အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေဖိအားများရပ်ဝန်းနှင့် လေပွေလှိုင်းများကြောင့် ပြည်နယ်နှင့်တိုင်းအချို့ မိုးရွာနိုင်

လေဖိအားများရပ်ဝန်းနှင့် လေပွေလှိုင်းများကြောင့် ပြည်နယ်နှင့်တိုင်းအချို့ မိုးရွာနိုင်

Green Way
Green Way • 08/03/2023

အရှေ့မြောက်ဘက်က လေဖိအားများရပ်ဝန်းကြီးနဲ့ လေပွေလှိုင်းများရွေ့လျားဝင်ရောက်လာနိုင်မဲ့ အခြေအနေကြောင့် အခု မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

ဆိုတော့ မိုးရွာသွန်းနိုင်မှုတွေဟာ ဘယ်လိုကြောင့်ဖြစ်ပေါ်လာတာလဲ၊ ဘယ်ဒေသတွေမှာ ရွာနိုင်သလဲ၊ ဘယ်နေရာတွေမှာ မိုးများနိုင်သလဲဆိုတာတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ် မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး။   ။ ဘယ်လိုအခြေအနေတွေကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်တာလဲ..။

“ မတ်လ ၁၀ ရက်၊ ၁၁ ရက်လောက်ကစပြီးတော့ အရှေ့မြောက်ဘက်က ကူမင်းအထက်ဘက် တရုတ်ပြည်မကြီးကနေပြီးတော့ လေဖိအားများရပ်ဝန်းကြီးတစ်ခုကြောင့် အရှေ့မြောက် လေစီး ကြောင်း အားကောင်းလာတာ။ အဲ့ဒီလေစီးကြောင်းကြီးက အဲ့ဒီမှာဖြစ်နေတဲ့တိမ်တွေအကုန်လုံးကို တောင်ဘက်ကိုတွန်းပို့တယ်။ တွန်းပို့တဲ့အခါကျတော့ လာအိုနဲ့ထိုင်းပေါ်ကို ရောက်တယ်။ ပြီးတော့ ချင်းရိုင်တို့ ဇင်းမယ်တို့ကို ဖြတ်ပြီးတော့မှ မြန်မာပြည်ထဲကို တိမ်အကျန်တွေဝင်လာမှာ။ အဲ့ဒီဟာကြောင့်မို့ မိုးရွာတာတွေဖြစ်ကုန်မှာပေါ့။ 

မေး။  ။ မြန်မာနိုင်ငံ ဘယ်ဒေသတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာနိုင်လဲ။

“ထိုင်းနိုင်ငံမြောက်ပိုင်းမှာကတော့ မိုးတော်တော်များများ ရွာလိမ့်မယ်။ အဲ့ဒီကနေ ကျန်တဲ့ မိုးတိမ်တွေက မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲကို ရောက်မယ်။ ဧရာဝတီတိုင်းကတော့ ရန်ကုန်တိုင်းအစပ် ဓနုဖြူလောက်ထိပဲ ရောက်မယ်။ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့နေရာတွေလောက်ထိပဲ”

မေး။   ။ မိုးများနိုင်တာက ဘယ်ဒေသတွေဖြစ်မလဲ၊ ဘယ်လောက်အထိများနိုင်လဲ။ 

“ တကယ်များနိုင်တာက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းလောက်ပဲဖြစ်မယ်။ ပဲခူးတိုင်းကပိုများမယ်။ ဝေါပတ်ဝန်းကျင်။ ပြီးတော့ တိုက်ကြီးနဲ့ ပဲခူးကြား လှည်းကူးတို့၊ အင်းတကော်တို့ ပါမှာပေါ့။ အဲ့ဒီနေရာတွေမှာ များနိုင်တယ်။ ပြီးတော့ ကျိုက်ထို၊ ညောင်လေးပင်နဲ့ ပဲခူး ဒီမြို့သုံးမြို့ရဲ့ ကြားထဲနေရာတွေလည်း များနိုင်တယ်။ ဒါပေမဲ့ အများဆုံးရွာနိုင်တာက ၁ လက်မကျော်၊ ၁ လက်မခွဲလောက်ပဲ။ အရမ်းအများကြီးတော့ မဟုတ်ဘူး။ ဒါဒီနေ့ရတဲ့ ECMWF ကြိုတင်ခန့်မှန်းချက် အရပေါ့။ နောက်ရက်တွေဆိုရင်တော့ သိတဲ့အတိုင်း လေစီးကြောင်းပြောင်းသွားရင်တော့ ရွာမဲ့နေရာတွေ ပြောင်းသွားနိုင်သေးတယ်။ အဲ့ဒါတော့ ဆက်ကြည့်ရဦးမှာပေါ့။ 

မေး။   ။ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေမှာ မိုးစရွာနိုင်လဲ၊ ပြီးရင်ကော ဘယ်အထိ မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်လဲ။

၁၂ ရက်နေ့ ည ၆ နာရီလောက်ကစပြီး တိမ်အမြင့်တွေ စပြီးဝင်မယ်။ ၁၃ ရက်နေ့ မနက် ၃ နာရီလောက်ကျမှ စပြီးတော့ တိမ်အနိမ့်တွေဖြစ်မယ်။ အဲ့ဒီတိမ်အနိမ့်တွေက မနက် ၆ နာရီမှာ Temperature (အပူချိန်)၊ Dew point(ငွေ့ရည်ဖွဲ့မှတ်) ကိုက်သွားတဲ့အချိန် မိုးတွေကျမှာပေါ့။ တိမ်တွေပြိုပြီး မိုးကျလာချိန်တော့ စိုက်ဆင်းလေပြင်းမျိုးတွေ သတိထားရနိုင်တယ်။ ဆိုတော့ လေလည်း ပါနိုင်တယ်။ တစ်နာရီကို ၁၀ မိုင် ၁၅ မိုင်လောက်ထိ တိုက်နိုင်တယ်။ မနက် ၉ နာရီ လောက်ထိ မိုးရွာနိုင်တယ်။ ပြီးရင်တော့ မရှိတော့ပြန်ဘူး။ 

Photos Crd_U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
အောင်စီ

အောင်စီ

လွန်ခဲ့သော ၃ နှစ် က

ရှမ်းပြည်နယ်တောင်ပိုင်းမိုးရွာနိုင်လားဆရာ

ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၃ နှစ် က

ကျောင်းကုန်းပါနိုင်လားပဲတေမပီးသေးလို့ပါခင်ဗျာ

ဖြူဖြူဝင်း

ဖြူဖြူဝင်း

လွန်ခဲ့သော ၃ နှစ် က

ကျုံပျော် ကြောင် ရိုး မှာမိုးရွာနိုင်လာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။