အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန်တိုင်းဘက် မိုးရွာရန်မရှိသေး၊ ဒေသအချို့ အပူချိန်စံချိန်သစ်တင်

ရန်ကုန်တိုင်းဘက် မိုးရွာရန်မရှိသေး၊ ဒေသအချို့ အပူချိန်စံချိန်သစ်တင်

Green Way
Green Way • 26/04/2023

ဒီနေ့ မွန်းလွဲပိုင်း/ညနေနဲ့ ညဘက်တွေမှာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသတွေမှာတော့ နေ့အပူချိန်တွေမြင့်နေသေးတာကြောင့် မိုးရွာနိုင်မဲ့ အခြေအနေမရှိသေးဘူးလို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ဒေသအချို့မှာ မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာတွေဖြစ်ပြီး အပူချိန် အတိုင်းအတာတစ်ခုထိ လျော့ကျခဲ့ကြပေမဲ့ ရန်ကုန်တိုင်းမှာတော့ ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရကော၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရကော မနက်ဖြန်အထိ မိုးရွာနိုင်ခြေ မရှိသေးတာဖြစ်ပါတယ်။

မိုး/ဇလရဲ့ ဒီနေ့ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက်ထုတ်ပြန်ချက်မှာတော့ ‘ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်’ လို့ ဖော်ပြထားပါတယ်။

အပူချိန်တွေကတော့ ဒေသအများစုမှာ ဆက်လက်မြင့်တက်နေပြီး ရန်ကုန်တိုင်းအပါအဝင် နေရာအများစုမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်တွေထက် ပိုမိုခဲ့တယ်လို့ သိရပါတယ်။

‘ နေ့အပူချိန်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီ ဂရိတ်အထိနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်’ လို့ မိုး/ဇလရဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

‘ထူးခြားသည့် နေ့အပူချိန်များအဖြစ်တော့ ဘော်လခဲမြို့နှင့် မြဝတီမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီနှင့် ရွှေကျင်မြို့နှင့် သိမ်ဇရပ်မြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်’ လို့လည်း မိုး/ဇလရဲ့  ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒေသအချို့မှာတော့ အပူချိန် စံချိန်သစ်တွေ တင်နေပါတယ်။ ပုံမှာ ကြည့်နိုင်ပါတယ်။

အခုအချိန် ဒေသအချို့မှာ မိုးရွာတာ မိုးသီးကြွေတာတွေကတော့ အမြင့်ပေ ၃၀၀၀၀ ကျော်မှာ ဖြစ်နေတဲ့ မိုးတိမ် တောင်တွေကြောင့် ဖြစ်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“ အမြင့်ပေ ၃၀,၀၀၀ ကျော်မှာ မိုးတိမ်တောင်တွေဖြစ်တယ်၊ အဲ့ဒီအမြင့်မှာ အပူချိန်နဲ့ ငွေ့ရည်ဖွဲ့မှတ်တွေ သွားတူတဲ့အချိန် အရည်အဖြစ်ပြောင်းလာတဲ့အခါ နေရာအနှံ့ကို လေစီးကြောင်းအခြေအနေပေါ်လိုက်ပြီး ကျတာပါပဲ။ ဖြစ်တဲ့နေရာမှာတော့ မိုးသီးကျချင်မှကျမှာ။ အမြင့်ပေ ၃ သောင်းက ကျလာရတာဆိုတော့” 

မိုးသီးကြွေတာကတော့ လေစီးကြောင်းနောက်လိုက်ပြီး ရွေ့ပြီးကျမှာဆိုတော့ မိုးရွာနိုင်တဲ့နေရာတွေမှာ မိုးသီးပါ ကျနိုင်မကျနိုင်ဆိုတာက အဲ့ဒီအချိန် လေတိုက်ရာအရပ်နဲ့ လေစီးကြောင်းပေါ်မူတည်ပြီး ဘယ်နေရာဖြစ်ဖြစ် ကျသွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

Photos Crd_U Win Naing, မိုး/ဇလ

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

1
မန်းတင်စိုး

မန်းတင်စိုး

လွန်ခဲ့သော ၃ နှစ် က

ကွမ်ခြကုန်မြို့

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။