ဒီဇင်ဘာလဆန်းတွင် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ချေ ပိုမိုနီးစပ်လာ
လာမယ့်ဒီဇင်ဘာလဆန်းပိုင်းမှာ တောင်တရုတ်ပင်လယ်ကနေအစပြုလာပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ မုန်တိုင်းတစ်လုံး ဖြစ်နိုင်ချေဟာ သေချာသလောက်အခြေအနေမှာရှိလာပြီဖြစ်တယ်လို့ နိုင်ငံ တကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်ကို မုန်တိုင်းအဖြစ်စတင်ဝင်ရောက်တဲ့နေ့က စပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ခြေရှိပြီး အခြားဒေသအချို့မှာလည်း မိုးရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဒီမုန်တိုင်းဖြစ်လာနိုင်ချေဟာ ဘယ်လောက်အထိ ရှိနေပြီလဲ၊ သက်ရောက်မှုတွေ ဘယ်လိုရှိမလဲဆိုတာတွေနဲ့ ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
ဖြစ်လာနိုင်ချေက ဘယ်လောက်ထိ ရှိနေပြီလဲ?

“ ဒီတိုင်းဆိုရင်တော့ ၈၀ ရာခိုင်နှုန်းကျော်လောက်ထိကို သေချာနေပြီ။ ပိုဆိုးမလာဖို့ပဲ ဆုတောင်းရတော့ မှာ။ အခု ပင်လယ်အဖွဲ့တွေကိုလည်း ဝမ်နင်ပေးလိုက်ပြီ။ သူတို့ဆီမှာကတော့ လေတိုင်နှုန်းက အများဆုံး ၂၉ မိုင်နှုန်းလောက်ပဲတိုက်တယ်။ လှိုင်းကလည်း ၅ ပေ၊ ၆ ပေလောက်ပဲဆိုတော့ မမြင့်ဘူး။ အခု ကြိုတင်ခန့်မှန်းချက်ထက် အားပိုကောင်းမလာဘူးဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ အားပို ကောင်းလာနိုင်တယ်၊ မကောင်းလာနိုင်ဘူးဆိုတာကတော့ ဒီဇင်ဘာလဆန်း ၂ ရက်၊ ၃ ရက်လောက်ဆို ရင် အတိအကျပြောပေးနိုင်မယ်လို့ ပြောထားတယ်”

“ တကယ်လို့များ ဒီကောင်က မုန်တိုင်းဖြစ်မယ်။ အနောက် အနောက်မြောက်ဘက် ဘင်္ဂလားပင်လယ် အော်ထဲ သွားပြီဆိုရင် ထုံးစံအတိုင်း ကျွန်တော်တို့က မုန်တိုင်းရဲ့ညာဘက်ခြမ်းမှာရှိနေတယ်။ ဆိုတော့ သက်ရောက်မှုအနေအထားက မုန်တိုင်းအရွယ်အစား၊ မုန်တိုင်းရဲ့ပြင်းအား အနေအထားတွေပေါ်မှာ မူတည်သွားပြီ။ ပြင်းရင် ပြင်းသလို သက်ရောက်မှုပိုများမယ်။ အားလျော့သွားရင် ဒါမှမဟုတ် လေဖိ အားနည်းရပ်ဝန်းအဆင့်လောက်ပဲဆိုရင်တော့ သက်ရောက်မှုအရှိန် နည်းနိုင်တာပေါ့”
“ အခုဟာက အရင်ပြောခဲ့သလိုပဲ။ လေပွေလှိုင်းအဆင့်မဟုတ်တော့ဘူး။ မုန်တိုင်းအဆင့်လောက် ဖြစ်လာတဲ့အတွက် မိုးကော လေကော ပါလာပြီပေါ့”
မြန်မာနိုင်ငံကို ဘယ်အချိန်လောက်မှု သက်ရောက်မှုတွေ စဖြစ်မလဲ?

