အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇန်နဝါရီ ၇၊ ၈ ရက်များတွင် ကော့သောင်းဘက်၌ မိုးပါးပါးရွာနိုင်

ဇန်နဝါရီ ၇၊ ၈ ရက်များတွင် ကော့သောင်းဘက်၌ မိုးပါးပါးရွာနိုင်

Green Way
Green Way • 03/01/2023

တောင်တရုတ်ပင်လယ်ကနေ ဇန်နဝါရီ ၄ ရက်ညနေပိုင်းမှာ စဖြစ်လာမဲ့ လေဝဲစီးကြောင်းတစ်ခုဟာ ဇန်နဝါရီ ၇ ရက်မှာ ထိုင်းပင်လယ်ကွေ့အတွင်း ရောက်လာနိုင်မှုကြောင့် အဲ့ဒီရက်တွေမှာ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းဘက်မှာ မိုးပါးပါးရွာနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ယခင် ECMWF ကြိုတင်ခန့်မှန်းချက်များအရ ဒီလေဝဲစီးကြောင်းဟာ ထိုင်းပင်လယ်ကွေ့ကနေ ဘင်္ဂလားပင်လယ်အော်ဘက်ကို ကူးမယ်လို့ တွေ့ရပေမဲ့ နောက်ဆုံးအနေအထားတွေအရတော့ ထိုင်းပင်လယ်ကွေ့မှာတင် အားပျော့သွားမယ်ဆိုပြီး တွေ့ရတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒီလို အခြေအနေကြောင့် မိုးရွာသွန်းနိုင်မှုဟာ ကော့သောင်းလောက်မှာတင် ရှိနိုင်တော့တာဖြစ်ပြီး အအေး လျော့သွားနိုင်တဲ့အခြေအနေလည်း မရှိနိုင်တော့ဘူးလို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ ၇ ရက်နေ့ည ၈ ရက်နေ့မနက်လောက်ဆို ကော့သောင်းမှာ ပါးပါးတော့ ရွာနိုင်တယ်။ အများဆုံး မြိတ်နဲ့ ကော့သောင်းကြားလောက်ထိပဲ။ အများကြီးတော့ မဟုတ်ဘူး။ လက်မဝက်လောက်ပဲ” 

လက်ရှိတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်ပါ အအေးပိုလာခြင်းများရှိသော်လည်း အအေးလှိုင်းဖြတ်နိုင်ခြင်းမျိုး အခြေအနေမျိုးတော့ မရှိသည့်အတွက် ယခုထက် ထူးထူးခြားခြား အအေးပိုလာခြင်းမျိုးတော့ မရှိနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းသည်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
u sein win

u sein win

လွန်ခဲ့သော ၃ နှစ် က

21.3.23နေ.မှစ၍ မိုးရွာနိုင်တယ်လို သတင်များကြားသိရပါသည် ဆရာဖြစ်နိုင်ပါသလားဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။