ယခုလကုန်ပိုင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြတ်ဦးမည်ဖြစ်၍ ဒေသအချို့ မိုးကြီးဦးမည်
အခုလကုန်ပိုင်းမှာ လာအိုနဲ့ ထိုင်းနိုင်ငံတို့ဘက်ကနေတဆင့် မြန်မာနိုင်ငံထဲကို လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြတ်သန်းဝင်ရောက်ဦးမှာဖြစ်လို့ ဒေသတချို့မှာ မိုးကြီးတာ၊ လေပြင်းတာတွေ ရှိဦးမယ်လို့ ကမ္ဘာ့မိုးလေဝသခန့်မှန်းဖော်ပြချက်တွေကို ကိုးကားပြီး မိုးလေဝသကြိုတင်ခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။
“ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံထဲကို စက်တင်ဘာလ ၂၉ ရက်မနက် အစောပိုင်းမှာ စတင်ဝင်ရောက်တဲ့အခါ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့မြောက်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့ကို ဖြတ်သန်းသွားမှာလို့ တွေ့ရတာကြောင့် ကုန်းတွင်လေဖိအားနည်းရပ်ဝန်း(18W)ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက် မိုးကြီးပြီး၊ တစ်နာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိ လေပြင်းကျနိုင်ပါမယ်” လို့ ဦးဝင်းနိုင်ငံ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ သတိပေးချက်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်ခြေရှိတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
ဖြစ်လာနိုင်ချေက ဘယ်လောက်အထိရှိလဲ

“ သေချာသလောက်ရှိသွားပြီ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့မိုးလေဝသဌာနကြီးတွေဖြစ်တဲ့ JTWC, TSR (Tropical Storm Risk) တို့ကလည်း ဖြစ်မယ်ဆိုတဲ့ ဝမ်နင်တွေ တောက်လျှောက်ပေးနေတယ်။ ပြီးတော့ ECMWF ကော၊ GFS ကော မော်ဒယ်နှစ်ခုလုံးကလည်း ဒီလမ်းကြောင်းကိုပဲ ပြနေတာဆိုတော့ မြန်မာနိုင်ငံထဲကို ရောက်လာမယ့်အနေအထားသည် ရာနှုန်းပြည့်လောက် သေချာသလောက်ကို ပြောလို့ရတယ်”
ဘယ်လိုပုံစံနဲ့ စဖြစ်လာပြီး မြန်မာနိုင်ငံထဲကို ဘယ်ကနေ ဝင်လာမှာလဲ

“သူက တိုင်ဖွန်းမုန်တိုင်းအဆင့်နဲ့ ဗီယက်နမ်ကမ်းခြေကို ဝင်မယ်။ ဝင်ပြီးလို့ ကုန်းတွင်းရောက်သွားတဲ့အခါကျရင် လာအိုနိုင်ငံရဲ့တောင်ပိုင်းကို ဖြတ်တဲ့အချိန်ရောက်ရင် ကုန်းတွင်းမုန်တိုင်းအဆင့်ရောက်မယ်။ ၂၈ ရက်နေ့လယ် လာအိုတောင်ပိုင်း ဗီယန်ကျင်းကို ဖြတ်တဲ့အချိန်ကျရင် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ဗဟိုဖိအားက ၁၀၀၀ ဟက်တိုပါစကယ်ကို ကျသွားတယ်။ လေတိုက်နှုန်းကလည်း တစ်နာရီကို ၁၈ မိုင်နှုန်းလောက်ပဲ ရှိတော့မယ်။ အဲ့ဒီကနေ အနောက်ဘက်ကို ဆက်ရွေ့ပြီးတော့ ထိုင်းနိုင်ငံမြောက်ပိုင်းကို တောက်လျှောက်ဖြတ်ပြီးတော့မှ ကယားပြည်နယ်ကနေ စဝင်မယ်”
မြန်မာနိုင်ငံဘယ်ဒေသတွေကို ဖြတ်သန်းဝင်ရောက်သွားမှာလဲ

