ယနေ့မှစပြီး ၃ ရက်အတွင်း မွန်ပြည်နယ်နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းများတွင် မိုးကြီးလေပြင်းကျနိုင်
လက်ရှိမှာ မွန်ပြည်နယ် ပေါင်မြို့အထက်မှာ အထက်လေဝဲစီးကြောင်းတခုဖြစ်နေပြီး အဲ့ဒါရဲ့သက်ရောက်မှုနဲ့အတူ ဒီနေ့ကနေ ဇူလိုင် ၂၄ ရက်အထိ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့မှာ မိုးကြီးလေပြင်းကျတာတွေ ရှိလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ ဒီနေ့ညပိုင်းကစပြီး ၂၂ ရက်နဲ့ ၂၃ ရက် တစ်နေ့လုံး၊ ၂၄ ရက်မနက်အထိ သွားလိမ့်မယ်၊ ကရင်ပြည်နယ်ဘက်ပါ ပါတယ်" လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
ဒီနေ့ ညနေ ၆ နာရီနောက်ပိုင်းကစလို့ မော်လမြိုင်၊ ဘားအံ၊ ပေါင်၊ သထုံဘက်မှာ တစ်နာရီ ၁၃ မိုင်ကနေ ၂၃ မိုင်လောက်အထိ တိုက်နိုင်တယ်လို့ သိရပါတယ်။ ရန်ကုန်မှာတော့ လေပြင်းက သိပ်မများနိုင်ဘူးလို့ ဆိုပါတယ်။
ဧရာဝတီမှာတော့ ဒီနေ့ညနေပိုင်းကစလို့ လေစတိုက်နေပြီဖြစ်ပြီး ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းမှာ လျော့သွားနိုင်ပေမယ့် အရှိန်ကတော့ ၂၄ ရက်နေ့အထိ ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။
အဲ့ဒီလေဝဲစီးကြောင်း ဆက်ပြီးရွေ့သွားတဲ့ အရှိန်ကြောင့် မနက်ဖန်ညနေပိုင်းနဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းတွေမှာ တောင်ငူတဝိုက်မှာလည်း လေပြင်းကျပြီး မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။ လေပြင်းကျမှုဟာ တစ်နာရီ ၁၆ မိုင် မှ ၃၀ မိုင်နှုန်းအထိ ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဇူလိုင် ၂၆ ရက် နောက်ပိုင်းကျရင်တော့ တောင်ပိုင်းဒေသတွေမှာ အပူချိန်မြင့်ပြီး မိုးလျော့သွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Global Tropics Hazards and Benefits Outlook(NOAA- Climate Prediction Center)ရဲ့ ကြိုတင်ခန့်မှန်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
“ တောင်ပိုင်းမှာက ၂၃၊ ၂၄ ရက်လောက်ကစပြီး အပူချိန်က ၃၀ အထက်ကို တက်လာမှာ။ မိုးရွာပြီးရင် ပြန်ကျမယ်။ အဲ့လိုမျိုးဖြစ်နေမှာ။ ၂၆ ရက်လောက်ကစပြီးရင်တော့ ၂၇၊ ၂၈ လောက်ထိက အပူချိန်က တက်နေမှာ။ မိုးကလည်း သိတဲ့အတိုင်းပဲ အပူချိန်က ၃၂ ရှိမယ်၊ Dew point က အဲ့အချိန်မှာ ၂၅ ပဲရှိမယ်ဆိုရင် မိုးက ဘယ်လိုမှ မရွာနိုင်တော့ဘူး” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာလည်း လက်ရှိမှာတင် အပူချိန်မြင့်တက်မှုတွေ ရှိလာနေပြီး ငွေ့ရည်ဖွဲ့မှတ်နိမ့်နေလို့ တိမ်ထုကြီးတွေဝင်လာတာမျိုးမရှိရင် မိုးရွာဖို့ ခက်ခဲ မယ့်အနေအထားမှာရှိနေမယ်လို့ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားပါတယ်။
💌✅(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်းလိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)🌞
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026