အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြစ်ဝကျွန်းပေါ်ကမ်းလွန်ရေလုပ်ငန်းလုပ်ကွက်များတွင် ဇန်နဝါရီ ၂၈ မှ ၃၀ ရက်အတွင်း လေပြင်းများ ကျနိုင်

မြစ်ဝကျွန်းပေါ်ကမ်းလွန်ရေလုပ်ငန်းလုပ်ကွက်များတွင် ဇန်နဝါရီ ၂၈ မှ ၃၀ ရက်အတွင်း လေပြင်းများ ကျနိုင်

Green Way
Green Way • 27/01/2023

မြစ်ဝကျွန်းပေါ်ကမ်းလွန်ရေလုပ်ငန်းလုပ်ကွက်တွေမှာ ဇန်နဝါရီလ ၂၈ ရက်မှ ၃၀ ရက်အတွင်း လေပြင်း (တစ်နာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ) ကျရောက်နိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသအခြေအနေထုတ်ပြန်ချက်များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

မနက်ဖြန် ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းကစလို့ လေပြင်းတိုက်တာတွေ ရှိလာနိုင်တာဖြစ်ပြီး  လေပြင်းတိုက်ချိန် လှိုင်းထန်မှုကတော့ အမြင့်ဆုံး ၅ ပေခန့်အထိသာရှိနိုင်မှာဖြစ်လို့ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးအထိတော့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

“ အန္တရာယ်တော့မရှိနိုင်ဘူး။ သူတို့က မိုင် ၃၀ ကျော်လောက်ထိကို ဘာမှမဖြစ်ဘူး။ လှိုင်းအမြင့်ဆိုရင်လည်း ၁၀ ပေလောက်ထိကို သူတို့ဘာမှမဖြစ်ဘူး။ အပေါ်က လေအေးစီးကြောင်းကလည်း တွန်းချနေတော့ ပြင်းပြင်းလည်း ဖြစ်မှာမဟုတ်ဘူး။ လေပြင်းကတော့တိုက်မယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေး အနောက်ဘက်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ဒါပေမဲ့ မုန်တိုင်းအဆင့်ရောက်လာနိုင်မှာတော့ မဟုတ်ကြောင်း ECMWF Model နဲ့ GFS Model များရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရကြောင်းနဲ့ အဲ့ဒီအရှိန်ကြောင့် လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ရှင်းပြပါတယ်။

ဒီအခြေအနေကြောင့် မြန်မာနိုင်ငံပေါ်မှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်တာလောက်ပဲ ရှိနိုင်ပြီး အလွန်ဆုံး တနင်္သာရီတိုင်းတောင်ပိုင်းဒေသအချို့မှာ မိုးပါးပါးရွာနိုင်တာမျိုးလောက်သာရှိမယ်လို့လည်း ၎င်းက ဆိုပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ တောင်ပိုင်းဒေသတွေကလွဲလို့ ညအပူချိန်ကျဆင်းနိုင်မဲ့ အခြေအနေတွေက ဖေဖော် ဝါရီလဆန်းအထိ ဆက်လက်ဖြစ်နေပြီး နိုင်ငံအရှေ့ခြမ်းဒေသတွေမှာတော့ အအေးပိုနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
သန့်ဇော်

သန့်ဇော်

လွန်ခဲ့သော ၃ နှစ် က

ကျောင်းကုန်းမြို့ကိုမုန်တိုင်းသက်ရောက်မှုလေးသိချင်ပါတယ်ခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။