မတ် ၁၅ ရက်ကစ၍ မိုးများပြန်လည်ဆုတ်ခွာသွားမည်
မတ် ၁၂ ရက်ကစလို့ ပြည်နယ်အချို့မှာ မိုးရွာသွန်းမှုတွေစတင်ခဲ့ပြီး မတ် ၁၃ ရက်မှာတော့ နေရာအတော် များများမှာ ရွာသွန်းခဲ့တဲ့မိုးတွေဟာ မနက်ဖြန် မတ် ၁၅ ရက်ကစလို့ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာ သွားဖြစ်တယ်လို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။
အရှေ့မြောက်ဘက်က လေဖိအားများရပ်ဝန်းကြီးနဲ့ လေပွေလှိုင်းများရွေ့လျားဝင်ရောက်လာမှုကြောင့် အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေရှိခဲ့တာဖြစ်ပြီး အချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်မှုတွေပါ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မတ် ၁၄ ရက်မှာတော့ ဒေသအများစုမှာ မိုးရွာသွန်းမှုတွေမရှိတော့ဘဲ ဒီနေ့ညနေပိုင်းကစလို့ နေရာအများစုမှာ တိမ်တွေ ပြန်ရှင်းသွားတော့မယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
“ တိမ်တွေလည်း ဒီနေ့ညပိုင်းဆိုရင် ရှင်းသွားပါလိမ့်မယ်။ တကယ်တမ်း မိုးရွာနိုင်တဲ့နေရာတွေမှာလည်း အပူချိန်နဲ့ ငွေ့ရည်ဖွဲ့မှတ်တွေလေ့လာကြည့်တော့ အတော်ကွာနေလို့ ကျနော်ကတော့ မိုးများများရွာနိုင်မဲ့အခြေအနေ ပြီးသလောက်ဖြစ်သွားပြီလို့ပဲ ကောက်ချက်ချပါတယ်။ ဒါက မုန်တိုင်းတစ်လုံးမဟုတ်ဘဲ ထူးခြားဖြစ်စဉ်တစ်ခုပါပဲ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
နောက်လာမဲ့ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ကချင်ပြည်နယ်ကလွဲလို့ ကျန်တဲ့ပြည်နယ်တိုင်းတွေကတော့ ရွာရန်ရာနှုန်း ၂၅% လောက်ပဲ ရှိနိုင်တော့ကာ မိုးရွာနိုင်ခြေရှိဦးမဲ့ဒေသအချို့ဟာလည်း အခြေအနေတွေ အတော်လေးကိုက်ညီမှသာ ခပ်ပါးပါးလောက်ပဲ ရွာနိုင်တော့မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ကချင်ပြည်နယ်မှာတောင် နောက် ၄၈ နာရီအတွင်း အတော်ကို ပါးပါးလေးပါပဲ။ တစ်လက်မ ၃ ပုံ ၁ ပုံတောင် မပြည့်နိုင်ပါဘူးဗျ။ ဒါကလဲ TEMP vs DEW-Point တွေ အတော်ကို ကိုက်ညီပြီး တိမ်ထုဝင်လာတဲ့ အခြေအနေလည်း ရှိဦးမှပါ။ လက်ရှိမှာတော့ တိမ်တွေဝင်လာနိုင်ချေက မရှိသလောက်ဖြစ်နေပြီး TEMP-DEW POINT ကလည်း တအားကွာဟနေတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီနေ့ မတ်လ ၁၄ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ပြီးခဲ့တဲ့ (၂၄)နာရီအတွင်း ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိုးဇော်
လွန်ခဲ့သော ၃ နှစ် ကကလောမှာတော့၁၇ ရက်နေ့ကမိုးသီးရောမိုးပါတော်တော်ရွာသွားတယ်ရေလည်းတော်တော်ပါသွားတယ်ဗျို့
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026