အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုန်တိုင်းဖြစ်နိုင်ချေပျက်ပြယ်၊ လေပွေလှိုင်းအဆင့်တော့ဖြတ်မည်ဖြစ်၍ ဒေသအချို့ မိုးကြီးနိုင်

မုန်တိုင်းဖြစ်နိုင်ချေပျက်ပြယ်၊ လေပွေလှိုင်းအဆင့်တော့ဖြတ်မည်ဖြစ်၍ ဒေသအချို့ မိုးကြီးနိုင်

Green Way
Green Way • 04/06/2023

 

သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ဖြတ်ခဲ့ရာလမ်းကြောင်းအတိုင်းလိုမိုး ရခိုင်ကမ်းရိုးတန်းကိုပဲ အဓိက ဒုက္ခပေးနိုင်တဲ့ နောက်ထပ်မုန်တိုင်းတစ်လုံးရဲ့ ဖြစ်နိုင်ချေကတော့ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ 

ဒီနေ့ ဇွန် ၄ ရက် မနက်အစောပိုင်း နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေအရ မုန်တိုင်းလမ်းကြောင်းဟာ ယခင်ခန့်မှန်းခဲ့တဲ့ လမ်းကြောင်းကနေ အရှေ့ဘက်ကို အတော်များများရောက်သွားတာကြောင့် ဘင်္ဂလားပင်လယ်အော် ရေပြင်ကျယ်ဘက်ကိုရောက်မသွားတော့ဘဲ ကုန်းတွင်းလေပွေလှိုင်းအဖြစ်သာ မြောက်ဘက်ကို ဆက်လက်ဝင်ရောက်သွားတာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောထားပါတယ်။

“ မုန်တိုင်းကတော့ မဖြစ်နိုင်တော့ဘူး။ လမ်းကြောင်းကလည်း အနောက်လေ၊ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေတယ်ပေါ့။ အဲ့ဒီလို အခြေအနေမျိုးဖြစ်နေတဲ့အတွက် လမ်းကြောင်းက ပင်လယ်ပြင်ဘက်ကိုတော့ ပြန်မထွက်နိုင်တော့ဘူး” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

ဒီမုန်တိုင်းဖြစ်တည်လာတဲ့အကြောင်းရင်းဟာ အရှေ့မြောက်လေစီးကြောင်းနဲ့ အနောက်တောင်မုတ်သုံလေ နှစ်ခုပေါင်းလာတာကြောင့်ဖြစ်ပြီး ဒီနှစ်ခုထဲက တစ်ခုခုပျက်ရင်ပျက်၊ မပျက်ရင်လည်း တစ်ခုခုအားကောင်းလာမှ သာ ပျက်သွားနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောထားဖူးပြီး အခုကတော့ အနောက်တောင် မုတ်သုံလေအားကောင်းလာမှုနဲ့ အရှေ့မြောက်လေစီးကြောင်း အားပျော့သွားမှုကြောင့် အခုလို ပျက်ပြယ်သွားစေတာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်းအဖြစ်မရောက်နိုင်တော့ပေမဲ့ ကုန်းတွင်းမှာ အထက်လေပွေလှိုင်းအဖြစ်ဆက်လက်ရွေ့လျား ဝင်ရောက်မယ့်လမ်းကြောင်းရှည်တစ်ခုလုံးမှာတော့ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်း တစ်နာရီ မိုင် ၃၀ အထိ တိုက်နိုင်တာ၊ အတူပါလာတဲ့ မိုးတိမ်တောင်များမှ စိုက်ဆင်းလေပြင်းကျရောက်နိုင်တာနဲ့ မိုးကြိုး အန္တရာယ်တွေအပြင် ရေကြီးနိုင်မယ့်အခြေအနေတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြဖို့တော့ လိုမယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။

“ လေပွေလှိုင်းက မုတ်သုံလေကို ပိုပြီးအားကောင်းစေမယ်။ ကမ်းရိုးတန်းဒေသတွေအားလုံးမှာ မိုးများမယ်၊ လေပြင်း(တစ်နာရီ မိုင် ၄၀ အထိ)တိုက်မယ်။ လေပွေလှိုင်း ဇွန် ၁၂-၁၃ ရက်အထိ ဖြတ်သွားတဲ့ လမ်းကြောင်း တစ်လျှောက် မိုးများမယ်၊ တောင်ကျချောင်းရေတွေ ရုတ်တရက်ကျတာဖြစ်နိုင်တယ်၊ ရေကြီး-ရေလျှံတာ တွေအပြင် မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတဲ့နေရာတွေမှာ မိုးကြိုးအန္တရာယ်နဲ့ လေဆင်နှာမောင်း (လေပွေအကြီးစားတွေ)ဖြစ်လာနိုင်မဲ့ အခြေအနေတွေလည်း ရှိလာနိုင်တယ်” 

အထူးသဖြင့်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းတွေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ ဒီနေ့ကနေ ဇွန် ၁၂ ရက်အထိ ၁၀ ရက်အတွင်းမှာဆိုရင် တနင်္သာရီကမ်းရိုးတန်းနဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေမှာ မိုးရေချိန် ၂၀ လက်မလောက်ထိကို ရွာနိုင်တယ်။  ကယားပြည်နယ်၊ မွန်ပြည်နယ်မှာက ၁၀ လက်မ အထိ ရွာနိုင်တယ်။ ရန်ကုန်တိုင်းမှာလည်း ၈ လက်မလောက်ထိ ရွာနိုင်တယ်။ အလယ်ပိုင်းမိုးနည်းရေရှားဒေသ တွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး အဲ့ဒီနေရာတွေမှာတောင်မှ ၅ လက်မအထက်လောက်ထိရွာနိုင်တယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းဒေသတွေမှာဆို ၇ လက်အထိ ရွာနိုင်တယ်” 

မိုးနည်းမယ့်ဒေသတွေဆိုလို့ ချင်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွေလောက်သာရှိနိုင်ပေမဲ့  အဲ့ဒီ နေရာတွေတောင် နည်းတယ်ဆိုပေမဲ့ ၃ လက်မလောက်ထိတော့ ရွာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိအနေအထားတွေအရ မိုးဦးကောင်းနိုင်ပြီး မိုးလယ်အထိလဲ ကောင်းနိုင်သေးကြောင်းနဲ့  ဩဂုတ်လ နောက်ပိုင်း မိုးနှောင်းပိုင်းမှာတော့ အယ်လ်နီညိုကြောင့် မိုးနည်းသွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။