“ သက်ရောက်နိုင်တဲ့အခြေအနေကတော့ ၄ ရက်နေ့ပေါ့။ ဒီဇင်ဘာ ၄ ရက်ဆိုရင် သူက ထိုင်းနိုင်ငံ တောင် ပိုင်း မလေးရှားနယ်စပ်နားကနေပြီး ကုန်းတွင်းကိုစဖြတ်မှာ။ စဖြတ်ပြီဆိုတာနဲ့ အရင်တုန်း ကတော့ ဒီ အခြေအနေမှာ လေပွေလှိုင်းဖြစ်တာနဲ့မတူဘူး။ ဘယ်လိုမျိုးလဲဆိုတော့ အရှေ့ဘက်က တိမ်တိုက်တွေက ရှမ်းပြည်နယ်အရှေ့ပိုင်းကို စဝင်မှာ။ အဲ့ဒီမှာလည်း တကယ်တမ်း ဒီဇင်ဘာ ၆ ရက်၊ ၇ ရက်လောက်ကျ ဒီပြင်းအားအတိုင်းပဲဆက်သွားမယ်ဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာလည်း မိုးများနိုင် တယ်။ နောက် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ၊ ကယားပြည်နယ် စသဖြင့် တောင်ပိုင်းတစ်ခြမ်းလုံးကတော့ မိုးများနိုင်တဲ့ အနေအထားရှိတယ်။ နေပြည် တော်ရဲ့အထက်ဘက်ကိုတော့ မပြောနိုင်သေးဘူး။ အခုအချိန်က စောလည်း စောနေသေးတော့လေ”
“ မုန်တိုင်းသက်ရောက်မှုကို ထုံးစံအတိုင်း မြောက်ဘက်ကနေ တွန်းချနေတဲ့ လေအေးစီးကြောင်းတွေ ရှိတယ်။ ဆိုတော့ တိမ်ကအရှေ့ဘက်ကနေ ဝင်ဖို့များတယ်။ နောက်တစ်ခုက မုန်တိုင်းလည်နေတဲ့ အနေ အထားအရလည်း တိမ်က အရှေ့ဘက်ကပဲ ဝင်မယ်။ လေပြင်းကလည်း အရှေ့၊ အရှေ့မြောက် ဘက်ကနေပဲ တိုက်မယ့်အခြေအနေရှိတယ်။ သူက အထက်ဘက်ရောက်လေ လေတိုက်နှုန်းက လျော့သွားလေဖြစ်မယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ မိုးပဲ၊ လေမပါဘူး။ အောက်ဘက်မှာကတော့ မြဝတီမှာတောင် တစ်နာရီကို ၃၁ မိုင်နှုန်းလောက်ထိ Gust wind (ရုတ်တရက်လေပြင်းဆောင့်တိုက်မှု) က ရှိနေတယ်။ ကော့သောင်းတို့ဘာတို့ကတော့ ထိုင်းတောင်ပိုင်း ကုန်းတွင်းဝင်တဲ့အချိန်မှာပဲ များမယ်။ ဒီဇင်ဘာ ၄ ရက် ၅ ရက်လောက်ကျရင်တော့ ကော့သောင်းဘက်ကနေ ပျောက်သွားပြီးတော့ အထက်ဘက် မြိတ်တို့၊ ထားဝယ်တို့ဘက်ကို တက်သွားမယ်”
ဆရာ့အနေနဲ့ နောက်ထပ် ဘာများ သတိပေးချင်တာတွေ ရှိမလဲ?
“ ဆိုတော့ ဖြစ်လာနိုင်တာကတော့ ကျိန်းသေသလောက်က ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ မိုးလေဝသမော်ဒယ်တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေကလည်း တစ်ထပ်တည်းကျနေပြီ။ ဆိုတော့ အရွယ်အစားဘယ်လောက်ကြီးမလဲ၊ မုန်တိုင်းအား ဘယ်လောက်ပြင်းမလဲ ဆိုတာတော့ မသိသေးဘူး”
“ အဆိုးဆုံးထိနိုင်တဲ့နေရာကတော့ ကိုကိုးကျွန်းပဲ။ အခုအနေအထားအတိုင်းပဲဆိုရင်တောင် တစ်နာရီ မိုင် ၄၀၊ ၅၀ လောက် အတိုက်ခံရလိမ့်မယ်။ လှိုင်းလည်း ၁၀ ပေလောက်ထိ ကြီးနိုင်တယ်။ တနင်္သာရီနဲ့ ဧရာဝတီကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာတော့ တစ်နာရီ မိုင် ၃၀၊ ၄၀ လောက်နဲ့ လှိုင်းအမြင့်က ၅ ပေ၊ ၆ ပေလောက်ပဲ ရှိမှာဆိုတော့ အခုအချိန်ထိတော့ စိုးရိမ်စရာမရှိသေးဘူးပေါ့”
#ဒီမုန်တိုင်းဖြစ်လာနိုင်ချေ၊ သက်ရောက်နိုင်ချေတွေနဲ့ပတ်သက်လို့ Green Way အနေနဲ့ ဦးဝင်းနိုင်ထံ မေးမြန်းပြီး သတိပေးသတင်းတင်ဆက်မှုတွေ ဆက်တိုက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကရခိုင်ပြည်နယ်မိုးလေဝါသအခြေနေကိုသိချင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဦးကျော်ကျော်လယ်သမား
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကင
ကိုဇော်ဇော်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်ဗျာ။ပဲတီစိမ်းစိုက်ဖို့အတွက် မုန်တိုင်းသတင်းကြည့်ရင်း ဒီနှစ်တော့ကြက်သီးထမိပါရဲ့ဗျာ။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026