေကတော့ ၁၈ ရက်နောက်ပိုင်း လကုန်ထိကို ရှိနေနိုင်တယ်"
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ကိုမြင့်ဇော်
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်းပွင့်ဖြူမြို့နယ်၁၈၁၉မီုးရွာနိုင်လား
ဇင်ဘိုလွင်
လွန်ခဲ့သော ၃ နှစ် ကမိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်
ကိုအောင်မျိုး
လွန်ခဲ့သော ၃ နှစ် ကငဝန်မြစ်အနောက်ဘက်ခြမ်း လေးမျက်နာမြို့ ငါသိုင်းချောင်းမြို့ဒေသ မိုးရွာမူ့အခြေအနေလည်းသိပါရစေ
Kyaw khaing soe
လွန်ခဲ့သော ၃ နှစ် ကပခုက္ကူမြို့နယ်ရောပါဘူးလား
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026