ယခုလကုန်ပိုင်းမှစပြီး တစ်နိုင်ငံလုံးတွင် မိုးသက်လေပြင်း အန္တရာယ်ရှိ
ယခု ဧပြီလကုန်ပိုင်းလောက်ကစပြီး တစ်နိုင်ငံလုံးနီးပါးမှာ မိုးသက်လေပြင်းကျနိုင်၊ မိုးကြိုးတွေပစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ ဧပြီလ ၂၉ ရက် မနက်ပိုင်းက စပြီး တောင်တရုတ်ပင်လယ်၊ ဗီယက်နန်ကမ်းလွန် ပင်လယ်ပြင်မှာ ဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ Thunder Storm(ထစ်ချုန်း၍ လျှပ်စီးများလက်ကာ ရွာနိုင်မည့် မိုးသက်လေပြင်း)ကျနိုင်မဲ့ အခြေအနေတွေဟာ ဧပြီလ ၃၀ ရက်မှ မေလဆန်းရက်ပိုင်းတွေ အထိ ဆက်တိုက်ဖြစ်လာတာတွေ့ရပါတယ်” လို့ ဦးဝင်းနိုင်ရဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ သတိပေးထားတာပါ။

“ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဧပြီ ၂၈၊ ၂၉ လောက်နေစပြီးတော့ မေလဆန်း ၃ ရက် ၄ ရက်လောက်အထိတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို မိုးသက်လေပြင်းကျနိုင်တယ်။ မိုးကြိုးတွေပစ်နိုင်တယ်။ စိုက်ဆင်းလေပြင်းတွေလည်း ကျနိုင်တယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဆိုပေမယ့် မိုးရွာနိုင်တဲ့ထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း Dry Zone ဘက်က မကွေး၊ မင်းလှ၊ ဆင်ပေါင်ဝဲ ဒေသတွေနဲ့ မြောက်ဘက်က စကု၊ ရေနံချောင်း၊ နတ်မောက် စတဲ့ဘက်တွေမှာတော့ မိုးရွာနိုင်ခြေ မရှိသ လောက်ဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

အဲ့ဒီကာလအတွင်း မိုးတွေရွာလာတဲ့အချိန်မျိုးတွေမှာ မိုးရေထွက်ချိုးတာတွေ ဘာတွေ မလုပ်သင့်ဘဲ မိုးကြိုးအန္တရာယ်ကို အထူးသတိထားသင့်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။
“ လေတွေလည်းတိုက်လာတယ်။ မိုးတွေလည်းရွာတယ်ဆိုတော့ပျော်တယ်။ မိုးရေထွက်ချိုးကြတယ်။ ကွင်းပြောင်ပြောင် မိုးရေထွက်ချိုးတော့ မိုးကြိုးပစ်နိုင်ခြေ ပိုများတာပေါ့။ မိုးကြိုး ပစ်တယ်ဆိုလည်းသိတဲ့အတိုင်းပဲ။ မိုးကြိုး စက်ကွင်းက ပေ ၅၀၀၊ ၁၀၀၀ အတွင်းမှာဆို ထိခိုက်နိုင်တယ်လေ။ ဆိုတော့ မိုးကြိုးအန္တရာယ်ကိုတော့ အထူး သတိထားဖို့လိုတယ်” လို့ ၄င်းက သတိပေးပါတယ်။
အခုလို မိုးသက်လေပြင်းအခြေအနေဟာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် သာဖြစ်ပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီး မိုးဦးကျလာနိုင်တဲ့ အနေ အထားမျိုးနဲ့တော့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026