“ ကယားပြည်နယ်ကနေ ဝင်လာပြီးရင် မကွေးနဲ့ နေပြည်တော်ကြားကို ၂၉ ရက်နေ့လယ်မှာ ရောက်လာမယ်။ အဲ့ဒီမှာ ဗဟိုဖိအား ၁၀၀၂ ဟက်တိုပါစကယ်ကို ကျလာမယ်။ လေတိုက်နှုန်းကလည်း တစ်နာရီကို ၁၈ မိုင်ဆိုတော့ ခန့်မှန်း ၁၅ မိုင်နဲ့ မိုင် ၂၀ ဝန်းကျင် လေပြင်းတွေကျနိုင်တယ်။ အဲ့ဒီကနေမှ အနောက်မြောက်ဘက်ကို ရွေ့သွားတယ်။ ညောင်ဦးတို့၊ ကျောက်ပန်းတောင်းတို့၊ ပုပ္ပားတို့ဘေးကနေဖြတ်ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်း အနောက်ရိုးမတောင်တွေပေါ်ကနေတဆင့်ဖြတ်မယ်။ ပြီးရင် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်သွားမှာ”
မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ
“ သူ့ရဲ့အရှိန်ကြောင့်မို့လို့ အရှေ့ဘက်က လေစီးကြောင်းတွေက အားကောင်းလာမှာ။ နောက်ပြီး အရှေ့ မြောက်လေပေါ့။ အဲ့ဒါကို ဘာလို့ ထည့်ပြောရင်ဆိုရင် အဲ့ဒီ အရှေ့မြောက်လေကြောင့် တိဘက်ကုန်းမြင့်က လေအေးစီးကြောင်းတွေက အောက်ဘက်ကို စိုက်ပြီးတော့ ဆင်းလာမယ်။ အဲ့ဒါတွေက မြန်မာနိုင်ငံရဲ့ အရှေ့ မြောက်ခြမ်းကနေပြီးတော့ ဝင်မယ်ပေါ့။ ဒါကြောင့်မို့ ညဘက်မှာ အပူချိန်တွေကျလာမယ်။ အဲ့ဒါရယ် နောက်တစ်ခုက အရှေ့ဘက်က လေစီးကြောင်း အားကောင်းလာတဲ့အတွက်ကြောင့်မို့လို့ အရှေ့ဘက်ကလာမယ့် လေပွေလှိုင်းတွေရှိမယ်။ မိုးတိမ်တွေရှိမယ်။ အဲ့ဒီဟာတွေက မြန်မာပြည်ထဲကို ဆက်တိုက်ဝင်နေမှာ။ အဲ့ဒါကြောင့် ဒီလ ၂၆၊ ၂၇ ဝန်းကျင်လောက်ကတည်းကိုက မိုးကကောင်းနေမှာ ”
“ တံတားဦးမှာဆိုရင် ၂၆ ရက်မနက်၊ ၂၇ ည နဲ့ ၂၈ ရက်မနက်၊ ၃၀ ည နဲ့ အောက်တိုဘာ ၁ ရက် မနက်တွေကျရင် မိုးများနိုင်မယ်။ ဆိုးဆိုးရွားရွားလေပြင်းကျမယ့် အခြေအနေတော့ မတွေ့သေးဘူး၊ တစ်နာရီ ၁၀ မိုင် ၁၅ မိုင်နှုန်းလောက်တော့ ကျနိုင်မယ်။ အဲ့ဒီ မန္တလေး/တံတားဦးကို ဗဟိုပြုခန့်မှန်းချက်အရဆိုရင် ကျန်တဲ့ ဒေသတွေမှာလည်း အဲ့ဒီနေ့တွေမှာ မိုးများနိုင်ပါတယ်”
လာမယ့် ၃ ရက်အတွက် မိုးလေဝသခန့်မှန်းချက်
“ နောက် ၃ ရက်အတွက်ဆိုရင်တော့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့နဲ့ တနင်္သာရီတိုင်းတောင်ပိုင်း ဒေသတချို့ကလွဲရင် ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသတွေအကုန်လုံးမှာ မိုးများနိုင်တယ်”
“ မိုးကြီးနိုင်တဲ့နေရာတွေဆိုရင်တော့ ကချင်ပြည်နယ်၊ မန္တလေးတိုင်းအောက်ပိုင်း(တောင်ပိုင်း)ပေါ့။ နောက်ပြီးတော့ ကယားပြည်နယ်၊ ပဲခူးတိုင်း အနောက်ပိုင်းကော၊ အရှေ့ပိုင်းကော၊ ပဲခူးရိုးမပေါ်နဲ့ စစ်တောင်း မြစ်ဝှမ်းတစ်လျှောက်လုံးပေါ့နော်။ အဲ့ဒီနေရာတွေ မိုးကြီးနိုင်တယ်။ နောက်ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်လည်း မိုးကြီးနိုင်တယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အဲ့ဒီနေရာတွေမှာလည်း မိုးကြီးနိုင်တယ်။ လေဖိအားနည်းရပ်ဝန်းက ကုန်းတွင်းကိုဝင်လာပြီးတော့ ဖြတ်သွားတဲ့အချိန်ကျရင်တော့ တနင်္သာရီတိုင်း တောင်ပိုင်းတွေမှာလည်း မိုးများနိုင်တယ်”
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Rock
လွန်ခဲ့သော ၄ နှစ် ကအခုမိုးလေးဝသအခြေနေကိုဆရာတချက်ပြောပြပေ့ပါလာ
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026